Tuesday 30 October 2012
မြို့ပြဝါကျများ
အသက်ရှုရတာ ထစ်ထစ်နေတယ် လေကောင်းလေသန့် ဆာနေတဲ့ ပန်းအိုးကလေး
ကျကွဲသွားတယ် မြောင်းပုပ်နံ့ က တငွေ့ ငွေ့ တရွေ့ ရွေ့  ရေမလာဘူး မီးပျက်တယ်
မီးမလာဘူး ရေပျက်တယ် သမ္မာအာဇီဝကျကျ ရေလိုတယ် သမ္မာအာဇီဝကျကျ မီး
လိုတယ်  မျက်နှာကျက်က ပန်ကာမှ  ပင့်ကူဟာ အိမ်ဆောက်လို့  အမှိုက်ကားပေါ်
ခွေခွေကလေးပါသွားတဲ့ မျှော်လင့်ချက် အသေများ  အလှုခံ သည်းခံပါ ဆိုတဲ့ဆိုင်မှာ
CV ဖောင် မတင်ချင်ဘူး စိတ်နဲ့ ခိုစာကျွေးနေမိတဲ့ နေ့ စွဲတွေ  ရေခဲရေဟာရင်ပူတယ်
အမေ နေကောင်းလား ရွာကလေးနေကောင်းလား စားလက်စ ထမင်းကြမ်းလေးက
အိပ်စ်ပါယာဒိတ် ကုန်နေပြီ  ရရစားစားဝါးဝါးမြိုမြိုတွေ ဟိုဘက်နည်းနည်း  တိုးပါဦး
အိပ်မက်ထဲမှာတောင် တစ်ယောက်တည်း ကျပ်နေတယ် ရည်းစားဖိုး မတတ်နိုင်တဲ့
ခေတ်ကြီး  ဟော်တယ်ရှေ့ က ဖြတ်တိုင်း သိမ်ငယ်မှုတွေယိုစိမ့်ထွက်ကျ ဟောက်စား
ငထွားတွေနဲ့ ပဲ တွေ့ တွေ့ နေတယ်  စိတ်ကျညခင်း လက်ဖက်ရည်ဖိုးဘယ်သူရှင်းမှာလဲ
ဟုတ်ကဲ့ လူကြီးမင်းနဲ့ စကားပြောချင်လို့ ပါ  ကုန်ဈေးနှုန်းတွေကို ပက်လက်လှန်ကြည့်
နေရတယ် တစ်မှတ်တိုင်၂၀၀ ဆိုတော့ ၉၆၉၃  ဟောက်ျားမဟုတ် မိန်းမ မဟုတ်ကြီးက
မျက်စ ပစ်ပြနေတယ် အလုပ်ဟူသမျှ ခွင်ရှိမှ ဆိုလား  အတွင်းခံတောင် အခိုးခံရတယ်
ဗီနိုင်းကြီးတွေက အထက်စီးဆန်လွန်း BMW ပေါ် အဖြူရောင်ပန်းကလေးတစ်ပွင့်ပါသွား
လက်ပွေ့ ဂျာနယ်လေးက တဆာဆာအော်နေတယ် ရေးလက်စ အက်ဆေးက ရပ်နေ
ဝတ်လက်စ  ဂျင်းဘောင်းဘီက ပြဲနေ ဘွဲ့ လက်မှတ်လေးကို  မိတ္တူ  ထပ်ကူးရဦးမယ်
ကိုယ်ပိုင်  အသံလေးဟာ  ချောင်းဆိုးလို့  သူလိုကိုယ်လို  အများဆိုင်  နာမ်ကြီးထဲ
စုံးစုံးမြုပ်လို့  တစ်ပတ်အနွမ်းကလေးနဲ့ ပဲ ပွဲတော်ထဲ တိုးဝင် ခွေးလေခွေးလွင့် လူလေလူလွင့်
စိတ်လေစိတ်လွင့်များ  အဟောင်းတန်းမှာ ဘော်ဒါအသစ်တွေရတယ် ဒီလလည်း အိမ်ကို
မပို့ နိုင်ဘူး ရိုးသားမှုဟာ အန္တရာယ်  ဂျပိုးတွေနဲ့  တည့်တည့်တိုးမိပြီ   အဆောင်ရှင်
အန်တီကြီးကို ဘယ်လို မျက်နှာပြရပါ့  နေစရိတ်ကလည်းခေါင်ခိုက်လို့  သေစရိတ်ကလည်း
ခေါင်ခိုက်လို့  ဘဝဟာ NO EASY, SO BUSY ပဲ  ဟဲလို ကြားလား ကြားလား
အိပ်ငိုက်နေတဲ့ PCO လေးက ဆက်နေတာ
                                                                            လင်းလက်တာရာ
                                                                                  ၂၉၊၁၀၊၂၀၁၂
Friday 26 October 2012
နှင်းဆွတ်ဆွတ်လမ်း
နှင်းဆွတ်ဆွတ်လမ်း
စိတ်ထောင်းလို့  ကိုယ်ကြေနေပြီဆောင်းရေ
ငါ့ခေါင်းမှာ မီးခိုးတွေ တလူလူအူလို့ 
မလက္ကာရေလက်ကြားမှာ ငါ ရေငတ်တယ်
“အိမ်“တဲ့
