Tuesday, 25 June 2013
မီးသွေးရောင် ရှုမျှော်ခင်း
ငယ်ငယ်တုန်းက သစ်ရွက်တွေ ဟာ ပိုက်ဆံတွေပေါ့
သစ်ရွက်တွေခူးပြီး ရောင်းတမ်းဝယ်တမ်း ကစားကြ
ကြီးလာတော့ ပိုက်ဆံတွေဟာ သစ်ရွက်တွေပေါ့
သစ်တောကြီးတစ်တောမဟုတ်တောင် ပန်းခြံလေးတစ်ခု ခြုံပုတ်လေး တစ်ပုတ် ပိုင်ဆိုဖို့ 
အလုအယက်လောင်ကြ
အခု အင်ဒိုနီးရှားသစ်ရွက်တောကြီးဟာ မီးညွှန့် မီးစွယ်တွေ ဖြစ်သွားတယ်
အဲဒီ မီးညွှန့် မီးစွယ်တွေဟာ ပြာတွေ ဖြစ်သွားတယ်
အဲဒီပြာတွေဟာ မလေးကျွန်းဆွယ်အထိ ဖုံးအုပ်
နောက် အိမ်လွမ်းကင်ဆာတွေ အဆုပ်လိုက်ပွင့်နေတဲ့ ငါတို့ အဆုတ်ထဲ
ပိုက်ဆံခူးတမ်းကစားရတာ ပျော်စရာမကောင်းဘူး
ကမ္ဘာကြီးက ငိုနေတယ်။
------------------
လင်းလက်တာရာ
၂၄၊၆၊၂၀၁၃
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment