သူ့ ကိုမသိစိတ်ကတွေ့ ချင်နေမိတယ်
သူ့ ကဗျာတွေက
တစ်ခါတရံ ရာဇဝင်ဓါးတစ်ချောင်းလို
ငြိမ်းချမ်းရေးဆီ ဦးတည်ပျံသန်းနေတဲ့ ကြိုးကြာငှက်တစ်ကောင်လို
အရိပ်မရတဲ့ အပူသည်တစ်ယောက်လို
ပင်လယ်ကိုမချစ်မြို့ တဲ့ တံငါသည်တစ်ယောက်လို
အမှောင်ထုကိုထိုးခွင်း ကိုယ်ပိုင်အလင်းနဲ့ ခရီးနှင်နေတဲ့ပိုးစုန်းကြူးလို
နူးညံ့သင်းပျံ့ တဲ့ စံပါယ်ရုံလေးလို
စစ်မြေပြင်ထွက်တော့မယ့် အဖြူရောင်အလံတစ်လက်လို
ဂျစ်ပစီတွေရဲ့ လမ်းဘေးသီချင်းလို
ကွေးသောလက်မဆန့် မှီ နဲ့ ဆန့် သောလက်မကွေးမှီကြားက
စိတ်ခြောက်ခြားနေတဲ့ အနုမာနတရားတွေလို
တံလျှပ်တွေကိုမုန်းနေတဲ့ တောအုပ်စိမ်းစိမ်းလို
နှလုံးသားဒဏ်ရာရနေတဲ့ ကျားနာတစ်ကောင်လို
မမြဲတဲ့သင်္ခါရကိုညွှန်ပြနေတဲ့ နေ့ ရက်နာရီတွေလို
ဆယ့်နှစ်ကြိုးကျွမ်းတဲ့ ခေတ်ပျိုမလေးလို
ကြယ်မစုံလမစုံတဲ့ ခြေသားလုံးတိုင်အိမ်ကလေးလို
ခေတ်ကိုပခုံးထက်ထမ်းပြီး ဝင်္ကပါကိုမှလမ်းသလားချင်နေတဲ့ လူငယ်တစ်ယောက်လို
သူ့ ဆန္ဒကိုကဗျာတွေအဖြစ်ဖန်တီးပြ လောကကိုလှစေချင်တဲ့လူတစ်ယောက်
ဗုဒ္ဓတရားတော်မှာ
“လူတွေဟာဆွေမျိုးမတော်သူမရှိဘူး”တဲ့
အံ့သြစရာ
တစ်နေ့ တွေ့ မယ့်တွေ့ တော့ အဝေးကျွန်းတစ်ခုပေါ်မှာ
သူ့ ကျောပိုးအိတ်ထဲက မိသားစုနဲ့ ကဗျာတွေကိုထုတ်ပြ
ကမ္ဘာကြီးကိုမျှထမ်းဖို့ 
ကျွန်တော့်ကိုပါ(ကဗျာတွေနဲ့ ) လမ်းပြသွားခဲ့တယ်
ကြယ် ...။ ။
လင်းလက်တာရာ(သို့ ) ကိုလင်းအတွက် အမှတ်တရ
ရာဇာမျိုး(အင်းကုန်း)
ကမ္ဘာကြီးကိုမျှထမ်းဖို့ 
ReplyDeleteကျွန်တော့်ကိုပါ(ကဗျာတွေနဲ့ ) လမ်းပြသွားခဲ့တယ်
ကြယ် ...။.....။