Wednesday 31 July 2013

ကျွန်တော် ရောက်လေရာ မြန်မာအသိုက်အဝန်းမှာ သုံလေ့သုံးထရှိတဲ့ ' ကမ္ဘာကြီး' ဆိုတဲ့ စကားလုံးအားလည်း ကျေးဇူးက တင်ချင်ပါသေးတယ်


ကိုင်း ကိုင်ပြီ။ ဒီစကားလုံးတွေ ပါဝင်ဝါကျတွေ
ရောင်စုံအရေးအသား A-4 စာရွက်တွေ လေထဲ တဖျတ်ဖျတ် တပ်ထားတယ်
ပင်လုံလမ်းမကြီး အသစ်မှာ ကျီးကန်းတွေ မလွဲမချော် တစ်သဝေမတိမ်း
အဖြစ်အပျက်တွေ အရေပြားထဲဝင်သွား
ဆက်တိုက် ညနေဆိုးများ၊ အလျင်မပြတ် မနက်ကောင်းများ
ဖြတ်နေသမျှ အားလုံးတင်းကျပ် အာရုံကြောတိုင်း အမနာမ်ဆိုင်ရာ ဖြစ်ရဲ့
ကမ္ဘာ့မြေပုံချပ်ကြီးထဲက စက္ကူစွန်ပုံစံ အမြီးတစ်ကြောမှာ
ငါ့ဘော်ဒီ အတွင်းထဲက ခေါင်းလောင်းသံတွေ ငါပြန်ဆို
ညှိလက်စတစ်တိုတိုင်းဟာ နောက်ဆုံးကျည်ဆံ
နောက်ဆုံးကျည်ဆံကိုပဲ အရသာမျှော် ဖွာရှိုက်လိုက်ပါတယ်
သင်္ချိုင်းမှ အားလုံးပြန်ရှင် စစ်ပွဲပြန်မိသားစုတွေ ပြန်ဆုံဖို့ တစ်နေ့ နေ့ 
ရပ်စပြူတင် ပါရာမောင့် ရုပ်ရှင်ထုတ်လုပ်ရေး တော်ဖလာ၏
တတိယလှိုင်းနှင့် စတုတ္ထလှိုင်းများ စီးတငြိမ့်ငြိမ့်ကမ္ဘာ
အချစ်လောက် ညစ်ပတ်စုတ်ပြတ်တဲ့အရာ ဘယ်မှာမှ မရှိဘူး
ခါးအောက်ပိုင်းအားလုံး စွမ်းအားပြည့် လဲလျောင်းချည့်နဲ့ 
ပုံစံတူ အသံပက်တန်များ အလျားဆွဲဆွဲငင်ငင်
' ပေါလ်ကို ပေးဖို့ ဂျွန့် ဆီက လုရစမြဲ' တစ်ကိုယ်ရည်သုံး ငွေကြေးပေါ်လစီ
မက်သနောအပြည့်တင်ဆောင်လာသော ဟူးမင်းန် ဗိုက်ဗုံးကြီး
မတော်တဆလိုလို သစ်သီးမှည့်အဖြစ် လောင်ကျွမ်းနေဆဲ ပြာတစ်တောင့်အဖြစ်
မီးအရည်ပျော်ယိုစီး အငွေ့ ပျံ၊လပြည့်ဝန်းဆီ မရောက်သေးလဲ ဘာဖြစ်လဲ
ကွင်းစကွင်းပိတ် ကျယ်ပြောနိုင်သလောက် မသိမသာချက်တွေ ဝပြောသာယာ
'လုပ်မထားတဲ့နေ့ ဟာပိုမူးတယ်'
ဒုက္ခပါပဲ စာရွက်ဖြူဖြူလေး ပေရေကုန်ပြန်ပါပြီ
သမီးနဲ့ အန်တီ အသက်အရွယ်ကွာတာက လွဲလို့ သူ့ အတွက်တော့ အတူတူပဲ
မှတ်ပုံတင်နဲ့ ကဒ်ပြားစာအုပ်နီ ကိုင်တဲ့ လူတစ်ယောက်က ပွဲစားလို စကားပြောတယ်
ဘယ်သူမှ မလွတ်ပါဘူး၊ ဧရာမ မိုးပျံ ပူဖောင်းကြီး ငြိနေတဲ့ မြို့
အမြတ်နိုးဆုံးမှ အလုခံရခြင်း
ဤဝါကျသည် ကျစ်လစ်သိပ်သည်း၏
အခြားသောဝါကျသည် ပွယောင်းခေါင်းဆံသည်
ခင်ဗျားဦးခေါင်းမအေးသေး၊သိပ်မကဲရင် ခေါင်းမခဲပါ ခဲများကျလာမည်
ချက်ကြိုးတစ်ချောင်းတည်းနဲ့ ပွင့်ဖတ်ပွင့်ချပ် အင်္ဂါအိမ်ကြီးထဲ
ငါ ဦးစောက်ကျွမ်းပြန်လည်မွတ်နေပြီ
မျက်ခွံပေါ်မျက်ရည်စက်၊ မိုးထဲလေထဲ စိုးမိုးထွန်းကိုလည်း ထွန်းညှိထားပါတယ်
Emotion ဘယ်တော့ ဟုန်းခနဲ တောက်မယ် မသိ
ကိုယ့်ခါးပေါ် မွေးမြူနေသော ပေါက်ဖတ်တစ်ကောင်
မောမောနဲ့ ကွန်မြူနစ်ကေးရှင်းမြောက် အချစ်
သစ်ပင်နဲ့ ကျားသစ်ဟာ တစ်သားတည်း
မြစ်တွေတောင် ကျိုးပြီး ကျန်ရစ်ကြ
သင်္ကြန်လို ထိန်ထိန်သာချင်ပါတယ်
တစ်ယောက်မျက်လုံးကနေ တစ်ယောက်မျက်လုံးထဲ သွေးစက်တွေ
မိန်းမတွေ ဂါဝန်မလိုက်ကြပြီး ယောက်ျားတွေ ကျည်ခါးပတ်ဂန်း ဖြုတ်လိုက်ကြတယ်
သစ်စေ့တွေက စားပင်တွေဖြစ်လာတယ် စားပင်က သစ်စေ့တွေ ပြန်ပေးမယ်
ကမ္ဘာကို ဖက်ထားလိုက်


( ဆရာလူဆန်းရဲ့ ' ရေးသူလူဆန်း' ကဗျာစာအုပ်ပါ စာသားများနဲ့ ပြုလုပ်ထားပါတယ်)


လင်းလက်တာရာ
31.7.2013

Tuesday 23 July 2013

စာသားအဆောက်အအုံမှာ ပြတင်းပေါက် တပ်လိုက်တယ် ဝရန်တာ ထည့်လိုက်တယ် လေကောင်းလေသန့် ပါ ဖြည့်လိုက်တယ်




ရှုခင်းကို ရှူသွင်းပစ်လိုက်တယ်။ မြင်ကွင်းကျယ်။ အဆုပ်ထဲဝင်သွားတဲ့ နေ ရှိရာ
ခေါင်းငိုက်စိုက် ပွင့်နေတဲ့ နေကြာတွေ။ နေရတာလည်း ကြာပါပြီ။ မကြာလိုက်သလို
မနေ့ တစ်နေ့ က လိုလို။ လိုလို လားလား ကိုယ့်ကြာမျိုး ၅ ပါးနဲ့ ကိုယ် ။ ကိုယ့် အာရုံ ၅ ပါးနဲ့ ကိုယ်။
မသိလို့မိုးလင်း မသိလို့မိုးချုပ် အမိုက်အမဲလေးတွေမို့ အမှောင်အမဲကြီးများ ခွင့်လွှတ်ပေးပါ။
ဂျိုးဖြူအစား ခိုဖြူတွေ ခိုးလွှတ်လိုက်မိတယ်။ ခေတ်ကြီးထဲမှာ ခိုကပ်နေရပါတယ်။
ညည်းနေတဲ့ခိုတွေမှာ ငြီးစရာအဟောင်းနဲ့ ငွေ့စရာအကြောင်းတော့ရှိမှာပေါ့
လူ့ဘဝဟာ အဲ အဲ ခိုဘဝဟာ ငြီးစော်နံလာတဲ့ကုန်တင်ကားကြီးပေါ့
အညပ်လည်းခံရပါတယ် အညံ့လည်းခံရပါတယ်ဆိုတဲ့ ခြင်းထဲကသစ်သီးတွေပေါ့
ဆိုပါစို့ လို့ဆိုပြီး ဆက်ပြောတာပေါ့။ ရပ်နေတဲ့အရပ်ကနေ ဆက်သွားလို့မရတဲ့ စက်သွားတွေပေါ့
အပေါစားဆန်/ဆန် မပေါ့မပါးကိုင်းညွှတ်နေရတဲ့ စပါးနှံလေးပေါ့
ဈေးကွက်စီးပွားရေးထဲ သွေးထွက်လွန်နေတဲ့ သနပ်ခါးနံ့လေးပေါ့
ပေါ့ပ်ယဉ်ကျေးမှုဆိုတော့ ပေါ့မှာပေါ့။ အပျော်ဖတ်ဟာ ပျော်စရာမကောင်းတဲ့ ပျော့ဖတ်တွေပေါ့
စက်ရုံထဲဝင်သွားပြီး စက်ရုံထဲကပြန်ထွက်တော့ စက္ကူဘဝပဲပြန်ရောက်ရတယ်
စက္ကူလမ်းပေါ် စာသားလေးတွေ လမ်းလျှောက်နေတယ်။ စာကလေးတွေ လို စာသားတွေ
အုပ်လိုက် ပြိုကျလာတဲ့ ဒီနေ့  နောက် မနက်ဖြန် နောက် သူသူငါငါ ပန်ဖို့ ပစ္စပ္ပန်
အပွင့်စနစ်နဲ့ ဇာတ်မျောတစ်ခုပဲ ကျွန်းမျောတစ်ခုပဲ ရွေ့ တော့ရွေ့ သလိုလို
ဒိန်ခဲ တွေ ရွှေ့ ယူရတာပေါ့ ကြွက်တွေက အနံ့ ခံသိပ်ကောင်း။ ကြောင်တွေ သင်ယူသင့်
ငါးကြော် ဟာ မြစ်ထဲကျသွားတယ် ကူးတယ်ခတ်တယ် သိပ်ခက်တယ် အခက်အခဲတွေ
အပြွတ်လိုက် အခက်လိုက် သီးချိန်တန်တောင် ပွင့်မလာဘူး လိပ်ပြာတွေ ရနံ့ အဖြစ် ပြောင်းလဲတင်ဆက် ပြုလုပ်။ ပြုတ်လု ပြုတ်ခင်လေးမှာ မျိုးပွားလာတာပါ
အင်းဆက်တွေ။ facebook ကို face Mask စွတ်ပြီးသုံးသင့်လာတာ။ ကျန်းမာရေးအရ
ဘယ်သူဘယ်ဝါရဲ့ အသက်ရှူလမ်းကြောင်းတည့်တည့်မှာ လေလည်ရမယ်ဆိုတာမျိုးတွေ။
လေဝင်လေထွက် အပေါက်ကလေးကနေ နေဝင်နေထွက်ကိုစောင့်ကြည့်ရမှာ
၂၀၁၅ / ၂၀၂၀/၂၀၂၅ / ၂၀.. ကိန်းဂဏန်းတွေတွက်ချက် ရွေ့လျား။ မြေကြီးအောက်မှာရေတွေ ဘယ်အချိန်ကရောက်ခဲ့သလဲဆိုတာထက် မြေကြီးအောက်ကို မြို့ကြီး ဘယ်တော့ရောက်သွားမလဲဆိုတာ
မြှုပ်တာနဲ့ မြုပ်တာက မယားညီအစ်ကို လိုလို အိုးစားဖက်လိုလို စစ်ကြီးစစ်စစ်တစ်ခွက် ဘယ်လောက် အပေါ်ဘလောက်နဲ့ အောက်ဘလောက်ကြားမှာ ကဗျာတော့ ရှိမယ် ထမင်းချိုင့်လေးတွေထဲမှာ ချိုင့်ဝှမ်းလွင်ပြင်တွေ ရှိမယ် စလင်းဘတ်လေးတွေထဲ တစ်ခါသုံးတွေ ရှိမယ် ပက်ဘလစ်ဖုန်းထဲမှာ
သူမ ပုံသဏ္ဍာန်အမျိုးမျိုးနဲ ကွေ့ ကောက် ဖြောင့်စင်း။ ကြိုးဟာ ကျိုးသွားပြီ ။
အီဖယ်လ်မျော်စင်ပေါ်နားတဲ့ငှက်ဟာ နှစ်ထပ်သင်္ဘောနဲ့ မြို့လေးပေါ်နားတဲ့ ငှက်နဲ့ 
အတွေးအခေါ် တော်စပ်မစပ်။ ငြုပ်သီးပိုးဟာ ငြုပ်ဆုံထဲမှာ သူ့ အဓိပ္ပါယ်သူ လှလှပပထောင်းပြသွား
သူ့အကြောင်းက ကိုယ့်ခေါင်းကိုလာဖိထားတယ် သူ့အထာကို ကိုယ့်လျှာနဲ့ရသလောက်
