Monday 13 August 2012

ဒီဂိုးဟာ လပေါ်က ကျလာတာမဟုတ်ဘူး

သို့ ...လို့ တံဆိပ်တပ်ထားတဲ့ ရင်ဘတ်များကို ဖွင့်ကြည့်ဖူးပါသလား
ဝေဒနာချင်း မျိုးတူသွားမှုမှာ ယုံကြည်ချက်တွေ အထွက်နှုန်း တိုးမတိုး
အရောင်ဖြူတိုင်း အဖြူရောင်မဟုတ်ဘူး
နားဝင်ချိုစရာတွေများလာရင် အန္တရာယ်
အခိုင်ခံ့ဆုံးတံခါးလည်း ပွင့်ထွက်လွယ်တယ်
အရေးအကြောင်းဆို စိတ်နှစ်ခွက ခေါင်းထဲဝင်လာမယ်
လက်ခံစဉ်းစားရမှာက ရိုးသားခြင်းပစ္စုပ္ဖန်
မနက်ဖြန်ကို ဘယ်တော့မှ ဖုန်းမခေါ်နဲ့ 
သဘာဝနဲ့ ဘဝဟာ ရိုးမြေကျပဲ
အဓမ္မကို ဘယ်တော့မှ ရည်းစားစကားမပြောနဲ့ 
မိုးခေါင်တိုင်း ကြောင်ကို ရေချိုးပေးရမယ့် ခေတ်မဟုတ်ဘူး
သုံးနှစ်သုံးမိုး ပိုးရမယ့်ခေတ်မဟုတ်ဘူး
အနေအထိုင်မတတ်ရင်တော့ အင်တာနက်ထဲ အရှက်ကွဲရင်လည်းကွဲမယ်
အိပ်မက်ကို လောင်းကြေးထပ်မိသေးလား
ဒါ အက်ဖ်အေဖလား မဟုတ်ဘူး
ဒါ ကားလင်းဖလား မဟုတ်ဘူး
"တန်းဆင်းဇုန်"
မော်ရင်ဟိုလို ဘယ်တော့မှ အပြောမကြီးနဲ့ ။         ။

(ဇန္နဝါရီ၊၂၀၀၉၊ ဖြစ်ရပ်မှန် စုံထောက်မဂ္ဂဇင်း)

                                          လင်းလက်တာရာ

No comments:

Post a Comment