Monday, 16 July 2012
အကြမ်းထည်များ
klcc က ငါတို့ ကိုညှို့ တယ်
ပီထရိုနပ်မျှော်စင်က ငါတို့ ကို ညှို့ တယ်
မိုးပျံရထားတွေက ငါတို့ ကို ညှို့ တယ်
ဗုံးပေါလအောဟမ်းဆက်တွေက ငါတို့ ကို ညှို့ တယ်
ရေစိမ်ခံရင်းဂစ်တွေက ငါတို့ ကို ညှို့ တယ်
စပါးကြီးမြွေတွေတထွေးကြီး ငါတို့ ကိုသဲကြီးမဲကြီး ညှို့ တယ်
ညှို့ တယ်၊ မိသားစု ၊ လောကဓံ ၊ ဘေးကြပ်နံကြပ်အသက်ရှူသံများ
ညှို့ တယ်၊ ဒီနှစ်အိမ်ပြင်မှဖြစ်မယ်
ညှို့ တယ်၊ အဖေကျန်းမာရေးမကောင်းဘူး
ညှို့ တယ်၊ ချူသံပါနေတဲ့ အမေ့စက်ချုပ်သံကလေး
ညှို့ တယ်၊ ညီမလေးကျောင်းမပြီးသေးဘူး
ညှို့ တယ်၊ ညီလေး ပက်စ်ပို့ စ် လုပ်ပြီးပြီ
ညှို့ တယ်၊ အိပ်မက်တွေအကြီးကြီး
ညှို့ တယ်၊ မှိုင်းမိနေတဲ့မနက်ဖြန်တွေ
ညှို့ တယ်၊ ရုန်းလေနစ်လေ ဖွံ့ ဖြိုးဆဲနွံပယ်လယ်ကြီး
ညှို့ တယ်၊ သူမဟုတ်သလိုမြို့ ကြီးက ဗစ်တိုးရီးယားရဲ့ မော်ဒယ်မလေး ဆွမ်ပိုးလ်လို ဝတ်လစ်စလစ်နဲ့ 
ညှို့ တယ်၊ ဆက်ညှို့ တယ်၊ ဆက်ညှို့ နေဆဲ
ငါတို့ က အညှို့ ခံသက်သက်လား
ငါတို့ က သားကောင်သက်သက်လား
ငါတို့ က သူတပါးပုံစံခွက်ထဲက စက်ရုံထုတ်ပစ္စည်းသက်သက်လား
ဂျလန်းယူသန့် ဆီ တကူးတကသွားပြီး ဆုတစ်ခုတောင်းခဲ့တယ်။ ။
( ဂျလန်းယူသန့်  = ကွာလာလမ်ပူမြို့ ရှိ ဦးသန့် လမ်း )
လင်းလက်တာရာ
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment