Sunday 24 March 2013

တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကျောက်တုံးမဟုတ်ဘူး ရွေ့ တယ် လိမ့်တယ် တွန်းတိုက်တယ် ပွင့်အံတယ် အဆိပ်ရှိတယ် လူငယ်လေ


Google ထဲ ရိုက်ထည့်လိုက်တော့ ရှော့ခ်ဖြစ်နေတဲ့ အရှုပ်ထုပ်တွေ အပြုံလိုက်ပြုတ်ကျလာ
ရင်ဝန်းကျင်မှာ အမှိုက်တွေ ယင်အုံနေပြီလား
စွန့် ပစ်ပစ္စည်း ထူလပျစ်နဲ့ ကမ္ဘာကြီး
မြို့လည်ခေါင်မှာ သိပ်သည်းဆများများ လူညှီနံ့ တွေ
သရေပင်အပြတ်ကိုထုံးပြီးပစ်ရသလို ပစ်မှတ်ဟာ ပြောင်ချော်ချော်
အသက်သွေးကြောမြစ်ကြီးက ငါးကင်တစ်ကောင်နဲ့ တူလာတယ်
ဆံပင်တွေ ထိုးဖွလိုက်ရုံနဲ့ ကျွတ်ထွက်လာတဲ့ အနက်အဓိပ္မါယ်များ
ငါ့ယောက်ျားမာနတွေလည်း မင်းသုံးလို့ ကုန်ပြီ
Relationship လုပ်ဖို့ ပျစ်ပျစ်နှစ်နှစ်ကြီး အငြင်းခံရ
ဘယ်သူ့ ကိုမှ ငြမ်းဆင်ပြီး မတက်ချင်ဘူး
ကော်ဖီခွက်လေးဟာ အငွေ့ ပျံသေဆုံး
မျှော်လင့်ချက်
ချောင်ပိတ် အရိုက်ခံရ
ဒိန်ခဲတွေ ဘယ်သူပဲ ရွေ့ ရွေ့  ကြွက်တွေက အထာနပ်ပြီးသား
ကြောင်အော်သံတွေကြားတယ် နံရံဟာ တဂျစ်ဂျစ်
VIP ဝိုင်းကြီးဆီက အပုပ်နံ့ ရတယ်
လိုင်းပေါ် ကားယားကြီးခွထိုင်
ပျက်ရယ်ပြု
ဘုပြော
အချွန်နဲ့ မ
ကိုင်တုတ်
အော်ဆဲ
ပတ်ရမ်း
လူတွေ
ကောင်းကင်ပိုက်ကွန်ကြီးကလည်း ပြဲလိုက်တာ အမိုက်အမဲတွေပဲ မိတယ်
မြို့လေးရဲ့ ငြိမ်းအေးမှုကို သူတောင်းစားတစ်ယောက်လို တောင်းခံနေတာပါ
အိပ်ရာဝင်တေးတွေ မီးလောင်ပြာကျ
မျက်လုံးပြူးပြူးနဲ့ ဖားကလေး ဝါးရင်းတုတ်စာ မိသွားရှာပြီ
ငြိမ်းချမ်းရေး
ခင်ဗျားကို ကျုပ်တို့ က အဖေခေါ်နေကြတာ နောက်ဖေးပေါက်ကတော့ ဆင်းမသွားနဲ့ 
ကိုယ့်ကိုယ်ကိုယ် မျက်ရည်အဝဲခံပြီးမှ ဒုက္ခကြက်သွန်တွေကို နွှာနေတာ
ချွေးတွေ ရွှဲရွှဲစိုနေတဲ့ လမ်း ပန်းပွင့်နဲ့ အိမ်တွေ
ကြည့်မကောင်းဘူး နီယွန်ညကြီးရေ နှုတ်ခမ်းချင်း ပလက်ဆွဲဖြုတ်လိုက်တော့
အသားညှပ်ပေါင်မုန့် ကြားမှာ ခင်ဗျားရောက်နေပြီလား
Sushi ဆိုင်လေးထဲ ငါးအရှင်တွေရော လူအရှင်တွေရော လုံးထွေး
အသားစိမ်း အသားကျက် လူ့ ယဉ်ကျေးမှုကြီး
ဓါတုနံ့ သင်းနေတဲ့ ဓါတုကလျာ အတုတွေ
အလှစစ်စစ်ကို ဘယ်လိုနည်းပညာတွေနဲ့ Search လုပ်ရမလဲ
မင်းပဲ စက္ကူလုပ်လုပ် ငါပဲ မုန့် လုံးလုပ်လုပ် အဓိကက ကပ်နေဖို့ ပဲ မဟုတ်လား အချစ်ရယ်
