Thursday, 17 May 2012
ခေတ်ခက်ဆစ်
ခေတ်က လူရိုသေရှင်ရိုသေမျက်နှာဖုံးအသစ်ကို တပ်ဆင်လိုက်တယ်
။ ဖားတစ်ပိုင်းငါးတစ်ပိုင်းကျီးမရောက်ကြက်မမြောက် အာရုံခံစားမှုခလုတ်ကို တပ်ဆင်လိုက်တယ်
။ ပြီးပြီးရောတစ်ခါသုံးဖော့တုံးစကားလုံးခပ်များများကို တပ်ဆင်လိုက်တယ်
။ နည်းပညာလှိုက်စားမှု အန္တရာယ်စက်ကွင်းကို တပ်ဆင်လိုက်တယ်
။ အချစ်မဲ့နှလုံးသားအမြုံတစ်ခုကို တပ်ဆင်လိုက်တယ်
။ ဆူနာမီ ၊ စစ်ပွဲ ၊ လူကုန်ကူးမှုနဲ့ ယူရေနီယံစာလုံးမည်းကြီးတွေကို တပ်ဆင်လိုက်တယ်
။ ရသနည်းနည်း မီဒီယာများများ ခံစားမှုကွပ်မျက်ခြင်းကို တပ်ဆင်လိုက်တယ်
။ ဦးနှောက်ကိုးကွယ်ရာဘာသာရပ်ဆော့ဝဲလ်တွေကို တပ်ဆင်လိုက်တယ်
။ ဘယ်သူသေသေ ငတေမာရင်ပြီးရော အတ္တပုံဆောင်ခဲကို တပ်ဆင်လိုက်တယ်
။ လုပ်ကြံဖန်တီးပြုပြင်ထားတဲ့ ကောလဟလတွေကို လက်ခံစဉ်းစား တပ်ဆင်လိုက်တယ်
။ အိုဇုန်းလွှာကို မျက်နှာလွှဲခဲပစ်ပြီး ပလူတိုဂြိုဟ်ဖြုတ်ချခြင်းဖောင်ဒေးရှင်းကို တပ်ဆင်လိုက်တယ်
။ လိင် ၊ တက်ကျမ်း ၊ ဘုရားသခင် နဲ့  ညစာလျှော့စားခြင်းအကျိုးကျေးဇူးတချို့ကို တပ်ဆင်လိုက်တယ်
။ စက်ရုံဆန်ဆန်ထုတ်လုပ်ခြင်းနဲ့  စက်ရုပ်ဆန်ဆန်တွေးခေါ်ခြင်းကို တပ်ဆင်လိုက်တယ်
။ အနုပညာကိုအနုပညာမှန်းမသိအောင် အနုပညာအတုနဲ့  ဖုံးကွယ်တပ်ဆင်လိုက်တယ်
။ ခေတ်ရှိကြောင်းထွက်ဆိုဖို့ ခေတ်ယောင်ဆောင်ထားတဲ့ ခေတ်တစ်ခေတ်ကို ငှားရမ်းတပ်ဆင်လိုက်တယ်
ဟေ့ခေတ်!!! လူကသယ်ဆောင်နေတာလား ၊ လူကိုသယ်ဆောင်နေတာလား ။
လင်းလက်တာရာ
ခရမ်းရိပ်မmagazing၊ မေ၊ ၂၀၁၂
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment