Sunday 21 April 2013
ရောက်နေတဲ့နေရာနဲ့ ရောက်ချင်တဲ့ နေရာမြှောက်လိုက်တော့ စကြာဝဠာကြီးရတယ်
မီးလျှံထဲ ပျံသန်းမှာလား ပျက်ကျမှာလား ကဗျာက ကဗျာကယာ
ကိုယ့်ယာခင်းလေးမှာ ပိုးမထိုးတဲ့ ရာသီဥတုဘယ်နှစ်ပင် အမှန်တရားစိမ်းစိမ်းဘယ်နှစ်ခင်း
ကောင်းကင်ကြီးလို မိုးချင်တိုင်းမိုးနေတဲ့ ဒုက္ခသစ္စာတွေက ကျစ်လိုက်တိုင်း ခိုင်နေတဲ့ကြိုး အခု ခန္စာကို ချည်နေပြီလား
အသက်ပေါ်လုံးကြီးတင်ဆန်ခတ် လူအဖြစ်ရဲ့ အက္ခရာအသံထွက်ဟာ ညှီစို့ စို့ ကြီး
တိုက်ကြိုတိုက်ကြားတိုက်တဲ့လေလေးကိုပဲ တယုတယ လမ်းကြိုလမ်းကြားကျတဲ့ လရောင်လေးကိုပဲ တမြတ်တနိုး
ဘေးထွက်ဆိုးကျိုးတွေကိုလည်း အထူးတလည် ဧည့်ဝတ်ကျေပွန်ပြနေရတဲ့ လူ့ ဘုံ
ပြောစရာဆိုလို့ ပြစရာတွေပဲ အပြည့်  ပျော်ကျလိုက် ပြာကျလိုက် ပေါ်လာလိုက် ပျောက်သွားလိုက်
ကိုက်ခဲနေတဲ့အခက်အခဲတွေ မဖွယ်မရာ နေ့ စေ့လစေ့တွေ နည်းပညာထဲ မြုံနေတဲ့ နှလုံးသားတွေ ထုံနေတဲ့
အာရုံခံစားမှုတွေ ရိုးရိုးသားသား ကျေးလက်လေးတောင် အရိုးချည်းသက်သက် အသားဟာ လက်ဝါးကြီးအအုပ်ခံရ
ပျောက်ဆုံးနေတဲ့မြို့တော်ဆီ ကိုယ့်ပေါ်လစီနဲ့ ကိုယ်လှော်  မျော့လိုတွယ်စုပ်နေတဲ့ အဓမ္မတွေ
ရင်ဖဝါးဟာ ဆူးတွေနဲ့ အပြည့် ဂန္ဒီရဲ့ ဖိနပ်တစ်ဖက်လောက်တောင်မတန်တဲ့ ဟိုလူကြီး
ခဏခဏထုနှက်ခံရလို့ ငြိမ်းချမ်းရေးခမျာ အသံနက်ကြီးထွက်လို့  အမေ့ အိမ်လေးရဲ့ အမြိုက်တရားနဲ့ ဝေးရာ
အခါးသက်သက်သစ်တော်သီးလေးတွေ တလိမ့် လိမ့်  အပါးမှာ ပါးကလေးကလည်းမရှိ သနပ်ခါးရနံ့ လေးတော့ရနေ
လောကကြီးရေ ခုချက်ချင်း ဝမ်းကနေ တန်းအထိရေပါ ခုံးနေတဲ့ကုန်းကျော်တံတားလေးလို ကျောထဲ ခြေသံတွေနစ်ဝင်
မြတ်နိုးမှုတွေပဲ အသွေးအသားထဲ ထိုးစိုက် ကမ္ဘာ့မြေပုံကြီးကို အစိမ်းရောင်ထူထူ ခြယ်ချင်တယ် မြန်မာ့မြေပုံကြီးကိုလည်း...
အဲဒီအစက်ကလေးသုံးစက်နောက်မှာ ကိုယ့်စိတ်ကြိုက်ကိုယ်ဖြည့်ပါ  မြို့ကြီးဟာ ခလုတ်တွေကို
ကလေးတစ်ယောက်လို ကလိလို့ တည်ရှိခြင်းတရားကို မမြဲခြင်းက သုံးကောင်စားကင်းဝင်သွားတာ လှချက်
ပလက်ဖောင်းပေါ် ပလက်စတစ်လေးတွေက ပလက်စတစ်လေးတွေကို ကောက်လို့ 
ငတ်မွတ်မှုကို ဘယ်တော့ ရွှေနားကွပ်မှာလဲ စောင့်မျှော်ရခြင်းတွေ အီစလံဝေလို့ အလံရဲ့နောက်မှာ
အသံတွေ တလူလူလွင့်လို့  အညစ်အကြေးဟာ ကြေးကြီးလို့  အနုပညာဟာ ကြမ်းတမ်းခက်ထရော်လို့ 
နိစ္စဒူဝတွေဟာ ဒူဝေဝေနဲ့ တစ်ရက်ပြီးတစ်ရက်ရွက်စုတ်လို့  တွန့် လိမ်နေတဲ့ အိပ်မက်ပြာပြာတွေ မီးပူကြီးကြီးအောက်မှာ
ကျွမ်းလို့  ကျပ်မပြည့်တဲ့ အမှောင်ထုဟာ ရွှေဗဟိုရ်စည်ကိုထုလို့  နေ့ စဉ်သုံးသတင်းစာထဲ စာလုံးအယ်စတုံကြီးတွေ မည်းလို့ မှောင်လို့  အရောင်တွေ အရိပ်တွေ အရုပ်တွေ ကံကြမ္မာကြီးဟာအရိုးအပေါ်အရေတင် ဂုဏ်သိက္ခာတွေ အဝတ်ဗလာနဲ့ လမ်းသလားနေတာ လန်းသလား အထွေထွေအလုပ်သမားလေးလည်း ညနေဆို ထွေထွေလာတယ် ဗျို့ ဆိုက္ကားဆရာ သံသရာတစ်ပတ်လောက် ရပ်ကွက်လေးက ရပ်ကွက်လေးကို ကွက်ကျော်ရိုက်လို့ နီယွန်ညပျိုမလေးဟာ သူ့ တင်းတိတ်တွေကို မိတ်ကပ်ဖို့ လို့  ခိုတွေခိုနေတဲ့ ခုံကလေးတွေ တစ်ယောက်ကိုယ်တစ်ယောက်ငေးလို့ 
တစ်ယောက်ကိုယ်တစ်ယောက် ညှော်လို့ တစ်ယောက်ကိုယ်တစ်ယောက် ညံ့လို့ တစ်ယောက်ကိုယ်တစ်ယောက်ညည်းလို့ 
သစ်သီးဆိုင်လေးရဲ့ ရိုးသားမှုကို ဈေးဦးဖောက်ပေးလိုက်ရတဲ့ အရသာ ကြိုးတွေအလိုကျ ကရင်း အလိုတွေပဲ ကျကျလာတဲ့
မနက်နှင်းကလေး ခေတ်ကိုက သံလိုက်ဓါတ်ပြင်းပြင်းနဲ့ မြင်မြင်သမျှ ဆွဲစိချင်နေတာ ရှေ့ ရေးကို ရေးကြည့်တော့
ရှုပ်ထွေးနေတဲ့ သပွတ်အူ ကျောက်သင်ပုန်း အဟောင်းလေးရှိရာအရပ် ဝလုံးဝိုင်းဝိုင်းလေးတွေကို ခေါင်းအုံးအိပ်ချင်တယ်
လေးသံတွေထဲ လေးလံနေတဲ့ စိတ်ဝန်ထုပ်တွေ ခင်ဗျားရော ညောင်သီးမက်နေတုန်းလား ကိုယ့်အချင်းချင်းတောင်
တစာစာဆာနေရတဲ့ ကိုယ်ချင်းစာတရားတွေ ရေဆိုးမြောင်းလေးထဲ အကြည်ဓါတ်လေးတွေ ပလုံစီသွား
လူတွေကို ရယ်စေပြုံးစေသူကြီးကိုယ်တိုင် သူ့ ဘဝကြီးကို ဝက်အူလို အပြုန်းခံလို့  ဘယ်သူတောင်းစားဆီမှာမှ မနေချင်ဘူးလို့ 
