Saturday, 9 March 2013
ဘာသာစကားသစ်ပင်မှာ လူတို့  အလွယ်တကူ မဆွတ်ခူးနိုင်တဲ့ အသီးအပွင့်တွေ
အရေးပြားထဲ အရေးပေါ်ထိုးစိုက် သတင်းမီးကျည်စတွေ တငွေ့ ငွေ့  ဝါစိမ်းနီ live show နဲ့ မြို့ကြီး
လောက်များ ဗိုင်းရပ်စ်များ ပိုးမွှားများ ကူးစက်အခင်းအကျင်းအသစ်ဟာ အသင့်အနေအထား
ညထဲ ခေါက်ထည့်ထားတဲ့ညကို ညက အတင်း အဓမ္မ အတွင်းခံလုပ် ဝတ်သွား ပွဲတော်
အသားစိုင်တွေက အသားဆိုင်ရှိရာ ဘေးကိုဘေးကို ခေါင်းလောင်းချိုချိုလေးက ဘယ်ဈေးလဲ
လျော့ရဲပျော့ပြဲကျောက်တုံး တောင့်တင်းမာခဲရယ်သံ လရောင်ဟာ လေဖြတ် အကြောသေ ရွဲ့ 
စောင်း ဒရွတ်တိုက် စိတ်အက်ကြောင်းထဲ မြောင်းပုပ်ကြီးစီးဝင် ခန္စာကိုယ်ကြီးသည်အဆီယစ်လျှက်
ရှိရာမှ အသက်ရှူသံကို ရုတ်တရက် ခလုတ်ပိတ်ချလိုက်၏ အေဘီသွေးရှိလား အေ ဘီ သွေး
အစွဲအလန်းဟာ လမ်းပေါ်လိုင်းပြောင်းပြန် wi-fi အရေးတကြီးလိုအပ် ပြုပြင်ဆဲယာဉ်များသာ ရပ်
နားရန် ကျွန်တော့်ကို အမြှုပ်ထွက်တဲ့ အထိ ခလောက်ပါ ပုံနောက်မှာ မျဉ်းစောင်းခံ လက်မှတ်
အလန်းစားနဲ့ လူငယ် ဒီနံရံကိုဖောက်ပြီးရင် နောက်နံရံကို ရောက်ပြီဗျ လူသားဆန်မှုဟာ ဘယ်
ဂြိုလ်မှာ စစ်သားလေးရဲ့မေမေ သို့ မဟုတ် ဘုရားပန်းအိုးလေးထဲ ဆုတောင်းလေးတစ်ပွင့်ထိုးစိုက်သူ
အာရှတိုက်ကြီးကိုက အကျအပေါက်များနေတာ အသေခံ ဗုံးခွဲသမားရဲ့ မျက်လုံးဟာ လွန်ခဲ့တဲ့ ၃ နှစ်
ကတည်းက သေဆုံးနေကြောင်း please try again နှိပ်လိုက်တိုင်း ကီးကြောင်နေတဲ့ လက်ဗွေ
နစ်ရှေးနဲ့ ဘုရားသခင် ဒူးရွှန့် နဲ့ အိမ်သာခွက် ဘော်လ်တဲယား ငုံ့ ကြည့်ခဲ့တဲ့ တွင်းနက်ကြီးနဲ့ လူများ
သက္ကရာဇ်များ သမိုင်းများ နေ့ ထူးနေ့ မြတ်တွေကို ဆင်ဆာဖြတ်ဦးမှာလား ကမ္ဘာ့သားအိမ်ကြီးထဲသို့ 
သူလျှိုတွေ အလျှိုလျှိုရောက်ရှိ သန္စေခ မစ္စစ္စပီတံတားကြီးကျိုးကျတုန်းက ငါက မှော်ဝန်းချောင်းထဲမှာ
ငါးမျှားနေတာ ကဗျာထဲကို ကလစ်တစ်ချက် ”ငါ့ညနေလေးကို ဝယ်မလား” နံကြား ဒါမှမဟုတ် နောက်
ကျောထဲကို ကလစ်တစ်ချက် “ပိုင်ရှင်မဲ့ဦးခေါင်းတွေ့ ရှိ“ ငယ်နာမည် ချစ်ခြင်းမေတ္တာ ဖြစ်ကြောင်း
ထောက်ခံစာ ဘေထုပ်လေးမှာလည်း သူ့ ကိုယ်သင်းရနံ့ နဲ့ သူ အနုပညာ ငွေကြေး ဂုဏ်သိက္ခာ ပညာ
အာဏာ ကိလေသာ ပွတ်ကြည့်လိုက်တိုင်း ဒီအပွင့်တွေချည်းပဲ ဂျာအေး ကျွန်မကို တစ်ညလောက်ပဲ
ဖြစ်ဖြစ် သွေးသားဖြေဖျောက် ပေးသွားစမ်းပါဂျွန် မီးအလင်းအမှောင်က ဒီနေရာမှာ စကားပြောသွားပြီ
အ / ထူး / ပြု / လုပ် / ချက် / ရုပ်သေး/ ရုပ်သေ/ ရုပ်ရှင် မီတာတက္ကစီက ဒီအဝိုင်းကြီးကိုချည်းပတ်နေ
တာ ၃ခေါက် ဟိုးထားဆြာ နိုင်ငံရေးပါတယ် တောကျီးကန်းလေးက တစ်ကောင်တည်း ဆင်ပုပ်ကြီးက
အုပ်လိုက် သမုဒ္ဒရာ ဖြစ်နိုင်ရင် မင်း ကို ဝမ်း နဲ့  လွယ် ထား ချင် တယ် ရန် ကုန်
လင်းလက်တာရာ
၉၊၃၊၂၀၁၃
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment