နှစ်ဆယ့်ငါးဆိုတော့ ဇာတ်ရှိန်တက်နေတဲ့စာမျက်နှာပေါ့
ဘဝက ခဏနားပြီးဖတ်လို့ရတဲ့ဝတ္ထုမဟုတ်ဘ
အရှိန်ကောင်းရင် လွှတ်မောင်းပစ်လိုက်ကွာ
အချစ်နဲ့ခေတ်က မတိုးလည်းတိုက်မိနေတာပဲ
ဘယ်လိုကတ္တရာလမ်းကများ မင်းအနုပညာကိုပေါက်ပြဲနိုင်မှာလ
ဘယ်လိုချောက်ကများ စိတ်ခံစားမှုထက်ပိုနက်လို့လဲ
လိုအပ်လို့ရော လင်းခွင့်ရှိလား
မလိုအပ်လို့ရော ငြင်းခွင့်ရှိလား
ငါတို့ရတဲ့လူငယ်ဘဝဟာ ဘုရားသခင်အမြင်ကပ်ကပ်နဲ့ပို့လို
ပြဌာန်းစာအုပ်ကြားအညုပ်ခံရတဲ့ စွယ်တော်ရွက်ခြောက်
သွေးစိမ်းရှင်ရှင်ထွက်နေတဲ့အိပ်
ငါတို့ထူသလောက် ပါးပါးလာတဲ့လက္ခဏာကို သံလိုက်အိမ်မြှောင်လိုကြည့်လို့
ဘာထူးလို့လဲကွာ
ကမ္ဘာ့မြေပုံပေါ် ပေါက်ပေါက်ဆုပ်တွေလို အကြဲခံခဲ့ရ
ဖဲကြိုးလို အဖြတ်ခံခဲ့ရ
မိုးပျံပူဖောင်းလောက်မှ ခဏတဖြုတ်အမြင့်မတက်နိုင်တဲ့ မိသားစုဟာနေရောင်အောက်မှာ ပေါက်ပြဲခံသက်သက့်
မိုးပျံအဆောက်အဉီးတွေမြင့်သည်ထက်မြင်
ခန္ခာကိုယ်အတွက် ခန္ဓာကိုယ်ပြန်ရင်းရတဲ့ ပြည့်တန်ဆာတွေလို
ငါတို့ ဒဏ်ရာနဲ့လဲယူရတဲ့ ဒေါ်လာကရောတန်ရဲ့လားကွာ
တန်ရာတန်ကြေးမပေးလည်း ကြေးစားဆန်လို့မရတာ ကြေကွဲမှုပဲ
မင်းက လေထဲကအလွမ်းလေးမှာတောင် မင်းကိုယ်မင်း ခဏခဏလွတ်ကျနေတာ
မင်းက အလိုလိုရင်ဘတ်ပါးနေတဲ့ကောင်ဆိုေ
စီဒီတစ်ပြားလို ရှေ့သွားပြီးနောက်ပြန်ရစ်လို့မရ
အခု မင်းနှလုံးသားမှာလာစိုက်တဲ့ နှုတ်ခမ်းပါးလေးဟာ လူမှားအထိုးခံရတဲ့ဓားမှမဟုတ်တာ
viber ထဲပြုတ်ကျလာတဲ့ ရယ်သံမွမွလေးကို မင်း ညလုံးပေါက်လိုက်ကောက်တတ်လာပြီ
မီးစိမ်းလေးကျွမ်းသွားမှာကို မင်း သေမလောက်ကြောက်တတ်လာပြီ
မင်းလိုချင်တဲ့ မွေးနေ့လက်ဆောင်ဆိုတာ လေထဲကဆုတောင်းသံသက်သက်မဟုတ်တော့
တခုတ်တရထုပ်ပိုးထားတဲ့ ရုပ်ဝတ္ထုပစ္စည်မဟုတ်တော့ဘူး
မဟုတ်ဘူး မဟုတ်ဘူး ငါသိတယ်
ဒါပေမယ့် ငါလည်းဆုတောင်းပေးနိုင်ရုံသက်သက
မင်းမွေးနေ့မှာ မင်းညည်းတွားနေတဲ့ နယ်ခြားစည်းဆိုတာကို ငွေဓားနဲ့ပျော်ပျော်ပါးပါးလှီးပ
ဆူးရဲ
* သူငယ်ချင်း လင်းလက်တာရာ မွေးနေ့အမှတ်တရ * 4 . 2 . 2013
No comments:
Post a Comment