Saturday, 29 September 2012
ကျွန်တော့်ရဲ့ password ကို သူမဆီ အပ်လိုက်တယ်
လိုင်းပေါ်မှာ မီးစိမ်းလေးနှစ်ပွင့် မတော်တဆ ထိနမ်းမိတာက စတာပဲ
ဝှက်ထားတဲ့ အိပ်မက်လေး ဗြုန်းစားကြီး ဗူးပေါ်သလို ပေါ်လာတာက စတာပဲ
လက်ထဲက မြတ်မြတ်နိုးနိုး ပန်းအိုးကလေး လွတ်ကျပျောက်ရှသွားမှာ ကြောက်တာက စတာပဲ
ကိုယ်ထူကိုယ်ထ လမ်းကလေးပေါ် ကိုယ်တိုင်ကိုယ်ကျ သစ်ရွက်ကလေး လွမ်းလို့ ကြွေတာက စတာပဲ
ကျစ်ဆံမြီးလေးနှစ်ချောင်းက ဘဝတစ်ခုလုံးကို လွယ်လင့်တကူ ပေါ့ပေါ့ပါးပါး ထည့်ကျစ်သွားတာက စတာပဲ
ဂရေဟမ်ဘဲလ်ရဲ့ စွန့် ဦးတီထွင်မှုမှာ ချောကလက်ရောင် ရယ်သံလေးတွေ တိတ်တိတ်ကလေး ခိုးခိုးတွေ့ နေတာက စတာပဲ
ပန်းသီးပုံပြင်လေးထဲ အဋ္ဌမမြောက် အက်ဒွပ်ဘုရင်အကြောင်း ချော့သိပ်မိတာက စတာပဲ
ကဗျာနဲ့ ယက်လုပ်ထားတဲ့ အပြုံးလေးက ခြောက်သယောင်းနေတဲ့ တောင်ကတုံးလေးပေါ် အမြဲစိမ်းတောကလေး စိုက်ပျိုးပေးတာက စတာပဲ
လောကကြီးက ခုမှပြီးပြည့်စုံလာတဲ့ အဓိပ္မါယ်တစ်ခု ခက်ဆစ်ဖွင့်ပေးလိုက်တာက စတာပဲ
နှလုံးသားရဲ့မြေကမ္ဘာမှာ ဂြိုလ်ရံလ လေးတစ်စင်း ကောက်ခါငင်ခါ လင်းဖွဲ့ လာတာက စတာပဲ
မြင်မြင်သမျှဟာ စိမ်းစိုလှပ ငြိမ်းချမ်းပျော်ရွှင် ချိုလွင်သာယာနေတော့တယ်။
လင်းလက်တာရာ
28,9,2012
Labels:
အချစ်ကဗျာ
Subscribe to:
Post Comments (Atom)
ဆရာရေ...ကဗျာလေး အရမ်းကြိုက်တယ်...
ReplyDeleteမိုးနတ်အဖြစ်နဲ့ အရမ်းကိုဆင်နေလို့ပါ...
အချစ်ကလေ..တကယ်ပဲထူးဆန်းလွန်းတယ်...
လူတစ်ယောက်ကို အကြောင်းပြချက်မရှိ ချစ်မိသွားခဲ့တယ်လို့ပဲထင်နေတာ..တကယ်က အကြောင်းပြချက်ရှိကိုရှိတယ်...တခြားအရာတွေနဲ့ နှိုင်းယှဉ်ဖွဲ့နွဲ့ပြီး
ပြောဖို့မလိုတောင်...သူကတော့ ဘယ်သူနဲ့မှမတူတဲ့ ကိုယ့်ရဲ့ရင်ခုန်ဘက်
ဖြစ်နေလို့လေ.....:P....
ခင်မင်နေတဲ့...မိုးနတ်