Saturday 17 November 2012

ချိုဝမ်နဲ့ တူတဲ့ ကောင်မလေးသို့ 

သတိရတိုင်းသာ ပိုက်ဆံပေးရမယ်ဆို မွဲပြီ
အဲဒီ လခြမ်းကွေး ပါးချိုင့်လေးကိုပဲ စိတ်ကူးနဲ့ လှမ်းလှမ်းနမ်း
ကိုယ့်တိတ်တခိုးနဲ့ ကိုယ် အိပ်သွန်ဖာမှောက် လွမ်းတယ်
အချစ်ဆိုတာ စပယ်ပန်းပွင့်တဲ့ ရာသီ
ကြယ်စုံတဲ့ ညပြတင်း
သီချင်းတစ်ပုဒ်နဲ့  ဂစ်တာတစ်လက်
အိပ်မက်ရှည် ကဗျာ
ငါက ကောင်းကင်နဲ့ ပင်လယ်ကို  ညီမျှခြင်းချမယ်
မင်းက ရေတံခွန်နဲ့ စမ်းချောင်းလေးကို တံတားထိုးမယ်
ငါက မုသားမဲ့ ပန်းချီတစ်ချပ်ကို ရေးခြစ်မယ်
မင်းက နားလည်ခြင်းရှုခင်းကို ပေါင်းသင်မယ်
အဲဒီလို လရောင်နဲ့ ဖျော်စပ်ထားတဲ့ ဝိုင်တစ်ခွက်
ယုံကြည်မှုဟာ သက်တံ့ပေါ် လေကစားထွက်တဲ့ ငှက်ပဲ
နှလုံးသားချင်း အလင်းပြန်မယ့် ဒိုင်ယာရီကို ငတ်တယ်။

(ဇန်နဝါရီ ၊၂၀၁၀၊ ရုပ်ရှင်အမြုတေမဂ္ဂဇင်း)

                                                     လင်းလက်တာရာ

1 comment:

  1. ယုံကြည်မှုဟာ သက်တံ့ပေါ် လေကစားထွက်တဲ့ ငှက်ပဲ
    နှလုံးသားချင်း အလင်းပြန်မယ့် ဒိုင်ယာရီကို ငတ်တယ်။

    ဒါတကယ့်ရင်ဘတ်ထဲက ခံစားချက်အစစ်တွေလားဆရာလင်း...

    ReplyDelete