အရသာခံမိတဲ့ ရသတဏှာ ညပြာပြာ လဝါဝါ အမှောင်ရဲ့ကြွက်သားပေါ်တွားတက်လာတဲ့ အမှား
အမှန်တရားကို မင်ရည်ကျဲလိုက်တာလား ချဲ့ လိုက်တာလား ။ သနပ်ခါးရေကျဲလေးက အိပ်စ်ပါရာဒိတ်ကုန်နေလို့ လား။ ကုန်းလမ်းရော ရေလမ်းပါ ယမ်းတွေနဲ့ ဝိုင်းလိုက်ကြ။
ကျည်ခွံတွေနဲ့ ဉီးခေါင်းခွံတွေပဲကျန်တော့တဲ့ မြို့ခွံကြီးကို ဘယ်လိုအခွန်တွေနဲ့
ပြန်လည်တည်ဆောက်ဖို့ ။ တည်ထားတာပျောက်သွားတယ် ဟိုနားဒီနား ရှာမိ
နားနှာခေါင်းလျှာပါးစပ်မျက်စိ အရသာရှာဖွေတူးဖော်စေ့ငုရေး အေဂျင်စီ
ဆီမထည့်ဘူးလား ဆီထည့်မှ လည်မှာ ဆီဟာ စာပဲ စာများများထည့် ဆားတော့ များများမထည့်နဲ့  ချိုသွားဦးမယ် ချိုရာသွားရာတော့ ဘယ်ကင်းကင်းပါ့မလဲ နွားက ပလာတာ မစားဘူး ပီဇာပဲစားတယ် အို မြက်နုလေးတွေပေါ် နှင်းဥတုကလေးငဲ့။ စွတ်စွတ်စိုနေတဲ့အတောင်ပံတွေကိုလည်း နေလှန်းထားပါတယ်
ရန်ကုန်ဟာ ငါတို့သွေးခုန်နှုန်းကို ထိုးထိုးဆောင့်တယ် ဟေးးး တိုးတက်လာပြီကွ
ဟေ့ ပျော်ပျော်ပါးပါး ဘတ်စ်ကားကြီး မငြီးဖွယ် မညည်းဖွယ်
ထပ်ခိုးတွေပေါ် တစ်ကောင့်အသံ တစ်ကောင် ကန်းရိုးတန်းကကြားနိုင်တယ်
ဓါးရိုးကမ်းနည်းအမျိုးမျိုး။ ဖျံကျနည်းအမျိုးမျိုး ။ ခွေးကျဝက်ကျနည်းအမျိုးမျိုး
နောက်ဆုံးပေါ်နည်းစနစ်များနဲ့ ဂါနိုင်ပါတယ် ဂိန်နိုင်ပါတယ် ဂေါ်နိုင်ပါတယ်
ခွေးချေးကြုံးတဲ့ ဂေါ်လည်းဖြစ်နိုင်ပါတယ် ။ sexyတွေ ပေရေနေတဲ့ ဆော်တွေ
ဘီးကြဲ ဘဲကြီးလား အာလူးနဲ့ ရောပစ်မယ် ဆိုပါလား ဟာဟ ဟာသ ထပ်ချည်းတလဲလဲ သမုဒယမှာ ဝါဆိုနိုင်လွန်းတဲ့ မိုးတွေ ။ ဒီမိုက ဘယ်လို ဟိုမိုက ဘာညာ သာရကာ သာလိကာ ။ လသာမသာထက် မီးလာမလာဘဲ ဆုတောင်းနေကြရတဲ့ ငါတို့ မသာတွေ ။ မင်းမျိုးမင်းနွယ်လည်း သေမျိုးသေနွယ်ပါပဲ
ပေါက်ကရ ၄၀ မဟုတ်ပါဘူး ပေါက်ကရ ၅၀ ၊ ၆၀၊ ရ၀...။ ၁၀၀ တန်ချင်းအတူတူတောင် တစ်သိန်းလောက်ကွာတယ်။ သိမ်းထားတာကြာပြီ နန်းကိုသိမ်းနေပြီ မြို့ကိုသိမ်းနေပြီ
မြို့ရိုးနဲ့မြို့ဟာ မရိုးတော့တဲ့မြို့လား အရိုးပဲကျန်တော့တဲ့မြို့လား
အဆီတစ်ထပ် အသားတစ်ထပ်ကြီးလား တစ်ထပ်ပြီးတစ်ထပ် ဂရိတ်ဝေါလ်ကြီး လည်ပင်းပတ်လာပြီ။ ပြူးလာတယ် ပျာလာတယ် ဖြူလာတယ် ဖျားလာတယ်။ အဖျားဟာ အရင်းကိုရောက်လို့မဖြစ်ဘူး။ အရင်းကိုစစ်အမြစ်ကိုလှန် မြစ်လန် ချောင်းလန် တောလည်းလန်
တောင်လည်းလန် အလံကို တစ်လန်အကွာမှာ ဉာဏ်ဘယ်နှထွာလောက်မြင့်မြင့် လွှင့်ထားရမလဲ
လေထိုးလေလျော်လား ဟိုလူကြီးက လက်ညှိုးထိုးပြီး ရောင်းနေတာ မိုက်မှမိုက်
တိုင်းပြည်က ချမ်းသာပြီး ပြည်သူတွေက ဆင်းရဲသတဲ့ မဆင်းရဲပါဘူး
အောက်မှာ ခွေးနက်ကြီးက ဆွဲဖို့ မာန်ဖီနေတာ။ ဆီးဂိမ်းမှာ ဗိုလ်စွဲမလား ပျားစွဲမလား
လောလောဆယ် ယင်အုံနေတယ် ရင်ဘတ်က ဘက်ဂျက်တော်တော်ထိနေတယ် တစ်ချက်ခြစ်တစ်ချက်တောက်တတ်တဲ့ အကုသိုလ်မီးတို မီးစလေး အပြာရောင်ဟာ ပြာကျသွားတယ် အပြာကားဆန်ဆန် ကားပြာထဲက ကြွက်တွေက ထမင်းဖိုးတောင်းပြန်ပြီ KTV ဖိုးတောင်းပြန်ပြီ လမ်းလယ်ခေါင်ကြီး လူလည်ခေါင်င်္ကြီးး အရှက်မရှိ သရက်စေ့ဟာ အပင်ပေါက်လာပြန်ပြီ အတောင်ပါ ပေါက်လာပြန်ပြီ ပေါက်နေတဲ့ ဖိနပ်နဲ့ နင်းတယ် အမှန်ဆို နမ်းရမှာ
