Sunday 26 February 2012
''စီးမျောရစ်သမ်''
ခေါင်းမာပုံက
မိုးပူပူနေရွာရွာ။
သံသရာက ဖုန်းမှားဝင်လာတယ်
ဟဲလို ။
ဘောဂဗေဒအက်ဆေး
ရင်ခွင့်လှုံရွာကလေး
အိပ်မက်
ရှက်တယ်။
ပေါ်ပင်ဆန်ဆန်
နံကြို နံကြား ထဲက အလွမ်း
မြို.ကိုအောင့်နမ်းနေရ
အချစ် ။
မြစ်ရဲ့ အာလုတ်သံမှာ
နိမိတ်ပုံတွေ တစ်ပုဒ်ပြီးတစ်ပုဒ်
ပွင့်ချည် လွင့်ချည် ။
နီယွန်ညကလေးရဲ့ အိပ်ရေးငိုထပ်ခိုး
ခေတ်ကိုမှ ချစ်ကြိုးသွယ်မိတယ်
ကဗျာ ။ ။
                               လင်းလက်တာရာ
               ဖေဖော်ဝါရီ၊ ၂၀၀၉၊ ရုပ်ရှင်အမြုတေ
No comments:
Post a Comment