Thursday 8 November 2012

ကိုယ်ရေးအကျဉ်း

အမည်ရင်း ဝေလင်းဦး ။ အဖ ဦးတင်မိုး ၊ အမိ ဒေါ်စိုးစိုး တို့ မှ ၄ရက်၊ ၂လ ၊၁၉၈၈ တွင် ကျောက်တန်းမြို့ တွင်မွေးဖွား ။ ၂၀၀၅ ၊၂၀၀၄ တွင် တက္ကသိုလ် ဝင်တန်းအောင် ။ ရန်ကုန် အရှေ့ ပိုင်းတက္ကသိုလ် တွင် မြန်မာစာမေဂျာကို ပညာသင်ကြားခဲ့ ။ ဝေလင်း (မြန်မာစာ) ဖြင့် ရယ်စရာ၊၂၀၀၅၊သြဂုတ်လ တွင် ''ဆု'' ဟူသော ဝတ္တုတိုဖြင့်စာပေနယ်သို့ စတင်ဝင်ရောက် ။ လင်းလက်တာရာ အမည်ဖြင့် ရုပ်ရှင်အမြုတေ ၊နိုဝင်ဘာ၊ ၂၀၀၆ တွင် ခြေရာမဲ့အလွမ်း ကဗျာ ဖြင့် စတင်ဖော်ပြခံရ ။ဝတ္တုတို ၊ ကဗျာ ၊ အက်ဆေး ၊တစ်မျက်နှာ ဝတ္တုတို စုစုပေါင်း (၁၄၀) ကျော်ဖော်ပြခံရပြီး ဖြစ် ။ သောင်းပြောင်းထွေလာ၊ရယ်စရာ ၊ ရုပ်ရှင်အမြုတေ၊၊ကလျာ မဟေသီ ဖူးငုံဆယ်ကျော်သက်၊၊ပန်းအလက်ာ၊HEART ၊FASHION IMAGE ၊ PEOPLE ၊စုံထောက်၊ရောင်ပြန်၊မှုခင်းစုံ၊နွယ်သာကီ၊ပိတောက်နွယ်၊မနုစာရီ၊ပြစ်မှု၊လှို့ ဝှက်သည်းဖို၊သောကြာ၊မှုခင်းရောင်စုံ၊ပျော်ပျော်ရွှင်ရွှင်၊စရဏ၊YOUTH ၊အောင်လံရယ်ရွှင်ဖွယ်၊သဲထိတ်ရင်ဖို၊ပေဖူးလွှာ၊ပြုံးစရာ.ပိုတင်ရှယ်၊အပြင်စီး စာပွင့်လွှာ၊အိုင်ဒီယာ၊ NEW STYLE....FACES စသည်တို့ တွင်ရေးသားခဲ့။ လူခါး၊ရာဇာမျိုး(အင်းကုန်း)တို့ နဲ့ တွဲပြီး ပင်လယ်နဲ့ ပတ်သက်နေတဲ့ရွက်တွေ ကဗျာစာအုပ်ကို သြဂုတ်လ ၂၀၁၂ တွင် စုစည်းထုတ်ဝေခဲ့။ 2013 တွင် မောင်ရေချမ်း၊စစ်နိုင်၊လူခါး၊လင်းဝေအိမ်၊ ဆူးရဲ၊ ထွန်းလင်းသစ်၊ အဂ္ဂလင်း တို့ နဲ့ “အက္ခရာလမ်း“ ကဗျာစာအုပ်၊ ညီလင်းနိုင်၊ ရဲရင့်လမင်း၊ ဆူးရဲ၊ ကိုသျှား၊ ရွှေကိုယ်နတ်၊ကျော်ဦး(လှိုင်) တို့ နဲ့ “ခေတ်ပြိုင်#7' ကဗျာစာအုပ်တို့ စုစည်းထုတ်ဝေခဲ့။

4 comments:

  1. သိပြီးသားတွေပေမဲ့ ဖတ်ချင်လို့လာဖတ်သွားပါတယ်...

    ReplyDelete
  2. ကိုယ်ရေးအကျဉ်း ဆိုလို့ဝတ္ထု သို့ မဟုတ် ကဗျာဆိုပြီး လာဖတ်လိုက်မိတာ :p about me မှာဖြည့်လို့ရတယ်လေ အစ်ကိုရ
    လေးစားအားကျသွားပါတယ်ဗျာ

    ရည်ဝေ

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. အနုပညာအားထုတ်နိုင်စွမ်းကိုတော့
    မဖြစ်မနေ ချီးကျူးဂုဏ်ပြုရမှာပါ........

    ညီငယ် လင်းလက်တာရာ
    ဖတ်ရှုသွားပါတယ်.......
    ရိုးသက်

    ReplyDelete