အခန်းတွေ ဖြတ်ချခံရ ဆင်ဆာ။ ဆင်တော့မဆာပါနဲ့ ဗျာ စင်ပေါ်က ဆင်းပါတော့
အဆင်းမှာအစွပ်ခံရတဲ့ပန်းကုံးဟာ အဆင်းမှာတပ်ပေးလိုက်တဲ့ဘီး
ဘီးကုတ်ကလေးလည်း ဘီယာနဲ့အမြည်းခံလိုက်ရပြီလား ဘေဘီ
ဘေထုပ်ပုံထဲမှာ ဘဝကိုရှာမတွေ့တော့ရင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုမှမလဲနိုင်ပါဘူး သန်းခြောက်ဆယ်တန်ကစားသမား ဘယ်နှရာသီကုန်ကုန် အရန်ခုံမှာ မကုန်နိုင်တဲ့ဒဏ်ရာနဲ့
ကုန်ကုန်ပြောရရင် မကုန်နိုင်မခမ်းနိုင်တာတွေလည်း ကုန်နေပြီ ခမ်းနေပြီ
ခမ်းနားလွန်းပါတယ် အခမ်းအနားကြီးရယ် လေးစားပါတယ် အလေးပြုပါတယ်
လုမပြေးပါနဲ့ လစ်လျုမရှုပါနဲ့ ဆိုက်ကားဆရာတွေသယ်လာတဲ့ပန်းခွေမှာ ဘဝနဲ့သီထားတဲ့
မျက်ရည်တွေပါတယ်။ ပါပါရာဇီတွေ ရာသီစာတွေနောက် ကောက်ကောက်ပါလွန်း
ကောက်သော်စားမကုန် ဖြောင့်သော် စားမလောက်။ ဗိုက်ရွှဲကြီးပေါ်မှာ ပါးနုနုလေး
ရှက်သွေးဟာ ရာသီမလာတော့ဘူး။ ဥတုကလည်း အင်ထုထားတဲ့အတိုင်း။
စာဥနဲ့ ငုံးဥရော ခင်ဗျားကွဲရဲ့လား ။ ဥလည်းကွဲတယ် အသိုက်လည်း ပျက်တယ်
ဘုတ်သိုက်သိုက် ဆံပင်အရှုပ်အထွေးကြီး အပေါ်က ထွေးချလိုက်တဲ့ တံတွေးဟာ ထမင်းစားပွဲပေါ်လာကျတယ်။ သေနာကျတွေ။ သေနာပတိတွေ ။သဘာပတိတွေ။
ရွှေဖြင့်အတိပြီးသော အပုပ်ကောင်တွေ။ ကောင်းလား မန်းလေးမြို့ကြီး ကို အရသာခံမိလား
ခွီးမှပဲ ခကွေးအက္ခရာတွေနဲ့ ခေးအော့ဖ်။ အော့နှလုံးနာချင်စရာ အော့ဝှစ်ဇ်။
နာကျင်စရာ အရိုးအသားထဲကထွက်ထွက်လာတဲ့လောက်တွေ သွေးရိုးသားရိုးမဟုတ်ဘူး
သွေးရူးသွေးတန်းဖြစ်တဲ့အထိ သွေးစုပ်ဖို့ဝိုင်းနေတဲ Vampire တွေ
ပထဝီအရ ရာသီသွေးကအစ သယံဇာတပဲ ကြွားလွန်းပါတယ် ကြွယ်လွန်းပါတယ်
လက်ခလယ်ကြီးက လူရာဝင်လာပါတယ်။ လက်တစ်လုံးခြား လက်ညိုးညွှန်ရာ ရေတွေ။
လမျိုးလနွယ်ချင်း လက်ဆွဲနှုတ်ဆက်။ ဂဟေဆက်သလို အပိုင်းပိုင်းအစစတွေ စုစည်းတယ်
 ပေါင်းစပ်တယ် ငွေ့ ရည် ဖွဲ့ တယ် အဆက်အစပ်မရှိ ရွာလာတယ်
ရွာလာတဲ့ အကြောင်းအရင်း။ ရွာမှာရှိတဲ့ ရပ်ဆွေရပ်မျိုး ။
ရွာလည်နေတယ်။ ရွာထဲမှာ တိုင်ပတ်။ ရွာဟာ မြို့လိုလို ။
မြို့ကိုလိုသလိုလို။ ရွာနေပုံက လှလှပပ။ ရွာထဲက မထွက်ချင်လောက်အောင်
ရွာဟာ ချုပ်ထားတယ်။ ရွာထဲမှာ ပိတ်မိနေတယ်။ မိုးတွေ ရုတ်တရက် ရွာလာတယ်
ရုတ်တရက်တွေ ရိတ်သိမ်းလိုက်တော့ စပါးသင်းနံ့ လေးက ရင်ထဲ ဆီလို ဝေ့။
ဆီလို အပေါက်ရှာထွက်သွားတဲ့ ပြဿနာတွေ။ ခြင်ထောင်ထဲ အပေါက်ရှာနေတဲ့ခြင်နဲ့ 
အိမ်ထောင်ထဲ အပေါက်ရှာနေတဲ့လူ။ လူရောခြင်ရော ထောင်ထဲမှာ။ အပေါက်ထဲက
ယိုစိမ့်ကျလာတာ နေရာင်လား လရောင်လား။ အကောင်မပေါက်လိုက်ရတဲ့ ကြက်ဥဟာ ဂလောက်လောက်နဲ့ အဆံချောင်။ ဂလိုဘယ်လ်ကြီးကလည်း ဂလောက်ဂလောက်နဲ့ 
ဘယ်လောက်ပဲရရ မလောက်ဘူး။ မလောက်လည်း တည်ဆောက်နေရတာပဲ ။
A ကလည်း တည်ဆောက်တယ် B ကလည်း တည်ဆောက်တယ်
A ကလည်း ထပ်ပြီးတည်ဆောက်တယ် B ကလည်း ဆက်ပြီးတည်ဆောက်တယ်
A နဲ့ B ပေါင်းစပ်တည်ဆောက်ပစ်လိုက်တယ်။