ရောမခေတ်ကျိန်စာတွေ နဲ့ ပိတ်လောင်မွန်းကျပ်နေတဲ့ ငါ
အိပ်တန်းပျံငှက်တွေကို ငေးရင်း
ကိုယ့်အနာကိုယ် ခဏခဏ ထိရှ
ကျေးဇူးပြုပြီး ငါ့နှလုံးသားလေးကို ခွဲစိပ်ပေးကြပါ
စင်္ကာပူတစ်ဖက်ကမ်းမှာ
ရန်ကုန်ကိုလွမ်းလို့ ကျတဲ့မျက်ရည်
မေတ္တာတရားကို အရေးပေါ် လိုအပ်နေပြီ
မေမေ
နှင်းဆွတ်ဆွတ်လမ်းမှာ ပန်းတွေ ဖွေးဖွေးလှုပ် ပွင့်နေပြီလား
သား...ထမင်းလက်ဆုံစားချင်တယ်။ 
                                        လင်းလက်တာရာ
                                       25,10,2012/ pm 3;31
Tuesday 23 October 2012
ဂငယ်ကွေ့ တစ်ကွေ့ မှာ ကိုယ်ကျိုးကြည့်နဲ့ ပက်ပင်းကြီးတိုးခဲ့တယ်ဆိုပါတော့
ဒီပွဲမှာ စိတ်ဒဏ်ရာရ ကစားသမားတွေ များတယ်
ကိုယ့်အပူတွေ သူတပါးကူးမှာစိုးလို့  မြိုချထားရတာ
မြို့ပတ်ရထားပေါ်ကနေ ဒလိမ့်ခေါက်ကွေးပြုတ်ကျသွားသူ ရေသန့် ဗူးခွံကလေး
သစ္စာတရားရဲ့ အပြင်ဘက်မှာ မိုးတွေ သည်းကြီးမည်းကြီး ရွာနေတယ်
ငယ်ဘဝလေးဆီ ရွက်တိုက်လွှင့်ရတာ လက်ပမ်းအကျဆုံးပဲ
ဘကြီးအောင်ညာတာ အကျိုးအကြောင်း ခိုင်လုံပါရဲ့လား
ဖိနပ်အောက်က ပီကေဟာ တချိန်က လျှာပေါ်မှာ
ငါးရိုးထွင်သလို ရိုးတွင်းချည်ဆီထဲကနေ ထွင်းထုတ်ပစ်ချင်တဲ့ ဗွီအိုင်ပီယဉ်ကျေးမှု
နေကြာစေ့ခွံလေးမှာ အချစ်ဇာတ်လမ်းတစ်ပုဒ် ရှိတယ်
နေပါဦး ထွက်သက်လေးရယ် ဒိဋ္ဌိကို မခွာရသေးလို့ ပါ
ချော်လဲနေတဲ့ လမ်းမက သူ့ ကိုယ်သူပြန်ဖာဖို့ ကုန်းထနေ
ဒုက္ခဟာ လင်နောက်လိုက်လာတဲ့ မိန်းမလို ကပ်ပါလာပြန်ပြီ
ခိုမဟုတ်တဲ့ ခိုတွေ ထပ်ခိုးလေးထဲ ခိုးခိုးခစ်ခစ်
ဟာသထဲ ဇာတ်လိုက်ဟာ ဇာတ်အနာရဆုံး
ရယ်သံဟာ အမောတကောနဲ့ လူသားဟာ လောကဓံ ပူပူနွေးနွေးနဲ့ 
ကွမ်းယာသည်မလေးရဲ့ ပါးကွက်ကြားမှာ ငွေနံ့ ကြေးနံ့ တွေ စင်သွားတယ်
ငရဲကို ခပ်ရဲရဲ မျှားသူများ
တောင်ပတ်လမ်းကလေးကို သံသရာနဲ့ တင်စားမယ်
ရှုခင်းပေါ် ခြေချော်လက်ချော်သစ်ရွက်လေးတွေရဲ့  အနုပညာ
ဟဲလို! နှစ်သိန်းတန် ဆင်းကဒ် ရပြီလား
ရပ်ကွက်လေးရဲ့ စုဗူးထဲ ပြည့်လျှံနေတဲ့ အော်သံတွေ
နှင်းရယ်...ငါ့တို့ တိုင်းပြည်ကြီးပေါ် တရားမျှစွာ ဝေလိုက်ပါတော့...။
                                                         လင်းလက်တာရာ
                                                          23,10,2012 / 12;31 pm
Friday 19 October 2012
ပျော်ကျနေတဲ့ မပျော်ရွှင်မှုထဲ ပျော်ဝင်နေတဲ့ အရေးအသား
ရင်နဲ့ တူးနေတဲ့လမ်းက ဥယျာဉ်ပန်းမန် သစ်သီးဝလံ နဲ့ မဟုတ်ဘူး  မီး
ကျွမ်းနေတဲ့ ပေါင်မုန့် ခြောက်ကြီးနဲ့ မျက်နှာပေါက်ခပ်ဆင်ဆင်  ဘဝဟာ
ဒီနေရာလေးမှာ ပေရပ်မနေချင်လို့ ဟိုနေရာလေး နည်းနည်းတိုးကြည့်တဲ့
သဘော  အလွတ်ရပြီးသား စားသားတွေကိုပဲ ဗားရှင်းပြောင်း
ဆိုရုံနဲ မလုံလောက်သေး  ကာယလေ့ကျင့်ခန်းလုပ်သလို တစ်မျိုး
ပြောင်း  မကျေနပ်သေးရင် နောက်တစ်မျိုး ထပ်ပြောင်း ပင်မရေစီး
ကြောင်းကနေ ဖြာတွက်လတ္တံ့ ရှိသော မြစ်လက်တက်များ ရုပ်ရှင်
ထဲက ဒိုင်ယာလော့ဂ်တွေတောင် ဆော်တွေ စောက်တွေနဲ့ အလုံးအရင်း လွတ်/ရွေ့ 
လာ အသံဗလံတွေကို သံတစ်ချောင်းလို  မြုပ်ဝင်အောင် ရိုက်
ထည့်ထားတဲ့ မြို့ကြီး  ကားတစ်စီးက ကားတစ်စီးကို လမ်းတောင်း
တယ်  လူတစ်ယောက်က လူတစ်ယောက်ကို ထမင်းဖိုးတောင်း
တယ် ကောသလ အိပ်မက်တွေက ကောလာဟလ
မဟုတ်ဘူး  ခေတ်ကာလရဲ့ သားပျို သမီးပျိုလေးတွေက အထူးဝန်
ဆောင်မှု ပေးနေပါသည်  စပွန်ဆာကို စမူဆာလို အချည်ရည်နဲ့ တို့ စားနည်း 
မြိန်ရေယှက်ရေ မြောင်းထဲက ခြင်တွေက တစ်ရပ်ကွက်လုံးကို ကုတ်သွေးစုပ်
နေပါပြီ  လမင်းကြီးဟာ ဘဏ်ကဒ်ထဲမှာပဲ သာတတ်သလား သာတူညီမျှ
ဟာ တစ်ဖက်တည်းကိုပဲ စောင်းပြီးနင်းနေတယ် လီဗာပြင်းပြင်း ပလက်ဖောင်းပေါ်
မောင်းတက်လာတဲ့ကားကို အချိန်မီ ကန်ချပစ်
လိုက်ချင်တဲ့စိတ်  ကျွန်တော်လည်း ဘရိတ်ပေါက်နေတဲ့လူ တစ်ယောက်ပါ မတရားမှု
ဟာ  တစ်ချက်တည်းနဲ့ ကျင်းဝင်သွားတယ် ကယ်ဆယ်ရေး
စခန်းတွေကို zoon ဆွဲကြည့်ရအောင်  အမေရိကန်နဲ့ တရုတ်
စစ်တုရင်ကစားနေသည်  လိုအပ်ချက် အရ မလိုအပ်တာတွေ ထိုးကျွေးနေတဲ့
ဗျူဟာ အခုတလော ရခိုင်မုန့် တီက လည်ပင်းတည့်တည့်မှာ နင်နေ
တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား တစ်ဂိုးစီ သရေကျ
သွားတာ အထူးပြုလုပ်ချက် တစ်ခုလား ဦးနှောက်ကို သံချေးတက်စေသူ
ဂုဏ်သရေရှိ ကယ်လ်ကူလိတ်တာကြီးငဲ့ ကမ္ဘာကြီးဟာ နည်းပညာရဲ့ လက်ဝါးကြီးအုပ်မှုကို ခေါင်းငုံ့ 
ခံနေရရှာပါတယ် မင်္ဂလာလေဆိပ်ကြီးက ခေတ်သစ်
ကျွန်တွေကို အိမ်တိုင်ရာရောက် လိုက်လံ ပို့ ဆောင်ပေးနေပါသည်  ငွေရေ
မင်းချုပ်ကိုင်ချယ်လှယ်လို့ ဝရင်လည်း လူ့ ယဉ်ကျေးမှု ကွန်ယက်ကြီးထဲကနေ အပြီး
အပိုင် ထွက်ခွာသွားပါတော့
                              လင်းလက်တာရာ
                                                                    19,10,2012
                                                                       am 1;34
Wednesday 17 October 2012
ခေတ်မြန်ကြီးထဲမှာ
ကမ္ဘာကြီး ပြားလာသလို
ကဗျာတွေ ပြားလာပြီ
ဒဲ့ပြောမှ ကြိုက်တဲ့ ဂလိုဘယ်လ်
ကွေ့ ဝိုက်နေရင် နောက်ကျသွားမယ်
(၃)မိနစ်အတွင်း ရောက်လာတဲ့
အိုစမာ သေဆုံးသတင်း
(၃)မိနစ်အတွင်း ရောက်လာတဲ့
သဘာဝ ဘေးအန္တရာယ်
ကိုရီးယားလှိုင်းတွေထဲ
မျောနေတဲ့ မျက်ရည်တွေကို ဆယ်လိုက်
ဟေတီမှာ လူသားတွေ
မြေကြီးစားနေရပြီ။        ။