ဘယ်ငွေစက္ကူလေးတွေကမှ ကွန်ပလိန်းမတက်ဘူး သွေးပေါင်တိုးနေတဲ့ ဇာတ်နာတွေအတွက် သွေးကိုအပေါင်ထားလိုက်ပြီ
အတိုးဘယ်လောက်လဲ
                                                                              လင်းလက်တာရာ
                                                                                  ၂၅၊၂၊၂၀၁၃
Tuesday 16 April 2013
အာရုံကြောရုံမှ ထုတ်လုပ်တင်ဆက်ချက်များ
                         ရနံ့ ။ မိုးပေါ်က လျှောကျလာသလိုလို။ မြေကြီးထဲက တွန်းထိုးတက်လာသလိုလို။
မိုးနဲ့ မြေလွှာကြားက ဓါတ်ပြုမှု တစ်မျိုးလိုလို။  စိတ်ကြည်လွှာမှာ လာစိုက်နေတဲ့ ပုံရိပ်က အစိမ်း။ အရှင်။
ခေတ်ပေါ်ထုတ်ပိုးမှု မျိုးစုံ။
                         စုထားတဲ့ ရှုခင်း။ ကာဘွန်ဒိုင်အောက်ဆိုက်ဒ်တွေ နည်းအမျိုးမျိုးနဲ့ လွှတ်တင်နေကြ။
ကိုယ့်ဂစ်တာသံလေးဟာ ဘိုင်ပျက်နေတဲ့ ဂျစ်ပစီတစ်ယောက်နဲ့ ခပ်ဆင်ဆင်။ ကွမ်းယာဆိုင်က တစ်ခါသုံး
မီးခြစ်လေးလို တွဲလျောင်းကျ။ တစ်ခါသုံး ကွန်ဒုံးများ။ တစ်ခါသုံး နည်းပရိယာယ်များ။ လူနေမှု အဆောက်
အဦတွေ မြင့်မားလာပြီးနောက်။ သူလိုကိုယ်လိုထဲ သူလိုကိုယ်လို ပျောက်ဆုံးလာပြီးနောက်။ မေးရိုးကိုဖြောင်းခနဲ
ထိုးချလိုက်တဲ့ လက်သီးဟာ လူ့ ယဉ်ကျေးမှုကို မေးခွန်းထုတ်လိုက်တဲ့ လက်ခုပ်သံတွေ ဟုတ်မဟုတ်။
                       အစိုးမရခြင်းပေါ် လာနားနေတဲ့ လိပ်ပြာလေး။ နှုတ်ခမ်းချင်း ဖိကပ်ထားချင်တယ်။ လက်ဖဝါးချင်း
ပူးကပ်ထားချင်တယ်။ နှစ်ဖက်ချွန် ရမ္မက်တွေက ငါတို့ ကို လာလာတူး။ တိုးဖွဖွလေးဟာ ကျယ်လောင်ပေါက်ကွဲ။
ကိုယ့်အသွေးအသားထဲက လောက်တွေ   ကိုယ့်အသွေးအသားတွေကို မြိန်ရက်ရှက်ရည်။  သမိုင်းဘူတာမှာ
ရထားဟာ စက်ခေါင်းချိန်းသွားပြီ။  ဒီခရီး။  ဒီလမ်းနဲ့ ဒီပန်းတွေ။
                       အရက်ခွက်ထဲ ရေခဲတုံးလေးတစ်တုံး အရည်ပျော်သွားရုံ။ ရော့ခ်သီချင်းတစ်ပုဒ် တုန်းကြမ်းကြမ်းနဲ့ 
စောင့်ဝင်လာ။ ဂျင်းဘောင်းဘီ။ တီရှပ်။ ကျောပိုးအိတ်နဲ့ ငတ်မွတ်မှု တံဆိပ်တွေ။ လူသားရဲ့ ဘတ္ထရီဒေါင်းနေတဲ့
                        ကိန်းဂဏန်းတွေကပဲ ခင်ဗျားရဲ့ အရေးအကြောင်းတွေကို တွန့် ခေါက်သွားစေတာ။ ခင်ဗျားရဲ့
ဆံပင်တွေကို ကျွတ်ကျဲ သွားစေတာ။ လည်ချောင်းထဲ ခြေစုံပစ်ဝင်လာတဲ့ ထမင်းလုတ်တွေ။ စိတ်အညှိဟာ
ဂုဏ်သိက္ခာတွေ ဘယ်နှကီလိုလောက် မြိုချထားပြီးပြီလဲ။ ရှောင်ရင်းတိမ်းရင်း မြို့ကြီးနဲ့ မှ ငြိစွန်းခဲ့ရ။
                        တဖြည်းဖြည်း အရည်ထူလာ။  ထိခတ်မိတာနဲ့ ရှော့ခ်ဖြစ်ချင်လာ။  သောက်ပြဿနာတွေ။
အရေးပေါ်သတင်းကြေငြာချက်ကို လိုင်းအရှည်တွေနဲ့ ရေးချလိုက်တယ်။ ဒုက္ခသစ္စာများ။ ငယ်ဘဝလေးဆီ
ပြန်မျှားနေရတာ အရသာ။ စုန်သွားတဲ့ ရေအလျင်ထဲ အိမ်အရိပ်ကလေး စီးလို့ ။ သောင်တင်နေတဲ့ ကမ်းတွေ။
အထီးကျန်နေ့ တွေဆို ကိုယ့် Tango လေးကလည်း မျက်ရည်လည်တယ်။
                       လူငယ်တွေကပဲ ချွန်ထက်လွန်းတာလား။ လူကြီးသူမတွေကပဲ ပါးလှပ်လွန်းတာလား။  အင်္ကျီ
အသစ်လေးပေါ် ဆေးလိပ်မီးပွားတွေ ကျသွားတယ်။ ငါ အားအင်ချိနဲ့ ကုန်ခမ်းနေချိန်မှ မင်းက ပလက်ဆွဲဖြုတ်။
ရုတ်တရက်ကြီးအတိုင်း။   မိုးကြိုးပစ်သံအတိုင်း။   ချောက်ချောက်ချားချားဟာ   ချောက်ချောက်ချားချား။
အိမ်ပြန်စရာ လမ်းစရိတ်ကလည်း မင်္ဂလာဦးည အိပ်ယာလို တွန့် ကြေလို့ ။
                      ကိုယ်ပိုင် အပျော်လေးကို ချစ်သူနဲ့ လှော်ချင်တယ်။ ဇာတ်ဝင်ခန်းဟာ ကျောက်သားကျောက်စိုင်နဲ့ 
အသားစိုင်နဲ့  အကင်ဆိုင်နဲ့ ။ ငတေကလည်း မာလိုက်တာ။ လည်ပင်းထဲ ကန့် လန့် စူးနေတဲ့ အရိုးဟာ အမျှော်။
ကော်ဖီခွက်ထဲ ကြယ်တွေထည့်ဖျော်ထားတဲ့ ည။  ထင်ရှားသည့် အမှတ်အသား  မိသားစုပေါ်မှ အမာရွတ်များ။
ငါ့ကို ဘယ်သူ install လုပ်မှာလဲ။ တားဆေးတွေ ဘယ်လောက်ပဲ သုံးသုံး မခင်နှင်းဆီတွေ ပွင့်ဝေနေဦးမှာပဲ။
စက်ရုပ်ပြုံး ပြုံးတတ်ပြီ။
                                                                                        လင်းလက်တာရာ
