ကျွန်တော်လွတ်လပ်ခြင်းကိုဝတ်မှုန်ကူးတဲ့အခါ
ကဗျာနဲ့ အိမ်ထောင်ကျတယ်
ကျွန်တော်အသပြာနဲ့ စစ်တုရင်ကစားတဲ့အခါ
ကဗျာနဲ့ အိမ်ထောင်ကျတယ်
ကျွန်တော်လောကဓံနဲ့ လက္ဘ်ရည်ဆိုင်ထိုင်တဲ့အခါ
ကဗျာနဲ့ အိမ်ထောင်ကျတယ်
ကျွန်တော်ယုံကြည်ချက်ကိုရွက်ကုန်လွှင့်တဲ့အခါ
ကဗျာနဲ့ အိမ်ထောင်ကျတယ်
ကျွန်တော်အနာဂတ်ကိုခေါင်းခုန်တိုက်တဲ့အခါ
ကဗျာနဲ့ အိမ်ထောင်ကျတယ်
ကျွန်တော်အိပ်မက်တွေကိုအမဲလိုက်တဲ့အခါ
ကဗျာနဲ့ အိမ်ထောင်ကျတယ်
ကျွန်တော်ကိုယ့်ကိုယ်ကိုစစ်ကြေငြာတဲ့ အခါ
ကဗျာနဲ့ အိမ်ထောင်ကျတယ်
ကျွန်တော်ကဗျာနဲ့ အိမ်ထောင်ကျတဲ့အခါ.......။......။
လင်းလက်တာရာ
၂၀၀၈၊အောက်တိုဘာ
ဖြစ်ရပ်မှန်စုံထောက် MAGAZINE
No comments:
Post a Comment