ဆူးရဲ ၊ လင်းလက်တာရာ
၂၁၊ ၇၊ ၂၀၁၃

ဝတ္ထု / ဝဋ်ထု ( ၂ )






ဧည့်သည်တွေကိုမုန်းတယ်။ ကျုပ် ဧည့်သည်တွေကို မုန်းတယ်။
ဧည့်သည်တွေကြောင့် ကျုပ် အဖေ ဆုံးခဲ့တယ်။ ဧည့်သည်တွေကြောင့် ကျုပ်အမေ ဆုံးခဲ့တယ်။
ဧည့်သည်တွေကြောင့် ကျုပ်ယောက်ျား ၊ ကျုပ်အစ်ကို ၊ ကျုပ်အစ်မ ဆုံးခဲ့တယ်။
ဧည့်သည်တွေဟာ ကျုပ်တို့ အတွက် နာဇီ။ ဧည့်သည်တွေဟာ ကျုပ်တို့ အတွက် အော့ဝှစ်ဇ်ငရဲစခန်း။
ဂျူးတွေ ဟစ်တလာကို မုန်းသလိုမျိုး ကျုပ် ဧည့်သည်တွေကို မုန်းတယ်။
ကိုလိုနီ ဖက်ဆစ်နဲ့ အရင်းရှင်စနစ်ကို မုန်းသလိုမျိုး ကျုပ် ဧည့်သည်တွေကို မုန်းတယ်။
ကမ္ဘာ့စစ်ကြီးတွေကို မုန်းသလိုမျိုး ကျုပ် ဧည့်သည်တွေကို မုန်းတယ်။
ဧည့်သည်တွေဟာ သူတို့ ရဲ့ မိတ်ဖြစ်ဆွေဖြစ်အတွက် ကျုပ်တို့ ကို စတေးတယ်။
ဧည့်သည်တွေဟာ သူတို့ ရဲ့ အောင်မြင်မှု အတွက် ကျုပ်တို့ ကို အောင်သေအောင်သား စားတယ်။
ဧည့်သည်တွေဟာ သူတို့ ရဲ့ နယ်မြေသစ်ချဲ့ ထွင်မှုအတွက် ကျုပ်တို့ ကို စနက်တံတပ်တယ်။
ကျုပ် ဧည့်သည်တွေကို မုန်းတယ်။ ဧည့်သည်တွေ ကျုပ်တို့ ဆီ
အရိပ်ကလေးတစ်စတောင် ထိုးကျမလာစေဖို့ ကျုပ်အမြဲ ဆုတောင်းတယ်။
ကျုပ် ဆုတောင်း လွဲတယ်။ ကျုပ် ဆုတောင်းမှားတယ်။
ဧည့်သည်တွေကတော့ ကျုပ်တို့ ဆီ ခဏခဏ။ ကျုပ်တို့ ဆီ ဝင်လိုက်ထွက်လိုက်။
ကျုပ်တို့ ဟာ ခုတုံး။ ကျုပ်တို့ ဟာ ဓါးစာခံ။ ကျုပ်တို့ ဟာ မြေဇာပင်။
ခေတ်အဆက်ဆက် ကျုပ်တို့ ဟာ ဧည့်သည်တွေအတွက် အသုံးတော် ခံနေရတုန်း။
ကျုပ် ဧည့်သည်တွေကို မုန်းတယ်။ ဟော...ပြောရင်းဆိုရင်း ကျုပ်မုန်းတဲ့ ဧည့်သည်တွေ
ကျုပ်တို့ ဆီ တရွေ့ ရွေ့ ။ ကျုပ်တို့ ဆီ တလိမ့်လိမ့်။ အဆီယစ်နေတဲ့ ဗိုက်တွေ။
အဆီပျံနေတဲ့ မျက်နှာတွေ။ အဆီတဝင်းဝင်းနဲ့ မျက်လုံးတွေ။
ကျုပ် ဧည့်သည်တွေကို မုန်းတယ်။ မကြာဘူး ။ တုတ်တွေ ၊ ဓါးတွေ၊ ခဲတွေ။
ကျုပ်ခေါင်းပေါ် တဝီဝီ။ ကျုပ် ရှောင်တယ်။ ကျုပ် တိမ်းတယ်။ ကျုပ် ပြေးတယ်။
သတိကြီးစွာ ကျုပ်အသက်ကို ကျုပ်အနည်းလုပြီး ကယ်တယ်။
ကျုပ် ဧည့်သည်တွေကို မုန်းတယ်။ ခဲတွေ၊ ဓါးတွေ၊ တုတ်တွေ။
ကျုပ်နောက်မှာ အမြောက်အဆံတွေလို တဝီဝီ။ ကျုပ်ပြေးတယ်။
ကျုပ်တိမ်းတယ်။ ကျုပ် ရှောင်တယ်။ သတိကြီးစွာ ကျုပ်မနည်းလုပြီး ကယ်နေရတဲ့
ကျုပ်အသက်ဟာ သေလုမျောပါး။ ကျုပ် ဧည့်သည်တွေကို မုန်းတယ်။
အော်သံ၊ ဟစ်သံ၊ ဟောက်သံ၊ ကျိန်းသံ၊ တက်ခေါက်သံတွေ။ ကျုပ် ကံကောင်းတယ်။
ကျုပ် ပုန်းနေတာကို သူတို့ မမြင်ဘူး။ ရှာတယ်။ ပိုက်စိပ်တိုက် ရှာတယ်။
ဒေါသရောင် တငွေ့ ငွေ့ လောင်နေတဲ့ မျက်လုံးကြီးတွေနဲ့ ရှာတယ်။ ကျုပ်ကို ရှာတယ်။
ကျုပ်မလှုပ်ရဲဘူး။ ကျုပ်အသံမထွက်ရဲဘူး။ ကျုပ် ဧည့်သည်တွေကို မုန်းတယ်။
မချိတင်ကဲ ဆဲတယ်။ ကြိတ်မနိုင်ခဲမရ အော်ဆဲတယ်။
သူတို့ ကျုပ်ကို လက်လျော့သွားပုံရတယ်။ ' အချိန် မရှိဘူး။ ကြာတယ်ဟေ့။ မရ ရတာပေါ့' ။
လျှပ်တပြက် လှည့်သွားတဲ့ ပစ်မှတ်။ ကျုပ်ခေါင်းပေါ် မိုးကြိုး အချက်တစ်ရာ။
မလုပ်နဲ့ ။ ကျုပ် မျက်လုံးတွေ ပြာသွားတယ်။ မလုပ်ကြပါနဲ့ ။
ကျုပ်အသံတွေ ပြာသွားတယ်။ အဲဒါ ကျုပ်သားတွေ။
ကျုပ်မျက်ရည်တွေ ပြာသွားတယ်။ အဲဒါ အရွယ် မရောက်သေးတဲ့ ကျုပ်ရဲ့ သားတွေပါ။
ကျုပ် ပစ္စက္ခတစ်ခုလုံး စစ်ငွေ့ စစ်ရိပ်တွေ ဖုံးသွားတယ်။ ကျုပ် ဆက်ပုန်းမနေတော့။
သူတို့ ခြေစုံရှေ့ ကို တောင်ပံခတ်ပြီး ခုန်ထွက်လိုက်တယ်။ ကျုပ် ဧည်သည်တွေကို မုန်း...။


လင်းလက်တာရာ
၂ ၀ ၁ ၃

Thursday 11 July 2013

ရင်ကွဲပက်လက်ဆိပ်ကမ်းဆီ၊ ငါ့ကဗျာသင်္ဘောတွေ အချိန်မီ မဆိုက်ကပ်နိုင်တဲ့အကြောင်း၊ တိမ်တွေဆီ အီးမေးလ် မပို့ ရသေးဘူး