၁၅၊ ၄၊ ၂၀၁၃။ သင်္ကြန်အကြတ်နေ့ ။
Tuesday 9 April 2013
ပစ္စက္ခသားကောင်ဟာ ကျွန်တော် ခင်ဗျား အခြား သတ္တဝါများ သွေးကို ပါးကွက်ကြားထားတဲ့ မိန်းမလှလေးရဲ့ nick name က ကမ္ဘာဆိုလား
ရုန်း
အားသွန်ခွန်စိုက်ရုန်း မဟားတရားရုန်း
တုံးပိနေတဲ့ဖားလို တန်းဆင်းဇုန်လို ရုန်း
ကျွဲလို နွားလို သုံ့ ပန်းလို ကလေးစစ်သားလို ရုန်း
ကောင်းကင်လွှာကြီးထဲ မြုပ်ဝင်နေတဲ့ တိမ်တစ်စလို လူ့ ဘဝကြီးရဲ့ သံယံဇာတဟာ လွတ်မြောက်မှု ဆိုလို့ 
ရီမုတ်နဲ့ ရစ်ထုတ်လို့ မရရင် ဓါးနဲ့ လှီးထုတ်ရမှာလား
မမြင်ကွယ်ရာများ အမိုက်အမဲများ ရှော့ခ်များ အရှုပ်ထုပ်များ
မီးဖိုကြီး ခေါင်းပေါ် ရွက်ထားသလို အခင်းအကျဉ်းများ
ကိုယ့်ရှိတဲ့ တစ်ပဲခြောက်ပြားလေးနဲ့ သန်းပေါင်း ၇၀၀၀ ကျော်အတွက် တွေးပူ
တစ်ယောက်နဲ့ တစ်ယောက် မမြင်နိုင်အောင် ပိန်းပိတ်လွန်းတဲ့ အမှောင်တွေကိုပဲ ရိုက်ခွဲ ပစ်လိုက်ချင်တယ်
ဟေ့ အချစ် မင်းလည်း စစ်အစိုးရမလုပ်နဲ့ ငါလည်း အစွန်းရောက် ပြည်သူ မလုပ်ဘူး
အရိအရွဲတွေထဲကပဲ အကြည်ဓါတ်လေးတွေ ကျင်ယူ ပြီးရင် ကြဲဖြန့် 
အမျှဝေသံတွေပဲ မျှဝေနေရတာတော့ မမိုက်သေးဘူး
အပျောက်အရှများများ အထိအရှများများ အပစ်အခတ်များများ
သန္စေပျက် အင်္ဂါတစ်ခုလို သွေးလွန် သွေးလို
မတရားလုစား လူတွေကြား တရားသဖြင့် တောင်းစားနေတဲ့ သူတောင်းစားလေးရဲ့ လိပ်ပြာက လွှတ်လှ
လန်ဒန်က လူငယ်တွေက ” ဂိုး”လို့ ထအော်
ကွာလာလမ်ပူက အိုဗာစတေးလေးက” ဂိုး“ လို့ ထခုန်
ရန်ကုန်က လက်ဖက်ရည်ဆိုင်လေးကလည်း “ ဂိုး” လို့ ထကြုံး
တစ်နေ့ တည်း တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဒါလည်း လွှတ်လှ
လူမျိုး ဘာသာ ဘာသာစကား ယဉ်ကျေးမှု နယ်ခြားစည်း ဘယ်လောက်ကွဲကွဲ
ရယ်သံကတော့ အတူတူပဲ ဒါလည်း လွှတ်လှ လွှတ်လှ
ခွဲစိပ်ပြုပြင်ခံရတဲ့ ရင်သား ခွဲစိပ်ပြုပြင်ခံရတဲ့ မျက်နှာ ခွဲစိပ်ပြုပြင်ခံရတဲ့ သဘာဝတရား
ပြီးခြေတု လက်တုများ အစစ်တွေ “အ“ ပြုတ်ကုန်ပြီ  မလှတော့ဘူးးးးး
ဆိုင်မှားထိုင်မိတာလား သံလွင်ခက် တစ်ပွဲနဲ့ ကြိုးဖြူငှက်တစ်ကောင် မှာထားတာကြာပြီ
ခုထိ လာမချပေးသေး လက်ဖက်ရည်ခွက်တွေတောင် ကွဲကုန်ပြီ
ဒီတစ်နွေသစ်ရင် အိမ်အသစ်လေးရော ရနိုင်ပါ့မလား
သစ်သီးရှာသွားတဲ့ ဖေဖေဆိုတာကရော သစ်ငုပ်တိုနားက ကျည်ခွံတစ်စလား
ဒီနေ့ ရောက်လာတဲ့ အမှန်တရားဟာ မနက်ဖြန်အတွက် မသေချာတော့ဘူးလား
ဝတ္တရားများစွာ ကရိကထများစွာ ပဋိ ရယ် ပက္ခရယ်က စွယ်တော်ရွက်လို အမြွှာ
ပြဿနာရဲ့နောက်မှာ အပေါင်းလည်းပါ အပါလည်းပါ e.t.c ရော infinity ရော
ဘစ်ကနီ လေးနဲ့ ဖလိုင်းကစ်စ် လေး ပစ်ချလိုက်တော့ လူ့ အဖွဲ့ အစည်းကြီးက သွားဖြီး သဘောတွေကျ
ရှောရှောရှူရှူ နေ့ ရက်တွေထဲ တစ်ငေါ့ ခုတ်ထစ် ပုံသွင်း
သားသတ်စခန်းထဲက သားသည်မိခင်တွေ
မီးထွန်းရှာနေကြတာ အမှန်တရားများလား ပြဿနာအူသံရှည်တောအုပ်ထဲ ဖြတ်နေရသလို ည  သွေးကြောထဲ အော်ပရာစီတွေ ထိုးသွင်းခံထားရတဲ့ ည
မီးထွန်းရှာနေကြတာ အမှန်တရားများလား   ပြဿနာပဲ
မာစတာ fec က သောက်ကြီးသောက်ကျယ် လာပြောနေတယ်
“သက်ရှိဒြပ်မဲ့ ဒြပ်ရှိသက်မဲ့ “ အဲဒီလို ပြန်ပြောင်းသုံးစွဲ ရတော့မလား
အရေပြားတွေလည်း နေစားလိုစား အာဏာ စားလိုစား မျက်ရည်တွေ အဖတ်လိုက်ကွာကျ
“ဟလို ဒီလ ငွေ့ မပို့ နိုင်ဘူး မေမေ“
အရွေ့ တစ်ခုခု  အရွေးခံ တစ်ခုခု “ချောက်ထဲကို ချောက်ထဲကို”
ဦးရှင်ကြီး သေခဲ့တာကြာပြီ 
ဂါထာမန္တရားတွေကြား ရုပ်ဝတ္ထု ယန္တရားတွေကြား လူသားဟာ ပီဇာလိုလို ဟမ်ဘာကာလိုလို
အမျိုးသမီးသီးသန့်  အမျိုးသားသီးသန့် ကား ရထား ကျားမသီးသန့် ဘာညာသရကာ ကျားမသီးသန့် 
ယုတ်စွ အဆုံး toilet ကအစ ကျားမသီးသန့်  လူသားဝါဒဟာ အဲ့သလို ဟုတ်စ
လှည်းတန်းက ခုံးကျော်တံတားကြီးကို ထမ်းထားနေရပါပြီ
မဟုတ်သေးဘူး ခေတ်ကြီးတစ်ခုလုံးကို ထမ်းထားတာ
သတိထား မနေတတ်မထိုင်တတ် ကိုယ့်ကျောက ကိုယ့်ဓါးကို သွားထိုးမိဦးမယ်
လွှတ်ပစ်လိုက်တဲ့ စိတ်တွေအတွက် မိတ္တူကူးမထားတော့ဘူး
စကားလုံးအိမ်ကြီးထဲ ပြတင်းတံခါးတွေ တပ်ဆင်လိုက်ပါ
လေနုအေးလား လေနီကြမ်းလား တစ်ခုခု.....
