တစ်ခြမ်းမှောင်ပြီးတစ်ဖက်လင်းတဲ့ကမ္ဘာလို
မှောင်လိုက်လင်းလိုက်ညတွေနဲ့ ငါတို့ 
အကိုကြီးက ကုန်ထမ်းတယ်
ညီမလေးကပုံစံ ၁၉ တွေ အားကျတယ်
ငါကမာတိကာတွေဖတ်ရင်း အသက်ရှုကျပ်လာ
ကြိုက်တာယူ ၅၀၀ ဆိုတဲ့လမ်းဘေးစာအုပ်ဆိုင်ကလေး
ငေးမောတိတ်ဆိတ်ငြိမ်သက်..။....။
လင်းလက်တာရာ
နိုဝင်ဘာ၊၂၀၀၈၊ စရဏ MAGAZINE
ကဗျာတိုပေမဲ့ ကျွန်တော့်ရင်ကို တော်တော်လေး ထိသွားခဲ့ပါပြီ။ ဘ၀အမှောင်ထဲက တက်လာခဲ့သူမို့ အလင်းရောင်ကို လိုချင်မိတယ်။ ပုံစံ (၁၉)ကို အားကျခဲ့တယ်။ ကုန်ထမ်းသမားတွေကို ကိုယ်ချင်းစာနိုင်ခဲ့တယ်။ ကိုယ်တိုင်တောင် ဘာမှမဟုတ်တာမို့ မာတိကာတွေ ဖတ်ရင်းပဲ အသက်ရှူကျပ်လာခဲ့တယ်။ လမ်းဘေး စာအုပ်ဆိုင်ကလေးက ၅၀၀တန်ပဲ ကိုယ်နဲ့ တန်တာမို့ စာအုပ်အသစ်တွေကို ငေးမောကြည့်ခဲ့ဖူးတယ်။ ပြီးတော့ မျက်ရည်စများနှင့်အတူ ဘ၀အစိတ်အပိုင်း အချို့ကိုဖြတ်သန်းခဲ့ဖူးတယ်။ လက်ညှိုးနဲ့ လက်မကွေးနေအောင် ၀ိုင်းလိုက်ရင် သုညဖြစ်သွားသလား၊ ငွေဖြစ်သွားသလား သိချင်စိတ်တွေနောက်လိုက်ရင်း ကျွန်တော့်မှာ ခံစားချက်တွေ ပိုပိုတိုးလာပေမယ့်၊ ရသတွေ ပျောက်ဆုံးကုန်တာတော့ ရှက်ရှက်နဲ့ပဲ ၀န်ခံပါရစေဗျာ...။
ReplyDeleteလင်းလက်ရေ...ပန်းဆိုးတန်းကို မရောက်တာကြာပြီပေါ့...။