                                      လင်းလက်တာရာ
Monday 15 October 2012
ဂြိုလ်တစ်စင်း(သို့ )လင်းလက်တာရာ
သူ့ ကဗျာတွေဖတ်ဖူးတော့
သူ့ ကိုမသိစိတ်ကတွေ့ ချင်နေမိတယ်
သူ့ ကဗျာတွေက
တစ်ခါတရံ  ရာဇဝင်ဓါးတစ်ချောင်းလို
ငြိမ်းချမ်းရေးဆီ ဦးတည်ပျံသန်းနေတဲ့ ကြိုးကြာငှက်တစ်ကောင်လို
အရိပ်မရတဲ့ အပူသည်တစ်ယောက်လို
ပင်လယ်ကိုမချစ်မြို့ တဲ့ တံငါသည်တစ်ယောက်လို
အမှောင်ထုကိုထိုးခွင်း ကိုယ်ပိုင်အလင်းနဲ့ ခရီးနှင်နေတဲ့ပိုးစုန်းကြူးလို
နူးညံ့သင်းပျံ့ တဲ့ စံပါယ်ရုံလေးလို
စစ်မြေပြင်ထွက်တော့မယ့် အဖြူရောင်အလံတစ်လက်လို
ကွေးသောလက်မဆန့် မှီ နဲ့ ဆန့် သောလက်မကွေးမှီကြားက
စိတ်ခြောက်ခြားနေတဲ့ အနုမာနတရားတွေလို  
တံလျှပ်တွေကိုမုန်းနေတဲ့ တောအုပ်စိမ်းစိမ်းလို
နှလုံးသားဒဏ်ရာရနေတဲ့ ကျားနာတစ်ကောင်လို
မမြဲတဲ့သင်္ခါရကိုညွှန်ပြနေတဲ့ နေ့ ရက်နာရီတွေလို
ဆယ့်နှစ်ကြိုးကျွမ်းတဲ့ ခေတ်ပျိုမလေးလို
ကြယ်မစုံလမစုံတဲ့ ခြေသားလုံးတိုင်အိမ်ကလေးလို
ခေတ်ကိုပခုံးထက်ထမ်းပြီး ဝင်္ကပါကိုမှလမ်းသလားချင်နေတဲ့ လူငယ်တစ်ယောက်လို
သူ့ ဆန္ဒကိုကဗျာတွေအဖြစ်ဖန်တီးပြ လောကကိုလှစေချင်တဲ့လူတစ်ယောက်   
ဗုဒ္ဓတရားတော်မှာ
“လူတွေဟာဆွေမျိုးမတော်သူမရှိဘူး”တဲ့
အံ့သြစရာ
တစ်နေ့ တွေ့ မယ့်တွေ့ တော့ အဝေးကျွန်းတစ်ခုပေါ်မှာ
သူ့ ကျောပိုးအိတ်ထဲက မိသားစုနဲ့ ကဗျာတွေကိုထုတ်ပြ
ကမ္ဘာကြီးကိုမျှထမ်းဖို့ 
ကျွန်တော့်ကိုပါ(ကဗျာတွေနဲ့ ) လမ်းပြသွားခဲ့တယ်
ကြယ် ...။            ။
                                                       လင်းလက်တာရာ(သို့ ) ကိုလင်းအတွက် အမှတ်တရ
                                                                                     ရာဇာမျိုး(အင်းကုန်း)
ရင်ဝေးကြယ်
ပြောစရာဆိုလို့  ဆို့ နင့်မှုတွေပဲ
ကျွန်တော့်မှာ အိမ်ကလေးတစ်လုံး အသေအချာ ရှိခဲ့ဖူးတယ်
ကျွန်တော့်မှာ အသိုက်မြုံလေးတစ်ခု အသေအချာ ရှိခဲ့ဖူးတယ်
ကျွန်တော့်မှာ ညီအစ်ကိုမောင်နှမတစ်စု အသေအချာ ရှိခဲ့ဖူးတယ်
ကျွန်တော့်မှာ ချစ်မြတ်နိုးစရာ ရေချိုမြစ်ကြီးတစ်မြစ် အသေအချာ ရှိခဲ့ဖူးတယ်
ကျွန်တော့်မှာ သယံဇာတတွေနဲ့ လှနေတဲ့ နိုင်ငံတစ်နိုင်ငံ အသေအချာ ရှိခဲ့ဖူးတယ်
အသေအချာ ရှိခဲ့ဖူးပါတယ်
ခုတော့သူစိမ်းတရံအောက် တောမှောက်နေတဲ့ သားရဲတွင်းမှာ
မသေချာ မရေရာမှုတွေပဲ တစ်ကိုယ်ရည်တစ်ကာယ အမောဖောက်လို့ 
အရာရာ မျက်နှာငယ်ရပါတယ်
မေမေကတော့ ထမင်းဖြူဖြူလေးပေါ် မျက်ရည်တွေ ဆမ်းစားနေရော့မယ်
တမလွန်ကို ဖုန်းဆက်လို့ ရရင်
ဖေဖေ့ကို စိတ်ပူအောင် လုပ်မိတော့မှာပဲ။            ။
                                                  လင်းလက်တာရာ