အနုပညာတံဆိပ်နဲ့ ခရီးဆောင်အိတ်တစ်လုံး၊ မမြင်ရတဲ့ ဝန်ထုပ်ဝန်ပိုး အပြည့်အစုံ
မျက်ရည်ပုံဆောင်ခဲ၊ မအောင်မြင်တဲ့ ယုံကြည်ချက်တွေ တိတ်တိတ်လေး ကြိတ်ခွဲနေရတဲ့ စက်
ဓါတ်ကြီး ၄ ပါးနဲ့ လူယာဉ်၊ ဆီရေလေဝိုင် ဖြည့်၊ လောကဓံ ၈ ပါးပါ ဖြည့်
ရှေ့ မှာ ငရဲရော နိဗ္ဗာန်ရော ငရဲမဟုတ် နိဗ္ဗာန်မဟုတ်ရော
ဟော့ဒီ ကွန်ကရစ်ပင်တန်းကြီးက လှောင်ရယ်သံတွေ သီးလိုက်တာ တသောသောတဖြောဖြော
ထိုးနေကျ လက်မှတ်လေးဟာ နံနေကျ ချွေးစက်တွေနဲ့ ကွက်တိ / ကွက်ကြား
မိသားစု၊ လေထဲက ငါရိုးစူးသလို နင်နေတဲ့ ဝမ်းအူသံတွေ
လင့်ခ်ပေးထားတဲ့ ခေတ်ပေါ်ယဉ်ကျေးမှုကြီးက လိုင်းသိပ်မကောင်းဘူး အစ်ကို
တိုင်းရင်းသားကျေးရွာ မင်းကွန်းခေါင်းလောင်းကြီးပေါ်က စာသားတွေ ဇာတ်လမ်းတွေ
စိတ်ပြုလုပ်ပုံ အဆင့်ဆင့် ရင်တွင်း တွင်းထွက်ပစ္စည်း
ကျွန်တော့်နာမည်လား ' ဧရာဝတီ အိမ်ပြေး ' ပါ
စိတ် / ဇီဝ ဖြစ်စဉ် ချော်ရည်ပူတွေ မီးတောင်မြုံလို ပေါက်ကွဲ
ခရီးဆောင် အိတ်ကလေး ပြဲပြန်ပြီ၊ ပြဲလက်စဟာ မတိတ်ဘူး ဆက်ရွာတယ်
ရွှေဘိုသူလေးရဲ့ ပါးပြင်မှာ သနပ်ခါး မရှိတော့တဲ့ ကိစ္စ
သံနဲ့ ပဲ လုပ်လုပ် သဲနဲ့ ပဲ ဆောက်ဆောက် မေတ္တာတရား မရှိတဲ့ အိမ်ဟာ တစပြင်ပဲ
ဂျက်ချထားတဲ့ ညစာကို ခေါက်ကြည့်တော့ ခေါက်ဆွဲခြောက်တွေပဲ သံကြောင်ထွက်လာ
နှလုံးသားကို ' ON' 'OFF' လုပ်လို့ ရလား၊ ပလက်စတစ်ဆာဂျီရယ် အပြုံးဝင်းဝင်းလေး
ကွိုင်လောက၊ ကွိုင်အရေးအသား၊ ကွိုင်ရွတ်ပွဲ၊ ကွိုင်များကွိုင်နိုင်၊ ကွိုင်ပဲ
[ ခင်ဗျားရော ကျွန်တော်ရော အချိန်ရဲ့ ကွင်းစကွင်းပိတ်ထဲမှာ ကွယ်လွန်ပြီးသား သက်ရှိတွေ ]
နတ်သျှင်နောင်အုပ်ဂူကနေ မြစ်သုံးဆိုင်၊ မြို့သုံးဆိုင်ဆီ
လှမ်းငေးတဲ့ အရသာ အရှေ့ ပိုင်း တက္ကသိုလ်ကြီး သိတယ်
ညကြီးမင်းကြီးထဲ မစံပယ်တွေ မနှင်းဆီတွေ ကြွေပြန်ပြီ
ဆေးသားပြယ် ငယ်ဘဝ အယ်လ်ဘမ်ထဲ အမျိုးအမည်မသိ ဗိုင်းရပ်စ် ဝင်နေ
မှတ်ဥာဏ်တွေပါ ဆေးသားတွေ ထပ်ပြယ်၊ ဗိုင်းရပ်စ်တွေ ထပ်ကိုက်
ငွေကြေးစလစ်၊ ၈ ထပ်တိုက်ပေါ်က ပြုတ်ကျတဲ့ သတင်းက ဖုန်းထဲဝင်လာ
ခေတ်ကြီးက သူ့ ခြေထောက်ကြမ်းကြမ်းကြီးနဲ့  ရင်ဝ စောင့်စောင့် ကန်တယ်
နေဝင်နဲ့ နေထွက် ကြားမှာ မျောနေတဲ့ ဖြစ်တည်မှု အကျဉ်း အကျပ်တွေ
အိုအေစစ်လေးတွေပေါ် အင်းဆက်တွေ တွားသွားတက်လာ အက်ဆစ်တွေ ဖိတ်စင်စီးဆင်းလာ
ကောင်းကင်ပြာပြာကြီးကို တစ်ဘဝစာ download ဆွဲချင်ပါတယ်
ရုပ်နဲ့ နာမ် တူးဖော်စီမံကိန်းမှ ဆဲလ်သေ တွေ့ ရှိချက်
ကြုံရာဇာတ်ကားမှ ကျရာဇာတ်ကွက်များ၊ ဖီလင်ရော ဖလင်ပါ ပျက်နေတယ်
လူတွေကပဲ ကြယ်တွေကို နာမည်ပေး၊ ကြယ်တွေကို ရေတွက်၊ ကြယ်တွေကို စိတ်ကူး
ဂြိုဟ်မလေး ဂျစ်ရေ ကိုယ့်ပတ်လမ်းလေးနဲ့ ကိုယ် သွေးသားလည်ပတ်နေတာပဲ ကောင်းပါတယ်ကွာ
ပါရီမြို့ကြီး သိပ်လှတာပဲလား ၊ နားထား
ကိုယ့်ကျောက်တန်းမြို့လေးကိုပဲ ကိုယ်ပန်မယ်




လင်းလက်တာရာ
10. 7. 2013

တောင့်နေတဲ့အတိုင်း ၊ သို့ မဟုတ်

တောင့်နေတဲ့အတိုင်းပဲ သက်တောင့်သက်သာနေ
အပိုတွေလာမပြောနဲ့  အပိုတွေလာမလုပ်နဲ့ 
အခြား ဘာအဓိပ္ပါယ်မှ မရှိဘူး
လက်သီးဟာ လက်သီးပဲ မီးခြစ်ဟာ မီးခြစ်ပဲ
အဲဒီ သားသတ်ရုံဟာ ဂျပန်ခေတ်တုံးက ဆေးရုံပေါ့
နောက် တစ်လှမ်းဆုတ်ပြီး အံ့သြရ၊ ဒေါသထွက်ရ၊ ကြေကွဲရ၊ ရယ်မောရ
နောက်ခံဝန်းကျင် အသံဗလံတွေကို ဆူညံသံတစ်ခုနဲ့ စစ်ထုတ်
( သို့ မဟုတ်၊ တောင့်နေတဲ့အတိုင်း )...
ဘာသာစကားဟာ လူကို ပါးရိုက်သွားသလို စပ်ဖျင်းဖျင်း
စိတ်ကြီးဝင် ညကောင်းကင်ကြီးဆီ ပြန်ထွေးထုတ်လိုက်တယ်
ရေဟာ ကြယ်တွေ မြိုလိုက်ပြီ
ကြယ်တွေ ရေသောက်ဆင်းတယ် မပြောနဲ့ 
( သို့ မဟုတ်၊ တောင့်နေတဲ့အတိုင်း)...
အချက်အလက်များ ပိုလျှံမှု နောက်ကွယ်ကို သူ ရောက်ရောက်သွားတော့တယ်
ဒါမှမဟုတ်၊ ဆက်သွယ်မှု မရှိခြင်း / ဆက်သွယ်နေခြင်းကို ဘယ်လို ဆက်သွယ်
ဒါမှမဟုတ်၊ ဘယ်သူမဆိုဟာ တခြား ဘယ်သူမဆိုနဲ့ ဘယ်လို ဆက်သွယ်
ရေစီးကြောင်းဖြစ်စဉ်ထဲ အလိုတူ အလိုပါ ငါးတစ်ကောင်လို
စနစ်တကျ အသေးစိပ် တပ်ဆင်မှု ( တစ်ခုမဟုတ် တစ်ခု လွဲချော်)
အဲဒီမှာ ဘာရှိတယ် အဲဒီမှာ ဘာမှ မရှိဘူး
လူအမည်များ၊ အရပ်အမည်များ၊ ကုန်ပစ္စည်းတံဆိပ် အမည်များ
မေ့ဖျောက်မှုအပေါ် တည်ဆောက်ထားတဲ့ အရာတွေ
( သို့ မဟုတ်၊ တောင့်နေတဲ့အတိုင်း)...
တစ်ပိုင်းတစ်စပြီး အပိုင်းအစတစ်ခုလို ရွေ့ လျား
လေ့လာခြင်း၊ ဇဝနဥာဏ်သုံးခြင်း၊ လက်တွေ့ လုပ်ဆောင်မှုအားဖြင့် တည်ဆောက်
မရေရာတဲ့ကုန်တွေ တင်သွင်းလာတဲ့ ပစ္စက္ခခဏငယ်များ ကပ်ခွာ
ဝေဖန်၊ သရော်၊ ပုတ်ခတ်၊ ရွဲ့ ၊ ထိခိုက်ပျက်ဆီးလွယ်၊ နာလွယ်
အဝတ်ဗီဒိုလိုစိတ်၊ မိမိကိုယ်ကိုယ် မိမိ စိတ်ကြီးဝင်၊ လှေနံဓါးထစ်
ပတ်ဝန်းကျင်အမြင်နဲ့ တသီးပုဂ္ဂလကိစ္စများ ၊ ကန့် သတ်ချက်များ
ရင်ဆိုင်၊ စဉ်းစား၊ ပေါင်းစပ်၊ သို့ မဟုတ် ၊ ပျက်ရယ်ပြု ၊ ထိုင်ဟား
ပြန်ပြောင်းအောက်မေ့ဖွယ်ရာ မိမိကို မိမိ ချိုးနှိမ်ခြင်း အချိုးဖျက်ခြင်း
စကားရှေ့ နောက် မညီခြင်း တစ်ချိန်တည်းမှာ တည်ငြိမ်ပြီး ဆောက်တည်ရာမရ
ကယောင်ကတမ်းဖြစ်ခြင်း၊ စိတ်နဲ့ ကိုယ် မကပ်ခြင်း၊ ထင်ယောင်မှားခြင်း
သို့ မဟုတ် ၊ တောင့်နေတဲ့ အတိုင်း

[ ဆရာဇေယျာလင်းရဲ့ ' သို့ မဟုတ် ၊ တောင့်နေတဲ့အတိုင်း' ကဗျာအား
အထက်အောက် ပြောင်းပြန်လှန် ပြန်ရေးထားခြင်း)


လင်းလက်တာရာ
၂ ၀ ၁ ၃

ဝတ္ထု / ဝဋ်ထု

( ၁ )

မြုံနေတဲ့ ဝက်ခြံ မထွက်သေးသ၍ မြင်မြင်သမျှဟာ အကျည်းတန်
နေဦးမှာပဲလို့  ပါးပြင်မို့ မို့ လေးက ပြောပါတယ်။
' တိမ်လွှာမို့ မိုလွင် ' တောင် တိမ်လွှာတွေကြား / တောင်လွှာတွေ
ကြားအောင် တိုးတိုးလေး ဆိုညည်းမိပါတယ်လို့ ပါးပြင်မို့ မို့ လေးက တိုးတိုးလေး
ပြောပါတယ်။ တိမ်လွှာတွေကြားက လေယာဉ်သံတွေကြားရင် အိမ်သိပ်ဆာတာပဲလို့ ပါးပြင်မို့ မို့ လေးက ငေးငေးလေး
ထပ်ပြောပါတယ်။ ချစ်ခြင်းမေတ္တာဟာ ငွေရေးကြေးရေးရဲ့ ဓါးလွယ်ခုတ်အနေအထားမှာ လည်စင်းပေးနေရပါတယ်လို့ 
ပါးပြင်မို့ မို့ လေးက အထပ်ထပ် ပြောရှာပါတယ်။
မျက်ရည်စီးကြောင်း ဟာ ပါးပြင်မို့ မို့ လေးပေါ်မှာ သောင်ထွန်း ကျွန်းဖြစ်
နေပါပြီလို့ ပါးပြင်မို့ မို့ လေးက တိတ်တိတ်လေး အထပ်ထပ်
ထပ်ပြောရှာပါတယ်။

( ၂ )

' နွံနစ်နေတာလည်း ကြာပြီ။ ပေါ်ကို ပေါ်မလာသေးတာလည်း
နှစိနဲ့ ချီပြီ။ ပတ္တမြားအတုလည်း မဟုတ်ပြန်ဘူး '။
ကဗျာစာသားလေးဟာ ကဗျာစာသားသက်သက်ချည်းလဲ မဟုတ်ပြန်ဘူး။
ရွာထိပ် ထုံးဖြူစေတီလေးဆီက အသံတိတ်ဆည်းလည်းလေး ဖိတ်စင်
လှုပ်ခတ်နေတာတော့ ဟုတ်ပါတယ်။ နေရောင်နဲ့ သစ်ရွက်ရော်ကြားမှာ
ဥသြငှက်လေးရဲ့ အသံအက်အက် ၊ ညပ်လည်းညပ်
နစ်လည်းနစ်နေတာလည်း ဟုတ်ပါတယ်။ ဆိုင်ကယ် ကယ်ရီသမား လူငယ်လေးရဲ့
နှလုံးသားမှာ ၃ နှစ်စာ လွယ်ပိုးထားရသော သမုဒယ ကျောက်တုံး
ကျောက်စိုင်ကြီးများ။ အိပ်မက်တွေကတော့ အရင်လို
ညကောက်ရိုးပုံမှာ လမသာလည်း လသာမြဲသာနေဆဲ ဆိုတာတော့
အဟုတ်ကြီး ဟုတ်ပါတယ်။

( ၃ )

