Wednesday 17 October 2012

ခေတ်မြန်ကြီးထဲမှာ

ကမ္ဘာကြီး ပြားလာသလို
ကဗျာတွေ ပြားလာပြီ
ဒဲ့ပြောမှ ကြိုက်တဲ့ ဂလိုဘယ်လ်
ကွေ့ ဝိုက်နေရင် နောက်ကျသွားမယ်
(၃)မိနစ်အတွင်း ရောက်လာတဲ့
အိုစမာ သေဆုံးသတင်း
(၃)မိနစ်အတွင်း ရောက်လာတဲ့
သဘာဝ ဘေးအန္တရာယ်
ကိုရီးယားလှိုင်းတွေထဲ
မျောနေတဲ့ မျက်ရည်တွေကို ဆယ်လိုက်
ဟေတီမှာ လူသားတွေ
မြေကြီးစားနေရပြီ။        ။

                                      လင်းလက်တာရာ

No comments:

Post a Comment