                                                        ၁၂၊၁၀၊၂၀၁၂
အဖြစ်အပျက်များသည်/ ထို့ ကြောင့်/ သို့ သော်လည်း/ ဆက်လက်၍
ဒီကဗျာခေါင်းစဉ်ကို အွန်လိုင်းလင်းရောင်ခြည်မှတဆင့် လက်ခံရရှိပါသည်
ပေးပို့ သူ မောင်ရေချမ်း လက်ခံရရှိသူ လင်းလက်တာရာနှင့် အခြားကဗျာရေးသူ ဝါသနာတူလူငယ်များ
ဒီကဗျာထဲမှာ အဖြစ်အပျက်များကို အစာသွပ်မလား စဉ်းစားထားပါသည်
ဝက်သားပေါက်စီကို ကျွန်တော်မကြိုက်ပါ
အဖြစ်အပျက်များကို ဝက်သားပေါက်စီ လုပ်ကြည့်ချင်ပါသည်
အိုဘားမားရဲ့ အဖြစ်အပျက်များကို စိတ်မဝင်စားပါ
မောင်ချောနွယ်ရဲ့ အဖြစ်အပျက်များကို ရုပ်ရှင်ရိုက်ကြည့်ချင်ပါသည်
ဘော်လ်တဲယားရဲ့ အဖြစ်အပျက်များသည် မနာလိုစရာကောင်းပါသည်
၉/၁၁ အဖြစ်အပျက်သည် ကြေကွဲစရာ ကောင်းသော်လည်း
၁၁/၉ အဖြစ်အပျက်သည် ကြည်နူးစရာ ကောင်းပါသည်
အဖ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဖြစ်အပျက်များသည် ဦးညွတ်စံထားစရာ ကောင်းပါသည်
ဂျပန်ဆူနာမီကြောင့် မြန်မာနိုင်ငံမှာ မိုးခေါင်ပါသည်
အဖြစ်အပျက်များသည် ဒေးဗစ်ကော့ပါးဖီးလား မှတ်ရပါသည်
ရန်ကုန်မြို့ကြီးကို ပါးစပ်အဟောင်းသား ငေးကြည့်နေရပါသည်
ဆီရီးယားကို စုတ်တသတ်သတ်ခတ် နေရပါသည်
ရောက်နေတဲ့ နေရာကနေ နောက်ကို ၁၀ နှစ် ဆုတ်ကြည့်မိသည့် အဖြစ်အပျက်များ
ရောက်နေတဲ့ နေရာကနေ ရှေ့ ကို ၁၀နှစ် တိုးကြည့်မိသည့် အဖြစ်အပျက်များ
မျက်လုံးပြူး မျက်စံပြူး  အံ့သြမင်သက် အာမေဋိတ်သံထွက်ရပါသည်
လမ်းဘေးရေအိုးစင်လေးတွေ မျိုးတုံးသွားသည့် အဖြစ်အပျက်များ
sexy ဆန်တဲ့ ဒီဇိုင်းတွေ ဈေးကွက်ဝင်နေသည့် အဖြစ်အပျက်များ
မလေးရှားမှာ တက်တူးထိုးစားတဲ့ မြန်မာအလုပ်သမားတစ်ယောက်ရဲ့ တစ်လဝင်ငွေဟာ
သိန်း ၅၀ ဆိုသည့် အဖြစ်အပျက်များ
ဘဝပျက်သွားသည့် အိမ်ဖေါ်မလေးရဲ့ ၂၁ရာစု အဖြစ်အပျက်များ
အဟတ်ခံလိုက်ရသည့် ကဗျာ ဘလော့ဂ်တစ်ခုရဲ့  ခေတ်ပြိုင်ဗိုင်းရပ်စ် အဖြစ်အပျက်များ
မတော်တဆ ကောက်ရတဲ့ ချစ်သူလေး မတော်တဆ ပျောက်ရှသွားသည့် အဖြစ်အပျက်များ
တရားသဘောအရ ဖြစ်နေပါဦးမည် ပျက်နေပါဦးမည် မွေးဖွားကြီးပြင်း သေကြေ ပျက်စီးနေရပါဦးမည်
မလွန်ဆန်နိုင်သော အဖြစ်အပျက်များ အယူခံဝင်ခွင့်မရှိသော အဖြစ်အပျက်များ
လက်ထိုးအန်ချင်စရာကောင်းသော အဖြစ်အပျက်များ stop ရိုက်ထားချင်စရာကောင်းသော အဖြစ်အပျက်များ
ဓါးနဲ့ ကွက်လှီးပစ်ချင်စရာကောင်းသော အဖြစ်အပျက်များ ကွမ်းတံတွေးလို ထွေးပစ်ချင်စရာ ကောင်းသော
အဖြစ်အပျက်များ  ကမောက်ကမ နိုင်သော အဖြစ်အပျက်များ တရားနည်းလမ်းမကျသော အဖြစ်အပျက်များ
အဆန်းဆန်းအပြားပြား အမျိုးမျိုးအထွေထွေ အစုံစုံအလီလီ အဖုံဖုံအမယ်မယ်
ထို့ ကြောင့် ရယ်ရွှင်ဖွယ်ကောင်းသည့် အဖြစ်အပျက်များ
