Sunday 26 February 2012
အလေနတော ပွင့်လိုမရတဲ့ ကဗျာ
ပျိုးခဲ့မိမှတော့
ရာသီကိုလည်း ပုဒ်မ မတပ်ချင်တော့ဘူး
မိုးရွာတယ်
နေပူတယ်
ဖြစ်ရိုးဖြစ်စဉ် ဝေလွယ် ကြွေလွယ်
စကားလုံးတွေ အုံနဲ့ ကျင်းနဲ့ 
သို့ တည်ပြီးပြီ
ကွင်းဆင်းလေ့လာပြီးပြီ
တံခါးသော့ခတ်တယ်
အတွေးကို မပိတ်ဘူး
သီချင်းဓါတ်စာရှာတယ်
ကက်ဆက် မဖွင့်ဘူး
ဘာရယ်မဟုတ်ဘူး
စိတ်ကူးတွေ ရောက်တက်ရာရာ လမ်းသလားတယ်
ဝန်တင်နေတဲ့ လိပ်ပြာတွေ
မီးညှိ့နေတဲ့ ပိုက်ဆံတွေ
ှုငိုက်မြည်းနေတဲ့ နံနက်ခင်းတွေ
မြည်းတစ်ကောင်လို ငေးတယ်
မြင်းတစ်ကောင်လို ပြေးတယ်
ကဗျာဆရာဖြစ်လာမှတော့
ခေတ်ကိုမကြောက်တော့ဘူးပေါ့ မေမေ...။
                                              လင်းလက်တာရာ
ဇန်နဝါရီ၊၂၀၀၉၊နွယ်သာကီ မဂ္ဂဇင်း။
No comments:
Post a Comment