လိမ်လိမ်မာမာနေရင်တော့ လူ့ ငရဲခန်းကြီးက လျော့ရက်တွေ များလာမှာပဲ
အိပ်မက်အကြီးကြီးရှိတယ် ကျောခင်းစရာ မရှိဘူး
မင်းကိုယ်မင်း ဘယ်နှပုလင်း ရိုက်ခွဲနိုင်မလဲ ဘယ်နှပုံးသွန်ပစ်နိုင်မလဲ
ဘောင်ဘင်ခတ်လွန်းတဲ့ လူ့ ဘောင်ကြီးခင်ဗျား
တဆိတ်လောက် ငြိမ်ငြိမ်လေး
အိုကေ
“ချက်”
လွှတ်လှတဲ့ အောက်ဒိုးပုံပဲ
မင်းအတ္ထုပ္မတ္တိလေးကို ငါ ထီးမိုးပေးပါရစေ အချစ်
အလွတ်ကျက်ထားတဲ့ စကားလုံးတွေ ဗုံးတစ်လုံးလို စင်ပေါ်က စင်ထွက်လာနေပြီ
၃ ခွက်မြောက် အထီးကျန်ခြင်းက ငါ့လည်ချောင်းထဲ ခုတ်မောင်း ဖြတ်ကြိတ်
ငါ့ကို အတိတ်တစ်ခု ဆီ ကန်ချ
ငွေလွှဲပြေစာ ၂၅ စောင်က ပိုးကျနေတယ်
ငါနဲ့ ချောင်နေတဲ့ ဂလောက်ဂလောက်တွေ
ဦးနှောက်အတွင်း ကဗျာသွေးယိုစီးမှု
သေခြင်းတရားက အမြီးလေးတနှံ့ နှံ့ 
နိုင်ငံရေး အခင်းအကျင်းမှာ နယ်ရုပ်လေးတစ်ရုပ်က အစ အဆိပ်ပြင်းတယ်
သတိထား
ခင်ဗျားရဲ့ ကလစ်လေးတစ်ချက်က မြုံနေတဲ့ မီးတောင်ကြီးကို ပေါက်ကွဲသွားစေနိုင်
ဒွါရ ၆ ပေါက်တွေက ကိလေသာ ပြင်းအားနှစ်ဆနဲ့ 
ယုသန္တာတင်လေးကလည်း အမြည်းဖြစ်နိုင်တယ် မဟုတ်လား သားကြီးရ
မတရားမှုဟာ ပင်လယ်နဲ့ တူပြီး ပင်လယ်ကို ရုန်းကြည့်နေတဲ့ ငါးတွေဟာ လူတွေနဲ့ ပိုတူလာ
ငါ့ချစ်သူရဲ့ Wall ကို ငါဘယ်လို သန့် ရှင်းရေးလုပ်ရမလဲ
ကတိကို ခဏခဏ လာမကလိနဲ့ 
ကိုယ်ဝတ်ထားတဲ့ညက ခွေးတွေအူလှိုက်သည်းလှိုက် အူနေတဲ့ ညကြီး
တစ်ယောက်နဲ့ တစ်ယောက် Hybrid လုပ်ထားတဲ့ ပိုးသားမျှင်တွေ
မင်းတည်ထားတဲ့ သစ္စာတရားကို ငါ တစ်ချက်တည်းနဲ့ ကျင်းဝင်အောင်ရိုက်မယ်
Pop ယဉ်ကျေးမှုထဲ လေးလေးလံလံ
“ ၁၈ နှစ်အောက် မဖတ်ရ” ငါးစာက ရိုးစင်းလွန်း
မင်းတို့ ငါတို့ မျက်နှာသစ်နေတဲ့ ရေတံခွန် အတုံးအခဲကြီးကိုက ပြစ်မှားချင်စရာ
ရင်ကြားစေ့ထားတဲ့ တံတားပေါ်လျှောက်ပါ
ကျွန်တော့်စိတ်ကူးတွေပေါ် ခင်ဗျားစိတ်ကူးတွေ လွတ်လပ်ပျော်ပါးစွာလှော်ပါ
အုတ်နံရံမှာ သေးပန်းလည်းပွင့်တယ် သွေးပန်းလည်းပွင့်တယ် သေပန်းလည်းပွင့်တယ်
၎၊၂၊၈၈ နှစ်သားဟာ အဖေပျောက်ကို ရှာလို့ မတွေ့ သေးဘူး
စစ်ပွဲသတင်းဟာ ဆေးလိပ်ဖင်ဆီခံ ဖြစ်သွားတယ်
ဘဝကို ထိုင်တွေးနေရုံသက်သက် တည်ဆောက်ယူလို့ မရဘူး ရိုဒင်


လင်းလက်တာရာ
၂၄၊၃၊၂၀၁၃

No comments:

Post a Comment