ပြောရမယ်ဆို အဲဒီအတင်းအဖျင်းပဲ လက်ညှိုးထိုးစရာရှိတယ် အတင်းအဖျင်း
အဲဒီအတင်းအဖျင်းက အလှကြိုက်တယ်။ အဲဒီအတင်းအဖျင်းက မျက်ရည်လွယ်တယ်
။ သဝန်တိုတယ် ။ ။ ဇီဇာကြောင်တယ်
။ မာယာများတယ်။ ။ အပျင်းထူတယ်
။ အခြေကြီးတယ် ။ ။ စိတ်ကောက်တယ်
။ အချိုသပ်တယ် ။ ။ အမြှောက်ကြိုက်တယ်
။ မနာလိုတယ်။ ။ ဥာဏ်များတယ်
။ ဟန်ဆောင်ကောင်းတယ်။ ။ ယုန်ထင်ကြောင်ထင်တယ်
။ တယောချွဲတယ်။ ။ အိမ်လည်ထွက်တယ်
။ အအိပ်ပုပ်တယ်။ ။ ကပ်ကပ်လန်တယ်
။ လုပ်ဇာတ်ခင်းတယ်။ ။ ချော်လဲရောထိုင်တယ်
။ ဂုဏ်ပြိုင်တယ်။ ။ ရန်စွာတယ်
။ အငြိုးကြီးတယ်။ ။ ကလန်ကဆန်လုပ်တယ်
။ အချော့ကြိုက်တယ်။ ။ ကြိုးကိုင်ချယ်လှယ်တယ်
။ အတ္တကြီးတယ်။ ။ ခုတ်ထစ်ပုံသွင်းတယ်
အဲဒီအတင်းအဖျင်းပေါ့ မရှိမကောင်း ရှိမကောင်း။ မရှိမဖြစ် ရှိမဖြစ်
ကျောက်တုံးကိုညှစ်ရင်တောင် အရည်ထွက်တယ်။ ခေတ် အဆက်ဆက်။ ။
လင်းလက်တာရာ
စက်တင်ဘာ၊၂၀၀၈၊သောင်းပြောင်းထွေလာရယ်စရာ။
No comments:
Post a Comment