Monday 15 October 2012
ရင်ဝေးကြယ်
ပြောစရာဆိုလို့  ဆို့ နင့်မှုတွေပဲ
ကျွန်တော့်မှာ အိမ်ကလေးတစ်လုံး အသေအချာ ရှိခဲ့ဖူးတယ်
ကျွန်တော့်မှာ အသိုက်မြုံလေးတစ်ခု အသေအချာ ရှိခဲ့ဖူးတယ်
ကျွန်တော့်မှာ ညီအစ်ကိုမောင်နှမတစ်စု အသေအချာ ရှိခဲ့ဖူးတယ်
ကျွန်တော့်မှာ ချစ်မြတ်နိုးစရာ ရေချိုမြစ်ကြီးတစ်မြစ် အသေအချာ ရှိခဲ့ဖူးတယ်
ကျွန်တော့်မှာ သယံဇာတတွေနဲ့ လှနေတဲ့ နိုင်ငံတစ်နိုင်ငံ အသေအချာ ရှိခဲ့ဖူးတယ်
အသေအချာ ရှိခဲ့ဖူးပါတယ်
ခုတော့သူစိမ်းတရံအောက် တောမှောက်နေတဲ့ သားရဲတွင်းမှာ
မသေချာ မရေရာမှုတွေပဲ တစ်ကိုယ်ရည်တစ်ကာယ အမောဖောက်လို့ 
အရာရာ မျက်နှာငယ်ရပါတယ်
မေမေကတော့ ထမင်းဖြူဖြူလေးပေါ် မျက်ရည်တွေ ဆမ်းစားနေရော့မယ်
တမလွန်ကို ဖုန်းဆက်လို့ ရရင်
ဖေဖေ့ကို စိတ်ပူအောင် လုပ်မိတော့မှာပဲ။            ။
                                                  လင်းလက်တာရာ
                                                        ၁၂၊၁၀၊၂၀၁၂
No comments:
Post a Comment