ဘယ်သူမှ အီးမေးလ်မပို့ လည်း
နေ့ စေ့လစေ့ ကိုယ်ဝန်လို
မြေကမ္ဘာရဲ့ အရှိုက်တည့်တည့်မှာ
ချိန်သားကိုက်ရောက်လာမယ်
ကျုပ်နာမည် ပိတောက်
နံစော်ပုပ်သိုးနေတဲ့
ခင်ဗျားတို့ စိတ်ထဲက အမှိုက်ဆိုးတွေအတွက်
အချက်ပေးခေါင်းလောင်းထိုးဖို့  ။ ။
လင်းလက်တာရာ
ဧပြီ ၊ ၂၀၁၂ ၊ မဟေသီ မဂ္ဂဇင်း
"ခင်ဗျားတို့ စိတ်ထဲက အမှိုက်ဆိုးတွေအတွက်
ReplyDeleteအချက်ပေးခေါင်းလောင်းထိုးသံ "
အလွန်အကျွံ မူးရင်းကဲရင်း မူးမူးမေ့မေ့တွေက
အချက်ပေးသံကို မကြားနိုင်ကြတာ ၀မ်းနည်းစရာ...
အားနာပါတယ် ပိတောက်ရယ်။
ခင်မင်သော ကိုသတိုး