ထို့ ကြောင့် ရင်နာစရာကောင်းသည့် အဖြစ်အပျက်များ
ထို့ ကြောင့် ခွတီးခွကျနိုင်လှသည့် အဖြစ်အပျက်များ
ထို့ ကြောင့် အော့နှလုံးနာလှသည့် အဖြစ်အပျက်များ
ထို့ ကြောင့် မရှုနိုင်မကယ်နိုင် အဖြစ်အပျက်များ
ထို့ ကြောင့် အရပ်ကူပါလူဝိုင်းပါ အဖြစ်အပျက်များ
အဆန်းဆန်းအပြားပြား အမျိုးမျိုးအထွေထွေ အစုံစုံအလီလီ အဖုံဖုံအမယ်မယ်
သို့ သော်လည်း မပြုံးချင်ပေမယ့် သွားဖြီးပြလိုက်ရပါသည်
သို့ သော်လည်း မချစ်ပေမယ့် အောင့်နမ်းလိုက်ရပါသည်
သို့ သော်လည်း မလိုချင်ပေမယ့် ရရှိလိုက်ရပါသည်
သို့ သော်လည်း မကြည့်ချင်ပေမယ့် တွေ့ မြင်လိုက်လိုက်ရပါသည်
သို့ သော်လည်း မကြုံချင်ပေမယ့် တည့်တည့်တိုးလိုက်ရပါသည်
သို့ သော်လည်း မနှစ်မြို့ပေမယ့် မြိုချလိုက်ရပါသည်
အဆန်းဆန်းအပြားပြား အမျိုးမျိုးအထွေထွေ အစုံစုံအလီလီ အဖုံဖုံအမယ်မယ်
ဆက်လက်၍ အဖြစ်အပျက်များနဲ့  စီးချင်းထိုးရပါဦးမည်
ဆက်လက်၍ အဖြစ်အပျက်များနဲ့  ဆေးပေးမီးယူလုပ်ရပါဦးမည်
ဆက်လက်၍ အဖြစ်အပျက်များနဲ့ အိမ်ကွင်း အဝေးကွင်းကန်ရပါဦးမည်
ဆက်လက်၍ အဖြစ်အပျက်များနဲ့ နှစ်ပါးသွားကရပါဦးမည်
ဆက်လက်၍ အဖြစ်အပျက်များသည် ဖြစ်ပျက်နေပါဦးမည်
ဆက်လက်၍ သက်ရှိများသည် ဖြစ်ပျက်နေပါဦးမည်
ဆက်လက်၍ သက်မဲ့များသည် ဖြစ်ပျက်နေပါဦးမည်
ဆက်လက်၍ ခုနှစ်သက္ကရာဇ်များသည် ဖြစ်ပျက်နေပါဦးမည်
ဆက်လက်၍ လူ့ ယဉ်ကျေးမှုများသည် ဖြစ်ပျက်နေပါဦးမည်
ဆက်လက်၍ လူ့ အနုပညာများသည် ဖြစ်ပျက်နေပါဦးမည်
ဆက်လက်၍ ကမ္ဘာလောကြီးသည်လည်း ဖြစ်ပျက်နေပါဦးမည်
ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်...
                                                                                             လင်းလက်တာရာ
                                                                ၁၂၊၁၀၊၂၀၁၂
စကားစမြည်စိုက်ခင်း
ပိုးကျနေတယ် ကဗျာပိုးလား ဗိုင်းရပ်စ်ပိုးလား အင်းဆက်ပိုးလား
ဘီပိုးလား စီပိုးလား အေ့စ်ပိုးလား
ပိုးမွှားကင်းစင်ရေးဇုံ ကမ္ဘာ့မြေပုံထဲမှာ ပိုက်စိပ်တိုက်ရှာ
မလွတ်တဲ့ အခက်အလက်တွေကို မခြွေရက် မခုတ်ရက်
လွတ်နေတဲ့ အခက်အလက်တွေကိုလည်း မခုတ်ရက် မခြွေရက်
ရွက်ကြွေထဲမှာ ရွက်သစ်တွေ ရွက်သစ်ပေါ်မှာ ကျစ်စာတွေ
အရွက်တဖြောဖြော ကိုင်းခြောက်ဟာ ကျွန်တော်လား ခင်ဗျားလား အခြားတစ်စုံတစ်ယောက်လား
တစ်လောကလုံးကို ကိုင်းကူးပစ်လိုက်ချင်တယ်
တစ်ကမ္ဘာလုံးကို  သင်းမွှေးပစ်လိုက်ချင်တယ်
မျိုးစေ့မှန်ရဲ့လား အပင်သန်ရဲ့လား
အရေးအသားထဲမှာ မြေသြဇာ ဘယ်လောက်များများ
နေရောင်ခြည် အလုံအလောက်လိုတယ်
လေကောင်းလေသန့် အလုံအလောက်လိုတယ်
မိန်းမစိတ် မဆန်တဲ့ ရာသီဥတု အလုံအလောက်လိုတယ်
