Tuesday 9 October 2012

ခြေရာမဲ့ အလွမ်း



ဟိုး...မွေးရပ်မြေက
စိုးတထိတ်ထိတ် လွင့်လာတဲ့ ပလွေသံ
ယာခင်းစိမ်းစိမ်းနဲ့ အမေ့အိမ်

ရင်ကြားစေ့မရတဲ့ အိမ်ပြန်လမ်းက
ပင့်သက်တွေနဲ့ ညောင်းညာ
တရိုတသေစိတ်ကူးတွေကသာ အလင်းထက်မြန်တယ်

တောက နက်သထက် နက်လာခဲ့
ရာသီမဲ့ အလွမ်းတစ်ထပ်ကို
ရင်တစ်ကြိုးလုံးနဲ့  အမေ့ဆီလွှတ်တင်မိလိုက်တယ်

စွန်
နီယွန်ညကလေးရဲ့ ရှိုက်သံ...။                         ။

(နိုဝင်ဘာ၊ ၂၀၀၆၊ ရုပ်ရှင်အမြုတေမဂ္ဂဇင်း)

                                      လင်းလက်တာရာ

No comments:

Post a Comment