ကိုရိုးသက်ကပြောတယ်
''အနုပညာမှာပျော်မွေ့ နေတော
လူအဖြစ်ရရှိခြင်းပီသတာပေါ့ကွာ..''တဲ့
ဘဝရဲ့ မချိ မဆန့် မတော်တဆနေ့ ရက်တွေမှာ
ကျွန်တော်တို့ ရခဲ့တဲ့ဒုလဘ္ဘတရား
ကမ္ဘာကြီးအတွက်
အပြာရောင်ဘက်တော်သားဆိုတဲ့နာမည်
ကောင်းကင်မှာ ဘယ်တော့မှ မကြွေတဲ့ ကြယ်တွေရှိတယ် အစ်ကို
မောင်ချောနွယ်ဟာ ဘယ်တော့မှ မကြွေတဲ့ကြယ်
တတ်နိုင်တာထက်ပိုပြီး
ပိတ်နေတဲ့ ပြတင်းကိုဖွင့်ကြရအောင်
အလင်းရောင်ဟာ ကျွန်တော်တို့ ဆာလောင်မွပ်သိပ်ဆုံး ရှုခင်းသစ်
သေချာတာတစ်ခုက
နှလုံးသားချင်းချိတ်မိခဲ့တာဆိုတော့
ဘယ်လိုခေတ်လွန်နည်းပညာနဲ့ မှ
ဖြုတ်လို့ ရမှာမဟုတ်ဘူးဆိုတာ
တစ်ယောက်နဲ့ တစ်ယောက် ကျစ်ကျစ်ပါအောင်ဆုပ်ခဲ့တဲ့လက်တွေ
တစ်ယောက်နဲ့ တစ်ယောက် တမြေ့မြေ့လက်အောင်သွေးခဲ့တဲ့စကားလုံးတွေ
ကဗျာဆရာတွေလောက်
ဘယ်ရင်ဘတ်တွေမှ ဂျက်ပင်ထိုးလို့ မကောင်းဘူး
ယုံကြည်ချက်တွေကိုဒီအတိုင်းပစ်မထားပါနဲ့ အစ်ကို
ကျွန်တော်တို့ ထွန်ယက်ခဲ့သမျှဟာ စိမ်းလန်းဖို့ သက်သက်
မိုးခေါင်နေတယ်ဆိုရင်တောင်
ကျွန်တော်တို့ ချွေးစက်တွေနဲ့ ဆက်လက်ရှင်သန်စေမယ်
အမှန်တရားဟာ ကမ္ဘာ့ဖလားဆိုရင်
အသန့် ရှင်းဆုံးဆုကိုပဲကျွန်တော်တို့ ယူကြမယ်..။...။
လင်းလက်တာရာ
20.02. 2012 နေ့ တွင်
ကွာလာလမ်ပူဆိပ်ကမ်း မှ ရွှက်လွှင့်သွားသော
ရာဇာမျိုး(အင်းကုန်း)သို့ 
No comments:
Post a Comment