Thursday 11 July 2013

ဝတ္ထု / ဝဋ်ထု

( ၁ )

မြုံနေတဲ့ ဝက်ခြံ မထွက်သေးသ၍ မြင်မြင်သမျှဟာ အကျည်းတန်
နေဦးမှာပဲလို့  ပါးပြင်မို့ မို့ လေးက ပြောပါတယ်။
' တိမ်လွှာမို့ မိုလွင် ' တောင် တိမ်လွှာတွေကြား / တောင်လွှာတွေ
ကြားအောင် တိုးတိုးလေး ဆိုညည်းမိပါတယ်လို့ ပါးပြင်မို့ မို့ လေးက တိုးတိုးလေး
ပြောပါတယ်။ တိမ်လွှာတွေကြားက လေယာဉ်သံတွေကြားရင် အိမ်သိပ်ဆာတာပဲလို့ ပါးပြင်မို့ မို့ လေးက ငေးငေးလေး
ထပ်ပြောပါတယ်။ ချစ်ခြင်းမေတ္တာဟာ ငွေရေးကြေးရေးရဲ့ ဓါးလွယ်ခုတ်အနေအထားမှာ လည်စင်းပေးနေရပါတယ်လို့ 
ပါးပြင်မို့ မို့ လေးက အထပ်ထပ် ပြောရှာပါတယ်။
မျက်ရည်စီးကြောင်း ဟာ ပါးပြင်မို့ မို့ လေးပေါ်မှာ သောင်ထွန်း ကျွန်းဖြစ်
နေပါပြီလို့ ပါးပြင်မို့ မို့ လေးက တိတ်တိတ်လေး အထပ်ထပ်
ထပ်ပြောရှာပါတယ်။

( ၂ )

' နွံနစ်နေတာလည်း ကြာပြီ။ ပေါ်ကို ပေါ်မလာသေးတာလည်း
နှစိနဲ့ ချီပြီ။ ပတ္တမြားအတုလည်း မဟုတ်ပြန်ဘူး '။
ကဗျာစာသားလေးဟာ ကဗျာစာသားသက်သက်ချည်းလဲ မဟုတ်ပြန်ဘူး။
ရွာထိပ် ထုံးဖြူစေတီလေးဆီက အသံတိတ်ဆည်းလည်းလေး ဖိတ်စင်
လှုပ်ခတ်နေတာတော့ ဟုတ်ပါတယ်။ နေရောင်နဲ့ သစ်ရွက်ရော်ကြားမှာ
ဥသြငှက်လေးရဲ့ အသံအက်အက် ၊ ညပ်လည်းညပ်
နစ်လည်းနစ်နေတာလည်း ဟုတ်ပါတယ်။ ဆိုင်ကယ် ကယ်ရီသမား လူငယ်လေးရဲ့
နှလုံးသားမှာ ၃ နှစ်စာ လွယ်ပိုးထားရသော သမုဒယ ကျောက်တုံး
ကျောက်စိုင်ကြီးများ။ အိပ်မက်တွေကတော့ အရင်လို
ညကောက်ရိုးပုံမှာ လမသာလည်း လသာမြဲသာနေဆဲ ဆိုတာတော့
အဟုတ်ကြီး ဟုတ်ပါတယ်။

( ၃ )

တိမ်လွှာမို့ မို ကြားမှာ လေယာဉ်ကြီး။ လေယာဉ်ကြီးပေါ်မှာ
ပါးပြင်မို့ မို့ လေး။ ပါးပြင်မို့ မို့ လေးပေါ်မှာ ပိတ်ဖြူ။
ထို့ နောက် မင်္ဂလာရှိသောလေဆိပ်ကြီးထဲသို့ ပိတ်ဖြူအုပ်ထားသော ပါးပြင်မို့ မို့ လေး။
ိဆိုင်ကယ် ကယ်ရီသမားလူငယ်လေးကို နောက်ဆက်တွဲ ရလာဒ်တစ်ခုက
သစ်လုံးကားကြီးဆီ တွန်းပို့ ပေးလိုက်တယ်။
ပါးပြင်မို့ မို့ ဓါတ်ပုံလေးပေါ် စုတ်ချက်ကြမ်းကြမ်း သွေးပန်းချီ။


လင်းလက်တာရာ
4.7.2013

No comments:

Post a Comment