သစ်ပင်တွေလိုငါတို့ လည်းအရွက်တွေနဲ့ ရှုပ်လို့ 
ဘယ်လိုရပ်တည်မှုမျိုးနဲ့ မြေကြီးကိုနှင်ထုတ်ကြတာလဲ
လောကကြီးရဲ့ အံလွဲ တပ်ဆင်မှုများစွာနဲ့  ဖွဲ့ စည်းတည် ဆောက်ထားတဲ့ဘဝ
လူပီသအောင်ဒုက္ခဖက်ရှင်ကို စမတ်ကျကျဝတ်ဆင်
ချိုနေကျအပြုံးတွေလည်းဝက်အူပြုန်းနေပြီ
မဒေါင်းသေးတဲ့ဖဲချပ်တွေလိုရှင်သန်ခြင်းကအေးစက်အိပ်မက်
ပိတ်ထားတဲ့ပြတင်းမှာအစာလောင်ဆုံးရှုခင်းတစ်ချပ်တော့ရှိမယ်
ပစ္စုပ္ပန်ကိုအနက်ဖွင့်ဆိုဖို့ မြို့ ပြကိုချွေးရောင်ခြယ်ရတယ်
စိတ်ကအရိပ်ကောင်းကိုနှစ်ခြိုက်သာယာ
လောကဓံဆိုတာကိုယ့်အသံကိုယ်ပြန်ရှာရတာမျိုး
ကောင်းကင်ကိုလက်ယပ်ခေါ်တာကအစအပိုင်းပိုင်းအပြတ်ပြတ်အမျှော်တွေ
ကိုယ့်နည်းဗျူဟာနဲ့ ကိုယ်သံသရာကိုချဲ့ ထွင်
ပင်လယ်ကြီးကျယ်ပြောသလောက်လှိုင်းတွေကတော့ လုယက်တွန်းတိုက်နေကြဆဲပင်
မိုးရာသီကိုမည်သူမီးနှင့်လာမွှေးနေသနည်း..။...။
လင်းလက်တာရာ
အမှတ် ၃၊ နိုဝင်ဘာ၂၀၀၉၊
ပေဖူးလွှာ MAGAZINE
No comments:
Post a Comment