လင်းလက်တာရာ
၉၊၄၊၂၀၁၃
Saturday 6 April 2013
ဘူကန်းဆာရမြန်မာ
                                                 (၁)
                   ”ဆာရ မာလာယု”
                    ငါမလေးလူမျိုးလို့ အဓိပ္မါယ်ရတဲ့ စကားတစ်ခွန်းက
ကျွန်တော်တို့ ပါးစပ်ပေါက်တွေကို ဟောင်းလောင်းကြီး
ပွင့်သွားစေတယ်။ သိန်းဇော်က “သေဟ” ဆိုတဲ့  အသံတိတ်အကြည့်တစ်ချက်ကို
ကျွန်တော့်ဆီ ပစ်ပေါက်လိုက်တယ်။
မတတ်နိုင်။  ကိုယ့်ဒေါသနဲ့ ကိုယ် ခံလိုက်ရရုံသာ။ ကျွန်တော်ကလည်း အသေအချာ
အကဲခတ်ပြီးမှ ရွှေစစ်စစ်ဆိုပြီး တထစ်ထစ်ကျကျ ယုံမှတ်ပုံအပ်ခဲ့တာကိုး။
                     ဒီနိုင်ငံမှာ မြန်မာ၊  ဘင်္ဂလား၊  နီပေါ၊
အင်ဒိုနီးရှား၊  အိန္ဒိယ၊ ဗီယက်နမ်၊ သီရိလင်္ကာ စတဲ့
နိုင်ငံခြားသားပေါင်းစုံ  ရှိပေမယ့် ဘယ်နိုင်ငံသားဆိုတာ ကွဲပြားပါတယ်။
နည်းနည်းမှားနိုင်တာက မြန်မာနဲ့ မလေး။ တချို့ မလေးတွေက
မြန်မာရုပ်ပေါက်တယ်။ အသားညိုညိုနှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးစစနဲ့ ။
                    အရင်တစ်ခေါက် ဆိုင်မှာ အဲယားကွန်းလာပြင်ကတည်းက ဒီလူ
့ကို ကျွန်တော် သတိထားမိခဲ့ တာ။ အဲဒီတုန်းက မမေးဖြစ်ခဲ့ ။စိတ်ထဲကတော့
မြန်မာဖြစ်ဖို့ များတယ်လို့ ပဲ အဖြေထုတ်ခဲ့ မိတယ်။  ဒီတစ်ခေါက်တော့
မနေနိုင်မထိုင်နိုင်  လက်ပံပင်ဓါးနဲ့  သွားချိုင်မိပြီ။  ကျွန်တော်နဲ
့သိန်းဇော် စကားပြောနေတာကို အဲယားကွန်းပြင်ရင်း ကွက်ကြည့် ကွက်ကြည့်
လုပ်နေလို့ သေချာတယ်ဆိုပြီး  အပိုင်တွက်လိုက်တာ။
                     ကျွန်တော်တို့ ကလည်း ကျွန်တော်တို့ ပဲလေ။
ကိုယ့်ဘာသာကိုယ် အနေသာကြီးရယ်။ မျောက်လက်
 သေနတ်အပ်ထားသလို မနေနိုင်မထိုင်နိုင်။ မြန်မာဆိုတာနဲ့ မိတ်ဖွဲ့ ဖို
့ချောင်းနေတာ။ ကဗျာဆန်ဆန်ပြောရရင် မြန်မာငတ်တာပေါ့၊ မြန်မာချဉ်ခြင်းပေါ့။
ဒီစားသောက် ဆိုင်ရဲ့ ဝန်ထမ်း(၂၀)နီးပါးလောက်မှာ မြန်မာက ကျွန်တော်တို့ 
နှစ်ယောက်တည်း။ သောင်ပြင်မှာ လွတ်နေတဲ့ ရွှေဟင်္သာလေးနှစ်ကောင်လိုယောင်ချာ
ချာနဲ့ ။
                     “ငါတော့ မလေးလို့ မထင်”
                     သိန်းဇော်က ကျေနပ်ပုံမရ။
                     “တို့ ကို လိမ်နေတာများလား”
                     ကျွန်တော်ကလည်း သံသယဝင်။
                     နောက်ဆုံး အဲဒီလူ toilet ထဲ အသွားမှာ သူ
့ဆရာတရုတ်ကြီးကို အသာသွားကပ်မေးလိုက်တယ်။ “ခင်ဗျားတပည့်က ဘာလူမျိုးလဲ”လို
့။ တရုတ်ကြီးကလည်း အသံဝါဝါကြီးကို ပီပီသသ သွန်ချတယ်။ “မြန်မာ”တဲ့။
                      ကျွန်တော်နဲ့ သိန်းဇော် ဒေါသတွေက
ခြောက်ကြိုးပျက်သွားတဲ့ ဂစ်တာပဲ။ ဘယ့်နှယ်၊ မြန်မာလူမျိုးဖြစ်ပြီး
မြန်မာလို့ မပြောရတာလဲ။ မြန်မာလူမျိုးဖြစ်ရတာ ဘာဂုဏ်ငယ်၊ သိမ်ငယ်စရာ
ရှိလဲ။ အနာကို အပ်နဲ့ ထိုးစွလိုက်သလို၊ တီကို ဆားနဲ့ တို့ ထိလိုက်သလို
မခံသိမခံသာ ဖြစ်ရတာတော့ အမှန်ပဲ။ ဒါမှမဟုတ် ကျွန်တော်တို့ ကို
အတည်ပေါက်နဲ့ 
 နောက်နေတာလား။ မလေးဂိုက်ဖမ်းပြီး မလေးရူး ရူးနေတာလား။ဘာပဲဖြစ်ဖြစ်
ဒီလိုမျိုးကြီးတော့ မဖြစ်သင့်ဘူးလေ။
                   ကိုယ်တွေကတော့ မြန်မာအချင်းချင်း ခင်ချင်မင်ချင်တာ
တစ်ခုတည်း။ခုတော့သုံးကီလိုလောက်လေးတဲ့
 ကျောက်တုံးကိုရင်ဘတ်အောက်ထားပြီး အိပ်ရသလို အောင့်သက်သက်ဖြစ်ရတာပဲ
အဖတ်တင်တယ်။သူ့ ဘာသာသူ
 ဒေါင်းယောင်ပဲ ဆောင်ဆောင်၊ ကျီးယောင်ပဲဆောင်ဆောင်၊ စာကလေး ယောင်ပဲ
ဆောင်ဆောင်။ ကာယကံရှင် ကိုယ်တိုင်က သူ မလေးလူမျိုးလို့ ဆိုနေမှတော့
“အစ်ကိုက မြန်မာလား” လို့ သွားစပ်ဆော့မိတဲ့ ကိုယ့်ပါးစပ်ကိုယ်ပဲ ပလာစတာနဲ
့ပိတ်ကပ်ပစ်လိုက်တာပဲ ကောင်းမယ်။
                    နောက် တစ်လလောက်ကြာတော့ အဲယားကွန်းပြင်တဲ့ တရုတ်ကြီး
ထပ်ရောက်လာတယ်။  ဒီတစ်ခါတော့  ကိုယ်တော်ချောက ပါမလာ။ ပြောင်ချော်ချော်
မျက်နှာပေးနဲ့ နီပေါကောင်လေးပဲ ပါလာတယ်။ ဘာဖြစ်လို့ ပါလိမ့်။
သိချင်စိတ်ကလည်း ရေစီးသန်တဲ့ သံလွင်မြစ်လို။    ပါးစပ်ကလည်း
ဘရိတ်ပေါက်နေတဲ့ ကားတစ်စီးလို။ အမေးဝါကျ တစ်ကြောင်းက တရုတ်ကြီးဆီ
ဟူစိန်ဘို့ နီးနီးရောက်သွားတယ်။
                     “ရဲဖမ်းသွားပြီကွ၊ သူ့ ပါမစ်က အတုကြီး“
                     ကျွန်တော်နဲ့ သိန်းဇော် ၊ အဲဒီညက တော်တော်နဲ့ အိပ်မပျော်ပါ။
                     (၂)
                     klcc ဆိုတာ ဒါကြီးလား ဆိုတာ သိချင်တာနဲ
