Sunday 30 September 2012

မအောင်မြင်သေးတဲ့ ဇာတ်ထုပ်ကြီးကိုပဲ ညည




အဟမ်း...အဟမ်း...အဟမ်း...ဘဝကို အဲဒီလို လုပ်ချောင်းကြီးပေးပြီး ဝင်ရတာ အောက်တယ်
မေးခွန်းတွေ မေးခွန်းတွေ မေးခွန်းတွေ အိပ်မက်ထဲမှာ အခဲမကြေပြန်ဖြေနေတာ ၇နှစ် မောလည်းမော
ရှက်လည်းရှက် လိပ်ပြာလည်းမလုံ လူအုပ်ကြီးထဲ ပျောက်ဆုံးနေတဲ့  ငါ့ကို ငါကိုယ်တိုင် ခေါ်ငင်
ငါကိုယ်တိုင်ဆွဲထုတ် အသည်းအသန်  ရုန်းကန်နေတဲ့ ငါ့ကို  ငါ  ပါးပိတ်ရိုက် ပစ်လိုက်တယ်  လာထား
အရပ်ဝတ် အရပ်စားနဲ့ အရပ်သုံးစကားတွေ ငါက ဒရက်ကူလာ လောကဓံကို ဂုတ်သွေး ပြန်စုပ်ချင်တယ်
မြို့ကို အံစာတုံးတစ်တုံးလို ခေါက်ကြည့်လိုက်တော့ “ဘူ“  လေလိုလွင့် တိမ်လိုရွေ့  လှိုင်းလို ဂနာမငြိမ်
ဘယ်ဂူကမှ ငါ့ကို ကျောက်ချလို့ မရဘူး အရိုးထဲကကို ရိုးရိုးသားသားဆွေးတယ် အချစ်ရယ်
မမြင်ရတဲ့ အပေါက်ကနေ ယိုစိမ့်ကျလာတာ ကဗျာလား ကဗျာလားမမြောက်တော့/သေးတဲ့ ကဗျာလား
လုံးချေစွန်ပစ်ခံခဲ့ရတဲ့ ကဗျာလား ငါ့ကိုယ်ငါ ကဗျာမဆန်ချင်တော့ “ရီဝန်း“ ကလစ် နေတာကို ငါ
လိုက်ကြည့်နေမိတယ် လက်စသတ်တော့ သူမ ကလစ်နေတာ ကမ္ဘာကြီးရဲ့ ခန္မာကိုယ်တစ်ခုလုံးပဲ
အတွေးတွေ busy နေလို့  အလုပ်နည်းနည်းပေးပါ လိုင်းပေါ်မှာ အကြွေးတင်နေတဲ့ message တွေအတွက်
၂၀ တိုးနဲ့ ပြန်ဆပ်ရမယ်  လောလောဆယ် လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုလေးကို ငတ်တယ်
အဆင်မပြေမှုကို password ချိန်းလို့ ရလား မူးရင် ရှကီရာ က, က တတ်တဲ့ သူငယ်ချင်းကို 
ပီကေး  အကြောင်းပြောပြရဦးမယ် လက်လှမ်းမီရာမှာ LP နီယို ကွန်ဆက်ခြူရယ် ကွန်တမ်ပိုရာရ ၊ကောလပ်ဂ်ျ
စိတ်ပါရာ/ အာရုံကျရာ နှလုံးသားက ခလုတ်နှိပ်လိုက်မိမှာပဲ ကမ္ဘာပေါ်က ကဗျာဆရာတွေအားလုံးကို
သိပ်ကျေးဇူးတင်ပါတယ် မောင်ရေချမ်းရေ ထွန်းလင်းသစ်ရေ အဂ္ဂလင်းရေ လူခါးရေ ဆူးရဲရေ စစ်နိုင်ရေ
လင်းဝေအိမ်ရေ “အက္ခရာလမ်း“အကြောင်းစဉ်းစားနေတာ  ထမင်းမစားရသေးဘူး  သိတဲ့အတိုင်း
ကွန်နက်ရှင်ကလည်းဒေါင်းနေတော့တာပဲ ကောင်းသော ပစ္စက္ခကြီးဖြစ်ပါစေ good bye! see u.

