ခိုတွေ၊ဓာတ်ကြိုးတွေထဲခွေလို့ 
စပါယ်ယာတွေကဗန်းစကားတွေပြောတယ်
လူငယ်တွေကနားပေါက်တွေဖောက်တယ်
ခေတ်ကမုန့် ဟင်းခါးတောင်
ကိုရီးယားဖြစ်နေရ
ကဗျာဆရာတွေက ကာရံကို
လွှတ်ပစ်လိုက်ချိန်
ရက်(ပ)ပါတွေက အလုအယက်လိုက် ကောက်
ရွက်ကြမ်းရေကျိုတွေ ဗျူတီပါလာထဲ
ဝင်သွားပြီ
ပွုင့် မိတာတောင်ကြော်ငြာကအမောက်ထောင်လို့ 
အလှူခံသီးခံပါ
တစ်ထောင်ဖိုးသုံးထည်
ရေခဲရေ၊ရေခဲရေ
သတိ၊တောသားလည်းလျှော့ တွက်လို့ မရဘူး
တနဂ်နွေမျက်နှာထားမျိုးနဲ့ 
ရုပ်ရှင်ရုံထဲ ရုပ်တွေရှင်နေကြ..။...။
လင်းလက်တာရာ
မတ်၊၂၀၀၉
သောင်းပြောင်းထွေလာရယ်စရာ
MAGAZINE
No comments:
Post a Comment