Monday 24 September 2012

အိပ်မက်တွေကြွေတဲ့ည

ကြယ်တွေ ကောက်ဖို့ မအားဘူး ဘဝကို ခဏခဏ ကောက်နေရလို့ 
အမှောင်ဟာ ဖြောင့်တန်းစွာ စီးကျနေတဲ့ အလင်းတု ခဏခဏ တဖွဖွ
မှားတယ် ကိုယ့်အသက်ဓါတ်လေးကို ယပ်တောင်လေး တဖျက်ဖျက်
ခတ်နေရတဲ့ည ကဗျာဟာ ခဏခဏ ဖျားတယ် အပေါ်သွေး ၁၀၉/၁၁၀
အောက်သွေး ၁၀၉/၁၁၀ မေမေခေါ်နေကျ အိမ်နာမည်လေး လွမ်း
မောဖွယ် လောကဓံရဲ့ အညစ်အကြေးတွေ ခဏခဏ သန့် စင်နေရလို့ 
ငယ်ရုပ်ပျောက်နေတဲ့ ဒုက္ခဖက်ရှင်လူသား ခဏခဏ ပြင်ဝတ်နေရတဲ့ အမှားနဲ့ 
အမှန် နိဗ္မာန်နဲ့ ငရဲ ခေတ်ထဲ ရိုးသားရတာ မျက်နှာငယ်တယ် ငွေဟာ အဆိပ်
ကိုလည်း ပြေစေ အဆိပ်ကိုလည်းပြင်းစေ စိတ်ပြေလက်ပျောက် ပင်လယ်
ပြာကြီးထဲ ရေလေးတစ်ပေါက်လောက် ပွက်ချင်တဲ့ဆန္ဒ နယ်ခြားစည်းတွေက
ခါးတယ် အဝေးပြေးအိပ်မက်တွေက ခါးတယ် နိုင်ငံရေးတွေကို မခါးပါရ
စေနှဲ့  ဧရာဝတီကို မခါးပါရစေနဲ့  ခဏခဏ ကူးမိတဲ့စိတ်မှာ ခဏခဏ
လက်ပန်းကျတယ် ခုလောက်ဆို တစ်ခုခု ထူးနေလောက်ရောပေါ့
မထူးဇာတ်မှာတစ်ဦးတစ်ယောက်မှ မထူးလည်း ဆက်လက်ဖူးပွင့်နေဦးမယ့်
ခေါ်သံတွေ ခဏခဏ အဓမ္မတွေက လက်ကြမ်းကြီးနဲ့ ခြွေခြွေချနေတယ်
ကြားတယ် နှလုံးသားနဲ့ ဆက်ဆက်ကြားတယ် ပါးကွက်ကြားလေးရဲ့ ငိုသံ
လေးဖက်နံရံကြီးကို ဖြိုချင်တဲ့ သစ္စာတရား ခဏခဏ ထထယောင်တယ်
ချနင်းခံလိုက်ရတဲ့ အမှန်တရားတွေဟာ မနက်ဖြန်အတွက် လမ်း အိပ်မက်
ကြွေတွေဟာ...ဘယ်တော့မှ မပုပ် မသိုးဘူး မဟုတ်လား

                                               လင်းလက်တာရာ
                                                  ၂၄၊၉၊၂၀၁၂

1 comment:

  1. စကားလုံး အသုံးအနှုန်းနဲ့ စာသားလေးတွေကြိုက်တယ်...
    မိုးနတ်ကတော့ ကြိုးစားနေရဆဲပါပဲ...အတုတော့မခိုးဘူးနော်..ပညာတွေ
    တော့ယူသွားတယ်....၀မ်းစာကလဲ ဖြည့်ရသေးတယ်လေ..:P
    ဒါဆို ဒီခေါင်းစဉ်နဲ့ပဲ ဆရာလူခါးတို့ တခြားလူတွေတို့လဲရေးအုံးမှာပေါ့နော်
    စောင့်ဖတ်ရတာ ရင်ခုန်စရာကောင်းတယ်.သင်ယူစရာတွေ အများကြီးလိုနေသေးတဲ့ မိုးနတ်အတွက် သူများရေးတာကို ၀င်ပြီးဝေဖန်
    ရလောက်အောင် အရည်အချင်းမရှိသေးပေမဲ့...ဆရာ့ကဗျာလေးတွေကို
    ကြိုက်လို့ မန့်မိတယ်နော်..မှားသွားတာရှိရင် အပြစ်မမြင်ဘူးလို့တော့
    ထင်တာပဲလေ..(ဆရာရေချမ်းကဗျာတော့ ဖတ်ပြီးသွားပြီ)..
    ခင်မင်နေတဲ့..မိုးနတ်

    ReplyDelete