စိတ်ကိုရှို့ လိုက်ရုံနဲ့ 
တစ်ကိုယ်လုံးပြာကျတယ်
ဖွင့် ကြည့် လိုက်တော့
တွန့် ကြေနေတဲ့မျက်ရည်များ
အဖွား အမေ နဲ့ ညီလေး
ချောက်ချောက်ချားချား
လောကဓံရဲ့ sos ငါရတယ်
ဟောဒီမှာ
ကမ္ဘာကြီးအတွက်
အသံမထွက်ရဲတဲ့ကြယ်
ဇာတ်အိမ်ပေါ်ကကြေကြေကွဲကွဲရယ်သံများ
ဘဝဆိုတာ ဘယ်သူခေါက်ခေါက်
တဒေါက်ဒေါက်မြည်နေတဲ့ဂလိုင်
တစ်သက်လုံးစုလာခဲ့တဲ့
စုဗူးကလေး ဖောက်လိုက်ရပြီ
''မိသားစု''..တဲ့
ပင်လယ်ပြင်ကိုဗဟိုပြုလို့ ..။...။
လင်းလက်တာရာ
အတွဲ ၅၊အမှတ် ၁၇
စက်တင်ဘာ၊ ၂၀၁၁
လမ်းသစ်ဂျာနယ်၊မလေးရှား
No comments:
Post a Comment