                                                                             လင်းလက်တာရာ
                                                                                  30,9,2012

Saturday 29 September 2012

ကျွန်တော့်ရဲ့ password ကို သူမဆီ အပ်လိုက်တယ်



လိုင်းပေါ်မှာ မီးစိမ်းလေးနှစ်ပွင့် မတော်တဆ ထိနမ်းမိတာက စတာပဲ
ဝှက်ထားတဲ့ အိပ်မက်လေး ဗြုန်းစားကြီး ဗူးပေါ်သလို ပေါ်လာတာက စတာပဲ
လက်ထဲက မြတ်မြတ်နိုးနိုး ပန်းအိုးကလေး လွတ်ကျပျောက်ရှသွားမှာ ကြောက်တာက စတာပဲ
ကိုယ်ထူကိုယ်ထ လမ်းကလေးပေါ် ကိုယ်တိုင်ကိုယ်ကျ သစ်ရွက်ကလေး လွမ်းလို့ ကြွေတာက စတာပဲ
ကျစ်ဆံမြီးလေးနှစ်ချောင်းက ဘဝတစ်ခုလုံးကို လွယ်လင့်တကူ ပေါ့ပေါ့ပါးပါး ထည့်ကျစ်သွားတာက စတာပဲ
ဂရေဟမ်ဘဲလ်ရဲ့ စွန့် ဦးတီထွင်မှုမှာ ချောကလက်ရောင် ရယ်သံလေးတွေ တိတ်တိတ်ကလေး ခိုးခိုးတွေ့ နေတာက စတာပဲ
ပန်းသီးပုံပြင်လေးထဲ အဋ္ဌမမြောက် အက်ဒွပ်ဘုရင်အကြောင်း ချော့သိပ်မိတာက စတာပဲ
ကဗျာနဲ့ ယက်လုပ်ထားတဲ့ အပြုံးလေးက ခြောက်သယောင်းနေတဲ့ တောင်ကတုံးလေးပေါ် အမြဲစိမ်းတောကလေး စိုက်ပျိုးပေးတာက စတာပဲ
လောကကြီးက ခုမှပြီးပြည့်စုံလာတဲ့ အဓိပ္မါယ်တစ်ခု ခက်ဆစ်ဖွင့်ပေးလိုက်တာက စတာပဲ
နှလုံးသားရဲ့မြေကမ္ဘာမှာ ဂြိုလ်ရံလ လေးတစ်စင်း ကောက်ခါငင်ခါ လင်းဖွဲ့ လာတာက စတာပဲ
မြင်မြင်သမျှဟာ စိမ်းစိုလှပ ငြိမ်းချမ်းပျော်ရွှင် ချိုလွင်သာယာနေတော့တယ်။ 

                                                                                                   လင်းလက်တာရာ
                                                                                                        28,9,2012