့ပိတ်ရက်တစ်ရက်မှာ ကျွန်တော်နဲ့ သိန်းဇော် ကွာလာလမ်ပူမြို့ထဲ
လစ်ထွက်လာခဲ့တယ်။မလေးရှားကိုရောက်တာ တစ်နှစ်ခွဲလောက်ရှိပေမယ့် klcc ဆီ
တစ်ခါမျှ မရောက်ဖူး။ အဝေးကနေပဲ တွေ့ ဖူးမြင်ဖူးရုံလောက်သာငေးခဲ့ရတယ်။
                     ခုတော့...အဲဒီ မိုးမျှော်တိုက်နောင်ကြီးရဲ့
ခြေရင်းမှာ ခြေချဖူးတယ် ရှိအောင် မရောက်ရောက်အောင်လာခဲ့တာ။ klcc
ကြီးကတော့ ကျွန်တော်တို့ နှစ်ယောက်ကို သူငယ်နပ်စားလေးတွေ ဆိုတဲ့
နိမိတ်ပုံမျိုးနဲ့ ပြုံးပြုံးကြီး ငုံ့ ကြည့်လို့ ။ ထုံးစံအတိုင်း
ရောင်စုံလူတွေက ကျိုက်ခေါက်ဘုရားပွဲလားမှတ်ရတယ်
                    ဓါတ်ပုံရိုက်သူရိုက်။ ဗီဒီယို
မှတ်တမ်းတင်သူတင်။ဦးထုပ်ပြုတ်ကျမတတ် မော့ကြည့်သူ မော့ကြည့်။
 ပေါင်တံဖြူဖြူလေးတွေ ငေးသူငေး။ စရိုက်အစုံစုံ၊ မြင်ကွင်း အဖုံဖုံပါပဲ။
ကျွန်တော်တို့ နှစ်ယောက်ကလည်း ကိုယ့်ရှိတဲ့ ဟမ်းဖုန်း အပေါစားလေးနဲ
့အက်တင်တွေ ပစ်၊ အမှတ်တရ ပုံရိပ်တွေ ဖမ်းပေါ့။ ဓါတ်ပုံကူးပြီး အိမ်ပို
့လိုက်ရင်တော့
 အမေ့အတွက် ရပ်ကွက်ထဲမှာ လှည့်ကြွား ခွင့် ဗီဇာလေး ရသွားနိုင်တယ်။
ဒီရုပ်ဒီရည်နဲ့ ဆို အနည်းဆုံးတော့ အိမ်ကကြွက်တွေ အသိုက်ပြောင်း
ပြေးနိုင်တယ် မဟုတ်လား။
                    klcc ကအပြန် ပူစပ်စပ်နေ့ ခင်းကြီးရဲ့ အရသာကို
ချွေးအပြိုက်ပြိုက်ခံစားရင်း နှစ်ယောက်သမား စကားတပြောပြောနဲ
့ကားစောင့်နေတုန်း။
                    “မောင်လေးတို့ ကလန်းကို ဘယ်ကားစီးလို့ ရလဲဟင်”
                    မြန်မာသံ စစ်စစ်ကလေး။ ရေတောင် မရောဘူး။ အကြည့်က
အသံလာရာဆီ အော်တိုမစ်တစ်။ ကျွန်တော်နဲ့ သိန်းဇော် မျက်လုံးတွေ
နွေခေါင်ခေါင်က ဘူးသီးခြောက်တွေလောက် ပြူးထွက်သွားတယ်။
                      “အစ်မက မြန်မာလို ပြောတတ်တယ်”
                      ကျွန်တော်ပါးစပ်က လွှတ် ခနဲ။
                      “ပြောတတ်တာပေါ့ ငါ့မောင်ရဲ့။ အစ်မက မြန်မာပဲ ဥစ္စာ”
                     ဗုဒ္မေါ။ ကျွန်တော့် မျက်လုံးတွေ မွဲများမွဲနေလား။
အမြင်အာရုံ ကို ထပ်မံစုစည်းပြီး ကြည့်လိုက်တယ်။ မလွဲ။ သေချာလွန်း
အားကြီးရဲ့။ အံ့သြမှုဟာ အရှင်လတ်လတ်ကြီး။
                      “တကယ် မြန်မာ၊ ဒါ ဆို ဒါတွေက...”
                      သိန်းဇော်က သူမကိုယ်ပေါ်က အဝတ်အစားတွေကို
ထူးဆန်းအံ့အားသင့် နေတဲ့ မျက်နှာထားကြီးနဲ့ လက်ညှိုးထိုးပြီး
မေးလိုက်တော့ သူမ မချိပြုံးလေးတစ်ပွင့်ကို ပန်ဆင်လိုက်တယ်။
                      “ရဲကြောက်လို့ ပါ ငါ့မောင်ရယ်၊ အစ်မက အမှန်
မဟုတ်ဘူးလေ။ အိုဗာစတေး“
                      ကျွန်တော်တို့ နှစ်ယောက် “သြော်” လို
့ပြိုင်တူထွက်သွားတယ်။ ရင်ဘတ်ထဲမှာတော့ နာကျင်မှု ရသခါးခါးတွေက
ဗိုင်းရပ်စ် တွေလို လျှပ်တပြက်အတွင်း ဝင်ရောက်လာတယ်။
                      “မောင်လေးတို့ က ဘယ်ကိုသွားမှာလဲ”
                      “ ကလန်းကို “
                     “ဒါဆို အတူတူပေါ့။ အဖော်ရပြီ”
                     “အစ်မက ကလန်းမှာ နေတာလား”
                     “ မဟုတ်ဘူး။ ကလန်းမှာ ညီမဝမ်းကွဲလေးတစ်ယောက် မနေ
့ကရောက်တယ်ဆိုလို့ သွားတွေ့ မှာ”
                      ဘက်စ်ကား ဆိုက်လာတော့ ကျွန်တော်တို့ သုံးယောက်
ကားပေါ် တက်လိုက်ကြတယ်။ ကားပေါ် ရောက်တော့ သူ့ အကြောင်း ကိုယ့်အကြောင်း
အင်ထရို ဝင်ကြတာပေါ့။
                      “မောင်လေးတို့ က ရောက်တာကြာပြီလား”
                      “တစ်နှစ် ခွဲ ရှိပြီဗျ။ အစ်မကရော”
                      “သိပ်မကွာပါဘူး။ နှစ်နှစ်ပဲ ရှိသေးတယ်။ အလုပ်အဆင်ပြေကြလား“
                      “ဒီလိုပါပဲ အစ်မရယ်။ အပြေကြီးတော့ မဟုတ်ပါဘူး၊
ဒါနဲ့ အစ်မက ဘာဖြစ်လို့ “အို” လိုက်တာလဲ“
                      “ဆေးကျလို့ ငါ့မောင်“
                      “သူဌေးက ပြန်မပို့ ဘူးလား”
                      “ပို့ တာပေါ့။ လေယာဉ်လက်မှတ်တွေ စီစဉ်ပြီးမှ အစ်မက
ထွက်ပြေးလာခဲ့တာ။ အိမ်က စီးပွားရေး အဆင်မပြေဘူးလေ။ ဒီကိုလာဖို့ တောင်
အတိုးတွေ ဆွဲလာရတာ။ ဘယ်ပြန်လို့ ဖြစ်မလဲ ။ မိသားစုကို ငဲ့ရသေးတယ်။
                      ဘဝ အမောတွေကို ပြန်ပြောင်းပြောနေတဲ့ သူမ
အမောပြေပုံမရပါဘူး။ နဖူးမှာလည်း ချွေးဥတွေ သီးလို့ ။ ကျွန်တော်တို့ ထက်
