Sunday 19 February 2012
''BASICေ ၾကး၂၁ ရင်းဂစ်နဲ့ မွန်းနစ်နေတဲ့ ကဗျာ''
အချစ်ကမျက်နှာကြီးရာ ဟင်းဖတ်ပါတော့
ဟင်းဖတ်ကြီးရာ မျက်နှာလွှဲတတ်လာတာက ဘဝ
လောလောဆယ် တစ်ခါသုံး ဖုန်းကဒ်လေးမဝယ်နိုင်သေးဘူး
ခဏခဏ မေ့မေ့ထားတဲ့ ချစ်သူနာမည်
ခဏခဏ စိတ်နာမိတဲ့ ပစ္စက္ခ
အခန်းကျဉ်းလေးထဲ မချောင်လည်သေးတဲ့စိတ်ကူးဒြပ်စင်များ
လွှတ်တင်လိုက် ကျကွဲလိုက်
ချည်နှောင်လိုက် ပြတ်တောက်လိုက်
ငါတို့ ကိုလောင်မြိုက်နေတဲ့ လောကဓံ
ကြားလား
                                                 လင်းလက်တာရာ၊ လူခါး
No comments:
Post a Comment