အနုပညာကို ပေါင်းသင်ရတာမောရင် သတင်းပုလင်းလေးသောက်လိုက်
ချက်ဘောက်ထဲမှာ မိတ်ဆွေတချို့ နဲ့ ပြောင်လိုက်နောက်လိုက်
ကိုယ့်ကို လာ add ထားတဲ့ ဒုက္ခတရားတွေကို confirm လုပ်ပေးလိုက်
ဟိုအရေး ဒီအရေး လူမှုရေး စီးပွားရေး ဘာသာရေး တိုင်းရေး ပြည်ရေး
အများကြိုက်ပဲ ရေးရေး စိတ်အလျင်နည်းနဲ့ ပဲရေးရေး
ရေးပါ တွေးပါ စိုက်ပါ ပျိုးပါ သီးပါ ပွင့်ပါ
ဆာဟာရထဲကနေ လှမ်းဆက်သွယ်နေတာ ဘယ်သူလဲ
ကန္တာရဆူးပင်လေးလား ဒါမှမဟုတ်
ကန္တာရဆူးနဲ့ တူတဲ့ လူထူးလား လူဆန်းလား လူလန်းလား လူခါးလား
စာအရမ်းဆာနေတယ် စာအရမ်းဆာနေတယ်
ပြည်သူ့ သဘောထား နိုင်ငံရေး ဦးတည်ချက် (၄) ရပ်
အထပ်ထပ် ပြန်ဖတ်နေတာ ဘယ်နှခါ ဘယ်နှခေါက်
ငါ့ကဗျာဟောင်းလေးတစ်ပုဒ် ငါ့နေရာသစ်တစ်ခုမှာ ပြန်တွေ့ တာက စတာ
တောင်ပေါ်+ မြေပြန့် + ကမ်းရိုးတန်း နဲ့ သုတ်ထားတဲ့ လက်ဖက်တစ်ပွဲ အမြန်
အစပ်အဟပ် တည့်ပါ့မလား အာရုံခံစားမှု များများ
နိမိတ်ပုံ သင်္ကေတတွေ လျော့ထည့် 
fragments တွေ  အရပ်သုံးဘာသာစကားတွေ သင့်သလောက်
ဒီမှာ ပိုးကိုက်ထားတဲ့ပန်း ဒီမှာ ပိုးလောက်လန်းတွေနဲ့ သစ်သီး
ဒီမှာ ပိုးသတ်ဆေးလိုချင်တယ် ဒီမှာ ပိုးသတ်ဆေး မလိုချင်ဘူး
သဘာဝတရားဟာ ဆံပင်အရှည်နဲ့ မှပိုလိုက်တယ်
တဂီးဂီးနဲ့ အဲဒီ မြက်ရိတ်စက်ကြီးကို ပိတ်ပစ်လိုက်
တွေ့ လား မလွတ်မလပ်စွန်ကလေးနောက်
လွတ်လွတ်လပ်လပ် ရယ်သံလေး တလူလူလွင့်ပါသွားတာ
ခုနှစ်သက္ကရာဇ်များတို့ ရေ ကောင်းကင်ကြီးပြာတာ ဘယ်လောက်ကြာပြီလဲ
မိတ်ဆွေရော ၂၁ ရာစု ဗုံးခိုကျင်းထဲမှာ ဘုရားစာရွတ်ဖူးလား
အာဃာတ မီးတောက်မီးပန်းတွေကို မြန်မြန် ရိတ်သိမ်းကြရအောင်
ဒါမှ သစ်ပင်များများ စိုက်လို့ ရမှာ
                                              လင်းလက်တာရာ
                                               15,10,2012 am 3;10
                                              (မလေးရှား စံတော်ချိန်)
Tuesday 9 October 2012
မင်းဖုန်းနံပါတ်ကို ငါအကြိမ်ကြိမ်ခေါ်
ပြုံးစရာမဂ္ဂဇင်း၊ အောက်တိုဘာ၊၂၀၁၂
တစ်ဂိုးပြီးတစ်ဂိုး...တဂိုး... အနုပညာမှာ ဂိုးသွင်းကောင်းသူကြီးငဲ့
ငါဟာ သက်ရှိသတ္တဝါ များစွာထဲမှာမှ အာဏာလှည်းဘီးအောက်က လူတစ်ယောက်
ငါတိုက်တဲ့ ဝိုင်အရက်ကို ငါ့ခွက်နဲ့ ပဲသောက်ပါ သူငယ်ချင်း
ခွက်ပြောင်းလိုက်ရင် ဖိတ်စင်လေလွင့်သွားမှာ စိုးလို့ 
ကိုယ်တွင်းက တိတ်ဆိတ်မှု အသံဗလံတွေ စုန်းစုန်းမြုပ်သွားစေဖို့ 
ပွက်လောရိုက်နေတဲ့ လူအုပ်ကြီးထဲ တိုးဝင်သွားတဲ့လူ
ဝန်ထုပ်ဝန်ပိုးအမြီးကြီးကို ထမ်းထားရတဲ့ ဒေါင်းအတွက် စာကလေးက သနားဂရုဏာသက်နေတယ်
အို! သစ်သီး မင်းနဲ့ ငါကြားမှာ ဝေးကွာခြင်းတွေ ဘယ်နှမိုင်