ပိုပြီး ပူလောင် အိုက်စပ်နေပုံက ကျိန်းသေပါပဲ။ မိသားစု အတွက်
ဘဝတစ်ခုလုံးကို အန္တရာယ်ပြေးလမ်းပေါ် ခင်းကျင်းထားရတဲ့ မြန်မာ အမျိုးကောင်း
သမီးတစ်ယောက်။ ကျွန်တော်နဲ့ သိန်းဇော် သက်ပြင်းတွေ ခိုးချနေမိတယ်။
ကိုယ်ချင်းစာ နားလည်ခြင်းတွေက ရင်ဘတ်ထဲမှာ လျှပ်စစ်လို စီးကူးလို့ ။
                       “အလုပ်ရော အဆင်ပြေရဲ့လား အစ်မ”
                      “ပြေတယ် င့ါမောင်၊ ပြေတယ်။ သူဌေးကလည်း ကောင်းတယ်။
လစာလည်း သင့်တယ်။ ကော်ဖီရှော့ပ် ဆိုတော့ အလုပ်လည်း သက်သာပါတယ်။
သြော်..ပြောရဦးမယ်။ အလုပ်မှာ အဆင်မပြေဘူးဆိုပြီး မ“အို” လိုက်နဲ့ နော်။
၂နှစ်ပဲ ဖြစ်ဖြစ် ၃ နှစ်ပဲ ဖြစ်ဖြစ် ၊ သည်းခံ ကြိုးစားလုပ် ငွေရအောင်
စုပြီး ပြန်တာ အကောင်းဆုံးပဲ။ မတော်တဆ အတိမ်းအစောင်းဖြစ်သွားရင်
ဘဝမှာရော၊  စိတ်မှာရော အနာတရတွေ ဖြစ်သွားမှာ။   အစ်မပဲကြည့်။ အိုဗာစတေး
ဖြစ်ပြီးကတည်းက ကိုယ့်အရိပ်
ကိုယ်တောင် ပြန်လန့် နေရတာ။ ရင်တထိတ်ထိတ်နဲ့ ။ ကျီးကန်းတောင်းမှောက်ရယ်။
အခု ဒီဝတ်စုံ ကြီးသာ ကြည့်တော့“
                       ကားပေါ်က ဆင်းပြီး အိမ်ကို လမ်းလျှောက်ပြန်လာကြတဲ့
ကျွန်တော်တို့ နှစ်ယောက် ဘာစကားမျှ မပြောဖြစ်။ နှစ်ယောက်စလုံးရဲ့
အတွေးယာဉ်ကြောဟာ မလေးအမျိုးသမီးရိုးရာဝတ်စုံကြီးနဲ့  သူမဆီ
ကူးလူးယှက်နွယ်
နေတာတော့ သေချာလွန်းပါတယ်။
                                            (၃)
                           မြန်မာနဲ့ မလေးရှား ဘောလုံးပွဲ
သတင်းကြားပြီးကတည်းက ကျွန်တော့်စိတ်တွေက ပုရွက်ဆိတ်အုံ တုတ်နဲ
့ထိုးထားသလိုပါပဲ။ “ဘူကစ်ဂျာလီ“ ဘောလုံးကွင်းဆီ သွားပြီး “မြန်မာကွ” လို
့အသားကုန် အော်ဟစ် အားပေး ပစ်လိုက်မယ်လို့ မောင်းတင်ထားလိုက်တယ်။
                           တကယ့်တကယ် ကန်တဲ့နေ့ ကျတော့ ခွင့်မရတာနဲ
့မသွားရ။ ခွင့်ရက်မပေးတဲ့ မန်နေဂျာကို စိတ်ထဲမှာ အကြိမ်ကြိမ် သတ်နေမိတယ်။
စားသောက်ဆိုင်ဆိုတော့ ထုံးစံအတိုင်း တနင်္ဂနွေက လူအမြဲကျနေကြ။
 တော်ရုံတန်ရုံနဲ့ ခွင့်ရက်မပေး။ တီဗွီက တိုက်ရိုက်လွှင့်ပေမယ့်
အလုပ်ချိန်ကြီးမို့  ကြည့်ခွင့်မရ။ သြော်...ဘဝရယ်။ ကိုယ့်ဆန္ဒကိုယ်
ထီးတစ်ချောင်းလို ချိုးခေါက်ထိုးထည့်ထားရပါလား။
                          ကြည့်ခွင့် မရပေမယ့် စိတ်ထဲကနေ
မြန်မာနိုင်ပါစေလို့ ကြိတ်ပြီး ဆုတောင်းနေမိတာ အကြိမ်ကြိမ်။
တခြားနိုင်ငံကို နိုင်တာထက် မလေးရှားကို နိုင်တဲ့ အနိုင်ကိုပဲ ကျွန်တော်
လိုချင်တပ်မက်မိတယ်။ အမြဲတမ်း အနှိမ်ခံ ဖြစ်နေတဲ့
သိန်းပေါင်းများစွာသောမြန်မာ အလုပ်သမားတွေအတွက် မြန်မာဘောလုံးအသင်းက
သွေးကြွေးစပ်ပေးလိုက်ရင် ဘယ်လောက်တောင် ကြည်နူးပီတိ ကျေနပ်စရာ
ကောင်းလိုက်မလဲ။
                          ဒါပေမယ့် ကျွန်တော့် ဆုတောင်း မပြည့်ခဲ့ပါ။
တီဗွီကြည့်ပြီး အားပေးတဲ့ သူငယ်ချင်းက ဖုန်းဆက်တယ်။ မြန်မာ ရှုံးပြီတဲ့။
ကျွန်တော့်တစ်ကိုယ်လုံး အားအင်တွေ ကုန်ခမ်းသွားတယ်။ ။ ဘာလုပ်ချင်
ကိုင်ချင်စိတ်မှ မရှိတော့။ အဲဒီညက ကျွန်တော့်မျက်လုံးတွေ ကြောင်နေတယ်။
သိန်းဇော်ကလည်း တောက် တခတ်ခတ်။ အဲဒီညမှာ ကျွန်တော်တို့ အိပ်မက်တွေ
အသေအချာ ပျောက်ဆုံးသွားခဲ့ပါတယ်။
                          နောက်နေ့ ၊  မြန်မာဆိုင်ကို ဈေးဝယ်သွားတော့
မြန်မာဆိုင်မန်နေဂျာ ကိုတီးက စိတ်ပျက်လက်ပျက်ပြောရှာတယ်။  သူက
ဘူကစ်ဂျာလီအထိ သွားအားပေးခဲ့တာလေ။
                          ” မြန်မာ ရှုံးလို့ စိတ်ပျက်ရတာက တစ်မျိုး၊
နောက်ထပ် စိတ်မကောင်းဖြစ်စရာတစ်ခုပါ ထပ်တိုးတော့ ငါ့မှာ ရင်ခံပြီး
တော်တော်နဲ့ အိပ်မပျော်ဘူး”
                          “ဘာစိတ်မကောင်းစရာလဲ အစ်ကိုရ”
                          ”စုပ်ဖွားဖွားလူတစ်ယောက်ပါကွာ။ အဲဒီလူက ငါနဲ
့ရှေ့ ဆင့်နောက်ဆင့် ဘောလုံးပွဲ လက်မှတ်ဝယ်တဲ့သူ။ မလေးဂျာစီ ဝတ်ထားတာ။
ငါကလည်း မြန်မာ ဂျာစီ နဲ့ ပေါ့။ ကွင်းထဲကို ဝင်တော့ အဲဒီလူက ငါ့နောက်က
ကပ်လိုက်လာတယ်။ ငါထိုင်တဲ့ နေရာနားမှာထိုင်တယ်။ ပြီးတော့ ဟိုကြည့်
ဒီကြည့်နဲ့  ဘာလုပ်လိုက်တယ်မှတ်လဲ”
                          ”မသိဘူးလေဗျာ”
                          ကျွန်တော်က သူ့ စကားကို ထောက်ပေးလိုက်တော့
အသံသြသြကြီးနဲ့ ပြောချလိုက်တယ်။
                          “သူ့ ကိုယ်ပေါ်က မလေးဂျာစီကို ဆွဲချွတ်ပစ်လိုက်တာ”
