ဒီကဗျာကိုစတင်ဖို့ ဆေးလိပ်ကို မီးညှိလိုက်ပြီ။ အတွေးဟာ မီးခိုးငွေ့ တွေထဲမှာ တငွေ့ ငွေ့ ။
မီးကုန်ယမ်းကုန် ဘဝကြီးထဲမှာ မီးခိုးကြွက်လျှောက် တငွေ့ ငွေ့ ။ မီးစဉ်ကြည့်က နေရတဲ့
ခေတ်ကြီးထဲမှာ မီးနေသည်လိုတငွေ့ ငွေ့ ။ ကမ္ဘာဦးအစကို ဆွဲယူကိုးကားကြည့်မိတာတောင်
မီးခတ်ကျောက်တွေက တငွေ့ ငွေ့ ။ ရွေ့ လျားနေတဲ့အတွေးစတွေကို စာရေးစားပွဲပေါ် ပြာလို
ခြွေချလိုက်တော့ သစ်သားကောက်ကြောင်းလေးက ထအော်တယ်။ ရိုးမကြီးက ထအော်တယ်။
အာဖရိကတောနက်ကြီးက ထအော်တယ်။ တငွေ့ ငွေ့ ပဲ။ တောင်ကတုံးတွေက အာခေါင်ခြစ်လို့ ။
ဆာဟာရတွေက အာခေါင်ခြစ်လို့ ။ ယန်ဇီမြစ်ကြီးက အာခေါင်ခြစ်လို့ ။ သဘာဝပတ်ဝန်းကျင်
တစ်ခုလုံး အာခေါင်ခြစ်လို့ ။ တငွေ့ ငွေ့ ပဲ။ ပျဉ်ချပ်တွေက သစ်သားလွှာအစအနတွေနဲ့ ပဲ အကဲ
ဖြတ်နိုင်တယ်ဆိုရင် ကမ္ဘာ့လူသားပီသဖို့ ဘာတွေနဲ့ အကဲဖြတ်ရမလဲ။ တငွေ့ ငွေ့ ပဲ။ ၂၀ ရာစုက
၂၁ ရာစုကို ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး (၂) ခု လက်ဆင့်ကမ်းလိုက်ပါတယ်။ (၁) ဆင်းရဲမွဲတေမှု၊
(၂) သဘာဝဘေးအန္တရာယ်။ တငွေ့ ငွေ့ ပဲ။ ကျွန်တော့အသက် (၂၄)နှစ်၊ ကမ္ဘာကြီးရဲ့ အသက်
နှစ်သန်း(၄၅၀၀) ဆိုတော့ ရယ်စရာ။ မရယ်နိုင်ပါ။ တငွေ့ ငွေ့ ပဲ။ ပင်လယ်ထဲမှာ လူသတ်သမား
တွေ ရှိတယ်။ ပင်လယ်ထဲမှာ သစ်ပင်သတ်သမားတွေ ရှိတယ်။ နာဂစ်ဟာ ကျွန်တော်ချစ်တဲ့
ဆွေမျိုးတွေကို စားသွားတယ်။ ကျွန်တော်ချစ်တဲ့ သစ်ပင်တွေကို စားသွားတယ်။ တကယ့်ကို
တငွေ့ ငွေ့ ပါပဲ။ မြေပြိုလိုက်၊ ငလျှင်လှုပ်လိုက်၊ မီးတောင်ပေါက်လိုက်၊ မုန်တိုင်းထန်လိုက်၊
ဆူနာမီ မွှေလိုက်။ တကယ့်ကို တငွေ့ ငွေ့ ပါပဲ။ ဥတုရာသီ တောကို မှီသေးရဲ့လား။ သစ်တစ်ပင်
ကောင်း ငှက်တစ်သောင်း နားနိုင်သေးရဲ့လား။ တစ်နေ့ ထက်တစ်နေ့ မီးသွေးတွေပဲ များများလာ။
အိုဇုန်းပုဆိုးစုတ်ကြီးပဲ ပြဲပြဲလာ။ တကယ့်ကိုတငွေ့ ငွေ့ ပါပဲ။ နေ့ တွေဟာ ပိုပူလာပြီး ညတွေဟာ
မအေးတော့ပါ။ ပေါ့ဆမီးဟာ ကမ္ဘာကြီးကို တငွေ့ ငွေ့ ဆွဲလောင်နေပါပြီ။ အရပ်ကတို့ ရေ.......၊
"သင့်ကြောင့် မီးမလောင်ပါစေနှင့်" ကို ပါမစ်ထပ်တိုးပေးကြပါဦး။ နည်းပညာနောက် ကောက်
ကောက်ပါနေတဲ့ ဥာဏ်ပညာရှိကြီးတို့ ရေ......၊ နည်းပညာအကူအညီနဲ့  လောကကြီးကို မီးငြှိမ်း
ပေးကြပါဦး။ သဘာဝပတ်ဝန်းကျင်ပျက်ရင် သက်ရှိအဖွဲ့ အစည်းပါပျက်မယ်ဆိုတဲ့ ဒိုမီနို။ ညှော်နံ့ 
တွေ တငွေ့ ငွေ့ အူနေတဲ့ဒီကဗျာကို အဆုံးသတ်ဖို့  ညှိခဲ့မိတဲ့ဆေးလိပ်ကို ထိုးချေပစ်လိုက်တယ်။
လင်းလက်တာရာ
၂၁၊၉၊၂၀၁၂
No comments:
Post a Comment