ဘယ်လိုမှခေါက်သိမ်းလို့ မရတော့တဲ့ မျိုသိပ်မှုမှာ
တိတ်တခိုးတွေသာကမူးရှူးတိုးပြုတ်ကျလာခဲ့ ။
ငါ့ရဲ့ ဘယ်ဘက်ရင်အုံအောက်ကဗိုင်းကောင်းကျောက်ဖိလေးရေ
အချစ်ဆိုတာရွက်ကျပင်မဟုတ်ဘူးကွယ့် ။
ကောင်းကင်ကြီးပြာတာ
ပင်လယ်ကြီးပြာတာ
ငါတို့ ပရောဂနဲ့ မကင်းဘူး ။
နှစ်ပဲတစ်ပြားတန်စိတ်ကူးလေးနဲ့ လည်း ရိုးစင်းနိုင်ပါရဲ့ 
ကိုင်းကျိုးကလေးနဲ့ လည်း တစ်တိုင်းလုံးမွှေးအောင်ပွင့်နိုင်ပါရဲ့  ။
အိပ်မက်တွေ တို့ မီး ရှို့ မီးလုပ်တဲ့အခါ
အလွမ်းတွေလက်လွတ်စပယ်နိုင်လွန်းတဲ့အခါ
အချစ်ဟာရွှေပေါ်မြတင်ပဲ ။
မျက်နှာချိုသွေးလို့ မရတဲ့ ကံကြမ္မာ မှာ
ငါတို့ ဇာတာကို ငါတို့ မှုလှုပ်သာ မလွန့် သာ
ကျောက်ချထားလိုက်ရုံမှတပါး ....။ ......။
လင်းလက်တာရာ
အောက်တိုဘာ၊ ၂၀၀၉
ရုပ်ရှင်အမြုတေ magazine
No comments:
Post a Comment