အို! ပန်းပွင့် ငါဟာ မင်းနှလုံးသားရဲ့ ဗဟိုတည့်တည့်မှာ ပုန်းခိုနေတာပါ
ကျောက်စရစ်ခဲလေးတွေ ချောမွေ့ လုံးဝန်းနေတာဟာ တူရဲ့ ထုနှက်မှုတွေကြောင့် မဟုတ်
စမ်းရေရဲ့ သီကျူးမြူးတူး ကခုန်မှုကြောင့်သာ
မိုးစက်လေးတွေက မြေကြီးကို တယုတယနမ်းပြီး လွမ်းတသသဆိုတယ်
“အမေ...ကျွန်တော်တို့ က အိမ်နဲ့ ဝေးနေတဲ့ အမေ့ ရင်သွေးလေးတွေပါ
အခု...ကောင်းကင်နိုင်ငံကနေ အမေ့ထံ ပြန်လာပါပြီ“
ဒီမီးတောက်ဟာ ငါ့ပန်းပွင့် ငါ့သေမင်းလို့  လောင်မြိုက်နေတဲ့ သစ်တုံးက အော်ဟစ်လိုက်တယ်
အမှန်တရားဟာ မုန်တိုင်းထဲကနေ ကိုယ်ဒူးကိုယ်ချွန် ရုန်းထခဲ့ရ
နေကြာပန်းက အမည်မဲ့ ပန်းကလေးကို ဆွေမျိုးတော်ရမှာ ရှက်နေတယ်
သီချင်းသည် လေထဲတွင် အဆုံးမရှိ  ပန်းချီသည် မြေကြီးပေါ်တွင် အဆုံးမရှိ
ကဗျာသည်ကား လေထဲတွင်ရော မြေကြီးပေါ်တွင်ပါ အဆုံးမရှိ
မြေပေါ်မှာ လမ်းလျှောက်ပြီး လေထဲမှာ ပျံသန်းနိုင်တာ ကဗျာ
ငါးကို လေထဲ လွှတ်မြှောက်လိုက်ခြင်းသည် ကြင်နာသောနူးညံ့မှုတစ်ခုဟု ငှက်ကတွေးထင်နေ
သူသည် လက်နက်များကို သူဧ၊်ကိုးကွယ်ရာအဖြစ်ထုတ်လုပ်ဧ၊်
လက်နက်များက အနိုင်ရသွားသောအခါ သူသည်သာ ရှုံးနိမ့်သွားရလေသည်
အရှင်လမင်း! သင်ဘာကို စောင့်ဆိုင်းနေပါသလဲ
ကျုပ်လမ်းဖယ်ပေးရမယ့် နေမင်းကြီးကို ဦးညွှတ်ရန်အတွက်ပါ
ကိုယ်တုံးလုံး ကလေးလေးလို သစ်ရွက်သစ်ခက်တွေကြားမှာ ပေါ့ပေါ့ပါးပါးဆော့ကစားနေတဲ့
လရောင်ဟာ လူတစ်ယောက်ရဲ့ ရပ်တည်နိုင်မှုကိုတော့ မသိရှိနိုင်
နေမင်းနဲ့ လွဲရလို့ ပူဆွေးဝမ်းနည်းငိုကြွေးနေမယ်ဆိုရင် ကြယ်တာရာတွေနဲ့ လည်း လွဲဦးမှာပဲ
နင်းချေခံသူတို့ ရဲ့ အောင်ပွဲအတွက် လူသမိုင်းဟာ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေတဲ့ အကြောင်း
(ရာဘင်ဒြာနသ်တဂိုး ရဲ့ “stray birds“ စာအုပ်မှ စာသားများနဲ့ ဒီကဗျာကို ယက်ရှယ်ဖွဲ့ ထားပါတယ်)
                                                                                          လင်းလက်တာရာ
                                                                                              ၈၊၁၀၊၂၀၁၂
ခြေရာမဲ့ အလွမ်း
ဟိုး...မွေးရပ်မြေက
စိုးတထိတ်ထိတ် လွင့်လာတဲ့ ပလွေသံ
ယာခင်းစိမ်းစိမ်းနဲ့ အမေ့အိမ်
ရင်ကြားစေ့မရတဲ့ အိမ်ပြန်လမ်းက
ပင့်သက်တွေနဲ့ ညောင်းညာ
တရိုတသေစိတ်ကူးတွေကသာ အလင်းထက်မြန်တယ်
တောက နက်သထက် နက်လာခဲ့
ရာသီမဲ့ အလွမ်းတစ်ထပ်ကို
ရင်တစ်ကြိုးလုံးနဲ့  အမေ့ဆီလွှတ်တင်မိလိုက်တယ်
စွန်
နီယွန်ညကလေးရဲ့ ရှိုက်သံ...။                         ။
(နိုဝင်ဘာ၊ ၂၀၀၆၊ ရုပ်ရှင်အမြုတေမဂ္ဂဇင်း)
                                      လင်းလက်တာရာ