                          “ဒါဆို ကိုယ်တုံးလုံးကြီးပေါ့”
                          “ဘယ်ကလာ အင်္ကျီနှစ်ထပ်နဲ့ ကွ။ အောက်မှာ မြန်မာဂျာစီ”
                          “ဟာ ဒါဆို သူက မြန်မာပေါ့”
                          ကျွန်တော် တအံ့ တသြ။  အငမ်းမရ။
                          “ ဘယ်လိုမှကို ထင်မထားတာ။ ဒေးဗစ်ကောပါးဖီးရဲ့
ပြကွက်လားမှတ်ရတယ်။ ငါလည်း ခင်ဗျားက မြန်မာလားလို့ မေးလိုက်တော့ ပီပီသသပဲ
“အေး”တဲ့။ ဒါဆို ဒီမလေးဂျာစီက ဘာလို့ ဝတ်လာတာလဲလို့ မေးလိုက်တော့
ရဲကြောက်လို့ တဲ့ကွာ။ ကျုပ်က အိုဗာစတေးလေတဲ့။ ငါတော်တော် စိတ်မကောင်း
ဖြစ်သွားတယ်“
                           ကိုတီးရဲ့ မျက်နှာမှာ ဝမ်းနည်းမှု
အရိပ်အရောင် တွေ ပင့်ဂူမျှင်တန်းတွေလို ဖြတ်သန်းယှက်လွှမ်းနေတယ်။
ကျွန်တော့်ရင်ကမ်းစပ်မှာလည်း နာကျင်မှုလှိုင်းတံပိုးတွေ
တဝုန်းဝုန်းရိုက်ခတ်လို့ ။ အိုဗာစတေးဖြစ်လျှက်နဲ့ တောင် အန္တရာယ်ဇုံထဲ
ချဉ်းနင်းဝင်ရောက်လာရဲတဲ့ သတ္တိ။ မျိုးချစ်စိတ်အပြည့်ရှိတဲ့ သူ့ ကို
လေးစားညွှတ်ကိုင်းမိပါရဲ့။
                         သိချင်စိတ်ကတော့ အမျှင် မပြတ်သေးဘူး။
ဘောလုံးပွဲ ပြီးတဲ့အခါ သူ ဘယ်အင်္ကျီဝတ်ပြီး ပြန်မလဲ။ မလေးဂျာစီလား။
မြန်မာဂျာစီလား။ ကျွန်တော် ကိုတီးကို မျှော်လင့်တကြီးမေးလိုက်မိတယ်။
                         ” မလေးဂျာစီပဲ ဝတ်သွားတာပေါ့ ငါ့ညီရာ။ ဒါပေမယ့်
ဆို့ ဆို့ နင့်နင့်ကြီး ပြောခဲ့တဲ့ သူ့ အသံအက်အက်ကြီးကိုတော့ ငါ့နားထဲမှာ
ပဲ့တင်ထပ်နေတုန်းပဲ။ မြန်မာသာ နိုင်ခဲ့ရင် မလေးဂျာစီကို ကျုပ်
လုံးချေလွှတ်ပစ်ခဲ့မှာဗျ တဲ့“
                                                (၄)
                  ကျွန်တော်နဲ့ အရမ်းခင်ပြီး အလုပ်အတူတူလုပ်တဲ့
တရုတ်တစ်ယောက်က ကျွန်တော်နဲ့ သိန်းဇော်ကို ဒီည ညစာ ကျွေးမယ်လို
့ပြောထားပါတယ်။  သူ့ နာမည်က အာဝှမ်း။ အသက်က ကျွန်တော်တို့ လောက်ပဲ။
                    အလုပ်ပြီးတာတော့ ရေချိုး အဝတ်အစားလဲပြီး
အာဝှမ်းခေါ်ရာ ပါလာခဲ့တယ်။  အာဝှမ်းကတော့
 လေကလေးတချွန်ချွန်နဲ့ ကားမောင်းလို့ ။ တော်တော် အူမြူးနေပုံရတယ်။
ထူးထူးခြားခြားဖြစ်နေတာတော့ အမှန်ပဲ။ ဒီလို တစ်ခါမျှ ညစာ မကျွေးဖူးဘူးလေ။
                      “မင်းကြည့်ရတာ တော်တော်မြူးနေတယ်။ ဘာထူးနေတာလဲဟ“
                      ကျွန်တော်က မလေးလို  မေးလိုက်တော့ ငတီးသားက
ပြုံးဖြီးဖြီးနဲ့ ။ 4 D ပေါက်လို့ တဲ့။ 4D ဆိုတာ
ဒီနိုင်ငံမှာ တရားဝင်ဖွင့်ထားတဲ့ လေးလုံးထီ။ တစ်ပတ် သုံးရက် ထွက်တယ်။
မလေးငွေ တစ်ရင်းဂစ်ဖိုးပေါက်ရင်
၂၅၀၀ ရတယ်။ ခု ၃ ရင်းဂစ်ဖိုး ပေါက်တာဆိုတော့ ၇၅၀၀။ သူ့ လုပ်အားခ ၅လစာ။
ကျွန်တော်တို့ လစာဆိုရင် ၇ လနဲ့ ၁၅ ရက်စာ။
                        “ မင်းတို့ နှစ်ယောက်ကို ပြုစုချင်လို့ ကွ။
ငါအခု ဘယ်ကို မောင်းနေတာလဲ သိလား“
                             “ညစာ ကျွေးမယ်ဆိုတော့ စားသောက်ဆိုင်ပေါ့“
                             “ မဟုတ်ဘူး။ ကလပ်“
                             “အမ်“
                             “ကလပ်လို့ ပြောရင် မင်းတို
့မလိုက်မှာစိုးလို့ ဟီးဟီး“
                             ကျွန်တော်နဲ့ သိန်းဇော် တစ်ယောက်ကို
တစ်ယောက် ကြည့်ပြီး ကြောင် အ သွားတယ်။ ကလပ်ဆိုတာ ကျွန်တော်တို့ နဲ
့မရင်းနှီး မကျွမ်းဝင်သေးတဲ့ တီးလုံးစိမ်း။ မဖတ်ရှု မလှန်လှောရသေးတဲ့
စာမျက်နှာ။
                               “ ငါ မလိုက်ချင်ဘူး အာဝှမ်းရာ”
                               ငြင်းပေမယ့် မရ။
                               “မူမနေပါနဲ့ ကွာ။ မင်းတို့ ကို အတွေ
့အကြုံရစေချင်လို့ တမင်တကာ ခေါ်လာတာ။ အလုပ်ထဲမှာချည်းပဲ
 စိတ်နှစ်ထားတော့ စိတ်ပင်ပန်းတာပေါ့။ တစ်ခါတလေ ဒီလိုမျိုး
စိတ်အစာကျွေးရတယ်။ ထွက်ပေါက်ပေးရတယ်။ ဒါမှ လန်းသွားမှာ“
                               ကားက  နတ်သမီးလို့ အမည်ရတဲ့
ဆိုင်းဘုတ်အောက်မှာ ထိုးရပ်သွားတယ်။ ကြည့်လိုက်တော့ ကလပ်နဲ့ ကေတီဗွီ
အတွဲ။ အာဝှမ်းက” ရောက်ပြီ“တဲ့။
                             “ငြင်းမနေပါနဲ့ ကွာ။ ဘာပဲဖြစ်ဖြစ်
ရောက်ဖူးတယ် ရှိတာပေါ့”
                              သိန်းဇော်က ကားပေါ်မှ ပြောပြောဆင်းဆင်း။
ကျွန်တော်လည်း ဆက်ထိုင် နေလို့ မဖြစ်တော့။ အတွေ့ အကြုံအသစ်က