တိမ်လွှာမို့ မို ကြားမှာ လေယာဉ်ကြီး။ လေယာဉ်ကြီးပေါ်မှာ
ပါးပြင်မို့ မို့ လေး။ ပါးပြင်မို့ မို့ လေးပေါ်မှာ ပိတ်ဖြူ။
ထို့ နောက် မင်္ဂလာရှိသောလေဆိပ်ကြီးထဲသို့ ပိတ်ဖြူအုပ်ထားသော ပါးပြင်မို့ မို့ လေး။
ိဆိုင်ကယ် ကယ်ရီသမားလူငယ်လေးကို နောက်ဆက်တွဲ ရလာဒ်တစ်ခုက
သစ်လုံးကားကြီးဆီ တွန်းပို့ ပေးလိုက်တယ်။
ပါးပြင်မို့ မို့ ဓါတ်ပုံလေးပေါ် စုတ်ချက်ကြမ်းကြမ်း သွေးပန်းချီ။


လင်းလက်တာရာ
4.7.2013

လေယာဉ်ဥယျာဉ်တစ်ခု ဆောက်လုပ်ပြီးစီး ပြေးဆွဲ ပျံသန်း ရာသီဥတုကြီး ၃ လုံး စက်ချို့ ယွင်းမှု ဖြစ်စဉ်

ငါ့မှာ ရန်ကုန်မိုးရေ ဘယ်နှစက် ရှိခဲ့ပါလိမ့်။ ရေစက် တစ်စက်နဲ့ တစ်စက်
ပေါင်းစပ် ဓါတ်ပြုထားတဲ့ ရန်ကုန်။ ရန်ကုန်ဟာ မိသားစု။ အစုအဝေးတစ်ခုဟာ
ဓါတုဗေဒစမ်းသပ်ချက်အရ ပေါက်ကွဲ လွင့်စင် ဖြာထွက်။ အခိုးအငွေ့ တွေ။
ပြည်လမ်းမပေါ် လျှောကျနေဆဲ မြည်သံစွဲ အလင်္ကာများ။ ဘဝ ရောင်ခြည်အမျိုးမျိုး။
ထိုင်နေကျခုံမှာ လာနေကျ စုံတွဲလေး ပျောက်နေတယ်။ အီမိုးရှင်းရှုခင်း။
မျက်ရည်ရနံ့ ဟာ နှစ်နဲ့ ချီ ချွတ်တာတောင် မကျွတ်ဘူး။ မြစ်ကိုချစ်လို့ 
ငါးတွေဆီ ခုန်ခုန်ချနေတဲ့ တိမ်တွေ။ မီးခိုးတွေ အူနေတယ်။ ခွေးတွေ အူနေတယ်။
အနာဂတ်ပလာစတာနဲ့ အစွန်းရောက် ဒဏ်ရာ။ ဖက်ရှင်တွေ မြို့ကျီးကန်းတွေလို ပြိုကျလာ။
လူ့ အဖြစ်ရဲ့ Identity ။ ဓါတ်ကြိုးနဲ့ မလွတ်တဲ့ သစ်ကိုင်းတွေလို ဘယ်နေ့ ခုတ်ချခံရမလဲ။
မှိုင်းမိခံ Mr: အသိဥာဏ်နဲ့ Ms: အတွေးအခေါ်။ ထိုနည်း ၄င်း သံချေးတက် process တွေ။
ခရိုနီတွေရဲ့ နည်းစနစ်ထဲမှာ ပိတ်မိနေပြီလား။ အမှောင်ခေတ်ထဲက ရုန်းထွက်လိုက်နိုင်ချိန်
အလျှိုးရာတွေက သေရာပါ။ ပွင့်လင်းမြင်သာမှု သိပ်ကို ခေးအော့ဖ်လွန်းတယ်။
လူမှုအဖွဲ့ အစည်းကြီးဟာ Parody အရေးအသားတွေနဲ့ ချီးမြှင့် ခံလိုက်ရ။

ဒီနှစ်ရဲ့ နာမည်အပြည့်အစုံ= အနည် အနှစ် အမှိုက်သရိုက် ဒုစရိုက်သုစရိုက် များနှင့်အတူ
                                    ရေကြည်ရေနောက် အပြိုင်စီးဆင်းလျှက် ရှိသော

လောလောဆယ်ခန့်မှန်းချက်အရ အနာဂတ်ရဲ့ မွေးသက္ကရာဇ် = စစ်အစိုးရ လက်ထပ်က ကဗျာရွေးစာရင်းတွေလို
                                                                                အခြေအနေအရ အပြောင်းအလဲရှိသည်

ယဉ်ကျေးမှုဟာ ယောထမီနဲ့ ရင်သားဟိုက်လိုက်နဲ့ ။ ဝါခင်းတွေနဲ့  ဆေးဆိုးပန်းရိုက်
တက္ကနော်လော်ဂျီတွေနဲ့ ။ ဟိုမှာ လူတစ်ယောက် မတ်တက်ကြီး သေနေတယ်။ အသက် မဟုတ်ဘူး။ စိတ်တွေ။
လေအေးပေးစက်တွေကြောင့်ပဲ ကမ္ဘာကြီး ဟာ ပိုပူလာ။ အတ္တကို သရေကွင်းလို ချုံ့ ချည် ချဲ့ ချည်။
Taxi ထဲ Sexy လေး ပါသွားတယ်။ ရောင်းပန်းလေး လှသလောက် ဝယ်လက်ကြီးက
ညစ်ပတ်ပေရေ မည်းတူးချိပ်နေတာပဲ။ သတင်းစာထဲက သတင်းစာသားတွေ
ဓါးနဲ့ ကွက်လှီးခဲ့ရ နှစ်ကာလများ။ လူလုပ်ငွေကြေး ဟာ လူကို ပြန်လည်ပြုလုပ် တင်ဆက် နေတာ။
ပြဿနာပဲ။ နည်းပညာရဲ့ အိမ်သာတွင်းထဲက လောက်တွေ။ အချစ်ဟာ သောက်ရေးမပါတော့ဘူးလား။
ခေတ်ပြိုင် ဗိုင်းရပ်စ်တွေ ပန်းထွက်လာ။ သွေးသားယားယံမှုတွေ ဖောင်းပွလာ။
Celebrity တွေကလည်း Like ခိုင်းနေတော့တာပဲ။ ကြွပ်ကြွပ်အိတ်ခေတ် လွန်ပြီလား။
ကြွပ်ကြွပ်အိတ် အသိအမြင်တွေ ရှိသေးတယ်။ သက်မဲ့ မီးပွိုင့်က သက်ရှိလူသားတွေကို
စနစ်တကျ ထိန်းချုပ်ထားပုံ။ စက်ရုပ်သွေးတွေစီးဆင်း။ ပရိုဂရမ်ကြီးတွေ လည်ပတ်။
ရထားမှားစီးမိသူ ကားဒရိုင်ဘာ။ ကိုယ့်အရှေ့ တောင် နဲ့ ကိုယ် အာတွေရှကုန်ပြီ။
ဒီမိုးစစ်စစ်တွေ ရွာချပေးမှ ဟိုမီးခိုးစစ်စစ်တွေက တိတ်မှာ။



လင်းလက်တာရာ
27. 6. 2013