Tuesday 30 October 2012

မြို့ပြဝါကျများ

အသက်ရှုရတာ ထစ်ထစ်နေတယ် လေကောင်းလေသန့် ဆာနေတဲ့ ပန်းအိုးကလေး
ကျကွဲသွားတယ် မြောင်းပုပ်နံ့ က တငွေ့ ငွေ့ တရွေ့ ရွေ့  ရေမလာဘူး မီးပျက်တယ်
မီးမလာဘူး ရေပျက်တယ် သမ္မာအာဇီဝကျကျ ရေလိုတယ် သမ္မာအာဇီဝကျကျ မီး
လိုတယ်  မျက်နှာကျက်က ပန်ကာမှ  ပင့်ကူဟာ အိမ်ဆောက်လို့  အမှိုက်ကားပေါ်
ခွေခွေကလေးပါသွားတဲ့ မျှော်လင့်ချက် အသေများ  အလှုခံ သည်းခံပါ ဆိုတဲ့ဆိုင်မှာ
CV ဖောင် မတင်ချင်ဘူး စိတ်နဲ့ ခိုစာကျွေးနေမိတဲ့ နေ့ စွဲတွေ  ရေခဲရေဟာရင်ပူတယ်
အမေ နေကောင်းလား ရွာကလေးနေကောင်းလား စားလက်စ ထမင်းကြမ်းလေးက
အိပ်စ်ပါယာဒိတ် ကုန်နေပြီ  ရရစားစားဝါးဝါးမြိုမြိုတွေ ဟိုဘက်နည်းနည်း  တိုးပါဦး
အိပ်မက်ထဲမှာတောင် တစ်ယောက်တည်း ကျပ်နေတယ် ရည်းစားဖိုး မတတ်နိုင်တဲ့
ခေတ်ကြီး  ဟော်တယ်ရှေ့ က ဖြတ်တိုင်း သိမ်ငယ်မှုတွေယိုစိမ့်ထွက်ကျ ဟောက်စား
ငထွားတွေနဲ့ ပဲ တွေ့ တွေ့ နေတယ်  စိတ်ကျညခင်း လက်ဖက်ရည်ဖိုးဘယ်သူရှင်းမှာလဲ
ဟုတ်ကဲ့ လူကြီးမင်းနဲ့ စကားပြောချင်လို့ ပါ  ကုန်ဈေးနှုန်းတွေကို ပက်လက်လှန်ကြည့်
နေရတယ် တစ်မှတ်တိုင်၂၀၀ ဆိုတော့ ၉၆၉၃  ဟောက်ျားမဟုတ် မိန်းမ မဟုတ်ကြီးက
မျက်စ ပစ်ပြနေတယ် အလုပ်ဟူသမျှ ခွင်ရှိမှ ဆိုလား  အတွင်းခံတောင် အခိုးခံရတယ်
ဗီနိုင်းကြီးတွေက အထက်စီးဆန်လွန်း BMW ပေါ် အဖြူရောင်ပန်းကလေးတစ်ပွင့်ပါသွား
လက်ပွေ့ ဂျာနယ်လေးက တဆာဆာအော်နေတယ် ရေးလက်စ အက်ဆေးက ရပ်နေ
ဝတ်လက်စ  ဂျင်းဘောင်းဘီက ပြဲနေ ဘွဲ့ လက်မှတ်လေးကို  မိတ္တူ  ထပ်ကူးရဦးမယ်
ကိုယ်ပိုင်  အသံလေးဟာ  ချောင်းဆိုးလို့  သူလိုကိုယ်လို  အများဆိုင်  နာမ်ကြီးထဲ
စုံးစုံးမြုပ်လို့  တစ်ပတ်အနွမ်းကလေးနဲ့ ပဲ ပွဲတော်ထဲ တိုးဝင် ခွေးလေခွေးလွင့် လူလေလူလွင့်
စိတ်လေစိတ်လွင့်များ  အဟောင်းတန်းမှာ ဘော်ဒါအသစ်တွေရတယ် ဒီလလည်း အိမ်ကို
မပို့ နိုင်ဘူး ရိုးသားမှုဟာ အန္တရာယ်  ဂျပိုးတွေနဲ့  တည့်တည့်တိုးမိပြီ   အဆောင်ရှင်
အန်တီကြီးကို ဘယ်လို မျက်နှာပြရပါ့  နေစရိတ်ကလည်းခေါင်ခိုက်လို့  သေစရိတ်ကလည်း
ခေါင်ခိုက်လို့  ဘဝဟာ NO EASY, SO BUSY ပဲ  ဟဲလို ကြားလား ကြားလား
အိပ်ငိုက်နေတဲ့ PCO လေးက ဆက်နေတာ


                                                                            လင်းလက်တာရာ
                                                                                  ၂၉၊၁၀၊၂၀၁၂

No comments:

Post a Comment