ကျွန်တော့်ကို လက်ယက်ခေါ်နေပြီ။
                             တံခါးဖွင့်ပြီး ဝင်လိုက်တာနဲ့ တစ်ကိုယ်လုံး
အေးစိမ့်သွားတယ်။ အမည်ဖော်လို့ မရတဲ့ အငွေ့ အသက်တစ်ခုက နှာခေါင်းဝကို
လာရိုက်တယ်။ မြူးကြွတဲ့ ဒီဂျေသံက အိပ်ပျော်နေတဲ့ လူငယ်စိတ်ကို အပ်နဲ
့လာစွနေတဲ့ အတိုင်း။ မှိန်ပျပျ မီးပြာရောင်လေးက ရိုမန့် တစ်ဆန်ဆန်။ အဲဒီ
ရိုမန့် တစ် မီးရောင်အောက်မှာတော့ လှုပ်ရှားယိမ်းနွဲ့ နေတဲ့
ခန္စာကိုယ်တွေ။
                           “ကဲ ကြိုက်သလောက် သောက်၊ ကြိုက်သလောက်က။
ကြိုက်သလောက်ကဲ“
                             အာဝှမ်းက ကြောင်တောင်တောင်ကြီး ဖြစ်နေတဲ့
ကျွန်တော်တို့ နှစ်ယောက်ကို လှုပ်နှိုးလိုက်ပြီး ကျွန်တော့်နားကပ်ကာ
စကားတစ်ခွန်းလာပြောတယ်။
                             “အာ..ဆာရ တာမောင်း တာမောင်း”
                             ငါ မလိုချင်ဘူး လို့ ကျွန်တော်
အတင်းငြင်းနေတာကို ကြည့်ပြီး အာဝှမ်း တဟားဟားရယ်တယ်။ အဲဒီနောက် သူ
့ဆီရောက်လာတဲ့ ပေါင်တံဖြူဖြူတရုတ်မလေးနဲ့ တွဲ က နေတာ အတွေ့ အကြုံ
အပြည့်အသိပ်။ မကြာဘူး။ ကျွန်တော်နဲ့ 
သိန်းဇော်ဆီလည်း ကောင်မလေးနှစ်ယောက် ရောက်လာတယ်။ တစ်ယောက်က ဖြူဖြူလေး။
ဗီယက်နမ်သူလေး ထင်တယ်။ တစ်ယောက်က ညိုချောလေး။ ထိုင်းမလေး
ထင်တယ်။သိန်းဇော်က လျှင်တယ်။ ဗီယက်နမ်သူလေးရဲ့ လက်ကိုဆွဲပြီး ဒီဂျေရဲ့
                             ကျွန်တော့်မှာသာ ညိုချောလေးနဲ့ ဘာလုပ်လို
့ဘာကိုင်ရမှန်းမသိ။ ကျွန်တော်သူမကို မရဲတရဲ
 ကြည့်လိုက်မိတယ်။ မှိန်ပျပျ မီးပြာရောင်လေးအောက်မှာ သူမရဲ့ မျက်ဝန်းတွေက
မှိန်ဖျော့လို့ ။ အေးစက်စက်အမူအရာက စိတ်နဲ့ လူနဲ့ ကပ်ပုံ မပေါ်။
လတ်ဆတ်ဖျတ်လတ်မှုတွေ  ဆုံးရှုံး ကုန်ခမ်းနေတဲ့ပုံ။
ဝတ်ကျေတန်းကျေရုံလေးလောက်သာ
တာဝန်အရ ဆက်ဆံနေရမှန်း သိသာပါတယ်။
                            ကျွန်တော် ထိုင်ခုံပေါ်မှာပဲ
ကျောက်ချနေမိတယ်။ သူမက ဘီယာတစ်ခွက် ငှဲ့ ပေးပြီး ကျွန်တော့်နား ရို့ ရို
့လေးလာထိုင်တယ်။ ဝန်းကျင်တစ်ခုလုံး  သွေးဆူပူညံနေပေမယ့်ကျွန်တော်နဲ့ 
သူမကြားမှာတော့
 အေးစက်တိတ်ဆိတ်မှုတွေပဲ ကြီးစိုးနေတယ်။
                          “အာဝါ့ နာမ စီရာ့ပါး”
                           အဲဒိအေးစက်တိတ်ဆိတ်မှုတွေကို ဖြိုခွဲဖို
့“မင်းနာမည် ဘယ်သူလဲ“ လို့ ကျွန်တော် မေးလိုက်တယ်။
                           “လီလီ“
                           သူမ နှုတ်ခမ်းဖျားက ပန်းကလေးတစ်ပွင့် ရဲ့
နာမည် လိမ့်ကျလာတယ်။လှလိုက်တဲ့ နာမည်လေး။
ဘာလူမျိုးလဲလို့ ထပ်မေးလိုက်တော့ “ ဆာရ ထိုင်လန်“တဲ့။ထင်တော့ထင်သား။
ထိုင်းမလေးနဲ့ တူပါတယ်လို့ ။
                          အာဝှမ်းနဲ့ သိန်းဇော်ကို လှမ်းကြည့်တော့
ကောင်းနေပြီ။ အာဝှမ်းက တရုတ်မလေးကို ရင်းဂစ်တွေ ထုတ်ပေးလိုက်၊။
တရုတ်မလေးက အာဝှမ်းကို အနမ်းပန်းတွေ ပြန်ပေးလိုက်။ ပန်းရောင်ရင့်ရင့်တွေ
ယှက်သမ်းခြုံလွှမ်းလွန်းတဲ့
ဇာတ်ဝင်ခန်းမှာ အာဝှမ်းလက်က မျောက်လက်။ အငြိမ်မနေဘူး။ တရုတ်မလေးရဲ့
ခန္စာကိုယ်ပေါ် စန္ဒယား အတီးသင်
နေတဲ့ အတိုင်း။ ကျွန်တော် ဆက်မကြည့်ချင်တော့။ လီလီဆိုတဲ့ ထိုင်းမလေးငှဲ
့ပေးတဲ့ဘီယာခွက်ကိုပဲ
 ကောက်ကိုင်လိုက်မိတယ်။
                         “ နင်လေသတိရရင် x x x ဖုန်းဆက်ပါ အချိန်တိုင်း
x x x  လေပြည်စကားနဲ့ 
တင် ကျေနပ်တယ် x x x ဆုံစည်းဖို့ နေ့ ရက်လေး x x x “
                          ရုတ်တရက် ဖုန်းလာလို့ ထမြည်တဲ့ မြန်မာ
သီချင်းလေး တစ်ပိုင်းတစ်စ က လီလီ့ ဆီမှ။ ကျွန်တော် တုန်လှုပ်
ချောက်ချားသွားတယ်။ သူမက သွေးမရှိတော့တဲ့ မျက်နှာနဲ့  ဟမ်းဖုန်းကို
ပိတ်ပစ်လိုက်တာ ကတုန်ကယင်။
                           “ ဘူကန်း ဆာရ မြန်မာ ၊ ဘူကန်း ဆာရ မြန်မာ“
                            ဘူကန်းဆိုတာ မဟုတ်ဘူး၊ ဆာရ ဆိုတာ ငါ။ ငါ
မြန်မာ မဟုတ်ဘူးလို့ အသည်းအသန်ငြင်းဆန်ရင်း ကျွန်တော့် အနားကနေ ရှက်ရွံ
့အားငယ်စွာ ပြေးထွက်သွားတဲ့ သူမ။ ကျွန်တော့် တစ်ကိုယ်လုံး ချုံခို
တိုက်ခိုက်ခံလိုက်ရသူလို ။ အာဝှမ်းပြောခဲ့တဲ့ စကားတစ်ခွန်းက နားထဲကို
သံရည်ပူတွေ လောင်းထည့်လိုက်တဲ့ အတိုင်း။
                          “ မင်းကြိုက်ရင် ဈေးတည့်အောင် ညှိ ၊ အိမ်အထိ
ခေါ်လို့ ရတယ်“
လင်းလက်တာရာ