အမောဆို့ နေတဲ့ သက်လုံတွေနဲ့ 
ရေကြည်ရာ မြက်နုရာတွေဆီ ခုန်ချမိခဲ့။
သူစိမ်းတစ်ရံ မျက်ဝန်းတွေအောက်
တောမှောက်သော လက်ခုပ်သံများ။
တဖွဲဖွဲသွန်းနေတဲ့ နှင်းတွေအလယ်
ရင်အငူဟာ ခြစ်ခြစ်တောက်ပူလို့ ။
ရေတစ်တန် ကုန်းတစ်တန်
ယုံကြည်ချက်တွေ ကျောနံပါတ်လို တပ်လိုက်ပြီ။
မိနစ်(၉၀)လုံးလုံး
အဝါရောင် အိမ်အလွမ်းတွေ တစ်ကဒ်ပြီးတစ်ကဒ်။ ။
(အောက်တိုဘာ၊၂၀၀၇၊ရောင်ပြန်မဂ္ဂဇင်း)
လင်းလက်တာရာ
No comments:
Post a Comment