ငယ်သံပါနေရဲ့
ဟောဒီ့ တစ်ဖက်တည်းတီးတဲ့ လက်ခုပ်သံကလေး...
အိမ်ရှေ့ စံပယ်ရုံလေးထဲ
ပုံပြင်တွေ ဘယ်သူထည့်ခဲ့ပါလိမ့်....
ကျောက်ဖြစ်အိမ်မက်တွေနဲ့ ပဲ
ရပ်ကြည့်ငေးမော...
မတူးဖော်ဖြစ်သေးတဲ့ စမ်းချောင်းကလေးထဲ
ပင့်သက်တွေ ပေါလောမျောနေခဲ့တော့တယ်...။ ။
(စက်တင်ဘာ၊၂၀၀၉၊ people မဂ္ဂဇင်း)
လင်းလက်တာရာ
No comments:
Post a Comment