Friday 2 November 2012

လင်းလက်တာရာဆီ လှမ်းပို့ လိုက်တဲ့ကဗျာ

ပြုံးစရာမဂ္ဂဇင်း၊ဇန်နဝါရီ၊၂၀၁၃
 
မင်းတို့ကဗျာတွေ ဖတ်ဖတ်ပြီး
မင်းတို့စာတွေ ဖတ်ဖတ်ပြီး
ငါ မောမောနေတယ်
``ခြေတစ်ဖက် လက်တစ်ဖက် ချိတ်မိရင် ok ပြီ´´တဲ့
ခြေတစ်ဖက် လက်တစ်ဖက်မှ မချိတ်မိတဲ့ မျက်ဝန်းလေးတွေ
ငါတို့မျက်ဝန်းမှာ လာလာချိတ်တဲ့အခါ
ငါတို့ ခဏခဏ ပြုတ်ပြုတ်ကျတယ်
ငါတို့နားထောင်မိတဲ့အသံက အားနည်းတာလား
ငါတို့ငေးကြည့်မိတဲ့မြင်ကွင်းက မှုန်ဝါးတာလား
ငါတို့ရင်ဘတ်တွေ မခိုင်ကြဘူး
ငါတို့ ကဗျာတွေဆက်ရေးကြမယ်
ငါတို့ကိုယ်တိုင်ရဲ့ ငိုသံပါကြီးနဲ့။

ထွန်းလင်းသစ်(ကန့်ဘလူ)
September 11, 2012 at 12:47pm ·

1 comment:

  1. မိုးနတ်လဲ ဆရာ့ဆီအဲလိုကဗျာပို့ချင်လိုက်တာဟာ
    ဒါပေမဲ့..မိုးနတ်က ၀မ်းစာမှမပြည့်သေးတာ..
    ခုတော့ ဒီအတိုင်းလေးပဲ ငြိမ်ငြိမ်လေးနေတာ
    ကောင်းမယ်ထင်ပါတယ်နော်..

    ReplyDelete