Sunday, 30 September 2012
မအောင်မြင်သေးတဲ့ ဇာတ်ထုပ်ကြီးကိုပဲ ညည
အဟမ်း...အဟမ်း...အဟမ်း...ဘဝကို အဲဒီလို လုပ်ချောင်းကြီးပေးပြီး ဝင်ရတာ အောက်တယ်
မေးခွန်းတွေ မေးခွန်းတွေ မေးခွန်းတွေ အိပ်မက်ထဲမှာ အခဲမကြေပြန်ဖြေနေတာ ၇နှစ် မောလည်းမော
ရှက်လည်းရှက် လိပ်ပြာလည်းမလုံ လူအုပ်ကြီးထဲ ပျောက်ဆုံးနေတဲ့ ငါ့ကို ငါကိုယ်တိုင် ခေါ်ငင်
ငါကိုယ်တိုင်ဆွဲထုတ် အသည်းအသန် ရုန်းကန်နေတဲ့ ငါ့ကို ငါ ပါးပိတ်ရိုက် ပစ်လိုက်တယ် လာထား
အရပ်ဝတ် အရပ်စားနဲ့ အရပ်သုံးစကားတွေ ငါက ဒရက်ကူလာ လောကဓံကို ဂုတ်သွေး ပြန်စုပ်ချင်တယ်
မြို့ကို အံစာတုံးတစ်တုံးလို ခေါက်ကြည့်လိုက်တော့ “ဘူ“ လေလိုလွင့် တိမ်လိုရွေ့  လှိုင်းလို ဂနာမငြိမ်
ဘယ်ဂူကမှ ငါ့ကို ကျောက်ချလို့ မရဘူး အရိုးထဲကကို ရိုးရိုးသားသားဆွေးတယ် အချစ်ရယ်
မမြင်ရတဲ့ အပေါက်ကနေ ယိုစိမ့်ကျလာတာ ကဗျာလား ကဗျာလားမမြောက်တော့/သေးတဲ့ ကဗျာလား
လုံးချေစွန်ပစ်ခံခဲ့ရတဲ့ ကဗျာလား ငါ့ကိုယ်ငါ ကဗျာမဆန်ချင်တော့ “ရီဝန်း“ ကလစ် နေတာကို ငါ
လိုက်ကြည့်နေမိတယ် လက်စသတ်တော့ သူမ ကလစ်နေတာ ကမ္ဘာကြီးရဲ့ ခန္မာကိုယ်တစ်ခုလုံးပဲ
အတွေးတွေ busy နေလို့  အလုပ်နည်းနည်းပေးပါ လိုင်းပေါ်မှာ အကြွေးတင်နေတဲ့ message တွေအတွက်
၂၀ တိုးနဲ့ ပြန်ဆပ်ရမယ် လောလောဆယ် လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုလေးကို ငတ်တယ်
အဆင်မပြေမှုကို password ချိန်းလို့ ရလား မူးရင် ရှကီရာ က, က တတ်တဲ့ သူငယ်ချင်းကို
ပီကေး အကြောင်းပြောပြရဦးမယ် လက်လှမ်းမီရာမှာ LP နီယို ကွန်ဆက်ခြူရယ် ကွန်တမ်ပိုရာရ ၊ကောလပ်ဂ်ျ
စိတ်ပါရာ/ အာရုံကျရာ နှလုံးသားက ခလုတ်နှိပ်လိုက်မိမှာပဲ ကမ္ဘာပေါ်က ကဗျာဆရာတွေအားလုံးကို
သိပ်ကျေးဇူးတင်ပါတယ် မောင်ရေချမ်းရေ ထွန်းလင်းသစ်ရေ အဂ္ဂလင်းရေ လူခါးရေ ဆူးရဲရေ စစ်နိုင်ရေ
လင်းဝေအိမ်ရေ “အက္ခရာလမ်း“အကြောင်းစဉ်းစားနေတာ ထမင်းမစားရသေးဘူး သိတဲ့အတိုင်း
ကွန်နက်ရှင်ကလည်းဒေါင်းနေတော့တာပဲ ကောင်းသော ပစ္စက္ခကြီးဖြစ်ပါစေ good bye! see u.
လင်းလက်တာရာ
30,9,2012
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
မအောင်မြင်သေးတဲ့ ဇာတ်ထုပ်ကြီးကို ဆက်ကမှပေါ့..ဆရာရဲ့
ReplyDeleteတို့လို့တန်းလန်း ထားခဲ့လို့ ဘယ်ဖြစ်ပါ့....ထားခဲ့လို့ရကြေးဆို..ငိုရတယ်
ဆိုတဲ့ အဖြစ်မျိုး ဒီလောကမှာ ဘယ်ရှိရိုးလဲ..အခုတော့......
ခံစားသွားတယ်နော်..
ခင်မင်နေတဲ့...မိုးနတ်ကြယ်စင်