Monday 24 September 2012

အိပ်မက်တွေကြွေတဲ့ည

ကြယ်တွေ ကောက်ဖို့ မအားဘူး ဘဝကို ခဏခဏ ကောက်နေရလို့ 
အမှောင်ဟာ ဖြောင့်တန်းစွာ စီးကျနေတဲ့ အလင်းတု ခဏခဏ တဖွဖွ
မှားတယ် ကိုယ့်အသက်ဓါတ်လေးကို ယပ်တောင်လေး တဖျက်ဖျက်
ခတ်နေရတဲ့ည ကဗျာဟာ ခဏခဏ ဖျားတယ် အပေါ်သွေး ၁၀၉/၁၁၀
အောက်သွေး ၁၀၉/၁၁၀ မေမေခေါ်နေကျ အိမ်နာမည်လေး လွမ်း
မောဖွယ် လောကဓံရဲ့ အညစ်အကြေးတွေ ခဏခဏ သန့် စင်နေရလို့ 
ငယ်ရုပ်ပျောက်နေတဲ့ ဒုက္ခဖက်ရှင်လူသား ခဏခဏ ပြင်ဝတ်နေရတဲ့ အမှားနဲ့ 
အမှန် နိဗ္မာန်နဲ့ ငရဲ ခေတ်ထဲ ရိုးသားရတာ မျက်နှာငယ်တယ် ငွေဟာ အဆိပ်
ကိုလည်း ပြေစေ အဆိပ်ကိုလည်းပြင်းစေ စိတ်ပြေလက်ပျောက် ပင်လယ်
ပြာကြီးထဲ ရေလေးတစ်ပေါက်လောက် ပွက်ချင်တဲ့ဆန္ဒ နယ်ခြားစည်းတွေက
ခါးတယ် အဝေးပြေးအိပ်မက်တွေက ခါးတယ် နိုင်ငံရေးတွေကို မခါးပါရ
စေနှဲ့  ဧရာဝတီကို မခါးပါရစေနဲ့  ခဏခဏ ကူးမိတဲ့စိတ်မှာ ခဏခဏ
လက်ပန်းကျတယ် ခုလောက်ဆို တစ်ခုခု ထူးနေလောက်ရောပေါ့
မထူးဇာတ်မှာတစ်ဦးတစ်ယောက်မှ မထူးလည်း ဆက်လက်ဖူးပွင့်နေဦးမယ့်
ခေါ်သံတွေ ခဏခဏ အဓမ္မတွေက လက်ကြမ်းကြီးနဲ့ ခြွေခြွေချနေတယ်
ကြားတယ် နှလုံးသားနဲ့ ဆက်ဆက်ကြားတယ် ပါးကွက်ကြားလေးရဲ့ ငိုသံ
လေးဖက်နံရံကြီးကို ဖြိုချင်တဲ့ သစ္စာတရား ခဏခဏ ထထယောင်တယ်
ချနင်းခံလိုက်ရတဲ့ အမှန်တရားတွေဟာ မနက်ဖြန်အတွက် လမ်း အိပ်မက်
ကြွေတွေဟာ...ဘယ်တော့မှ မပုပ် မသိုးဘူး မဟုတ်လား

                                               လင်းလက်တာရာ
                                                  ၂၄၊၉၊၂၀၁၂

Thursday 20 September 2012

မီးတောက်သစ်ပင်

ဒီကဗျာကိုစတင်ဖို့ ဆေးလိပ်ကို မီးညှိလိုက်ပြီ။ အတွေးဟာ မီးခိုးငွေ့ တွေထဲမှာ တငွေ့ ငွေ့ ။
မီးကုန်ယမ်းကုန် ဘဝကြီးထဲမှာ  မီးခိုးကြွက်လျှောက် တငွေ့ ငွေ့ ။   မီးစဉ်ကြည့်က  နေရတဲ့
ခေတ်ကြီးထဲမှာ မီးနေသည်လိုတငွေ့ ငွေ့ ။ ကမ္ဘာဦးအစကို ဆွဲယူကိုးကားကြည့်မိတာတောင်
မီးခတ်ကျောက်တွေက တငွေ့ ငွေ့ ။ ရွေ့ လျားနေတဲ့အတွေးစတွေကို စာရေးစားပွဲပေါ် ပြာလို
ခြွေချလိုက်တော့ သစ်သားကောက်ကြောင်းလေးက ထအော်တယ်။ ရိုးမကြီးက ထအော်တယ်။
အာဖရိကတောနက်ကြီးက ထအော်တယ်။ တငွေ့ ငွေ့ ပဲ။ တောင်ကတုံးတွေက အာခေါင်ခြစ်လို့ ။
ဆာဟာရတွေက အာခေါင်ခြစ်လို့ ။  ယန်ဇီမြစ်ကြီးက အာခေါင်ခြစ်လို့ ။  သဘာဝပတ်ဝန်းကျင်
တစ်ခုလုံး အာခေါင်ခြစ်လို့ ။ တငွေ့ ငွေ့ ပဲ။ ပျဉ်ချပ်တွေက သစ်သားလွှာအစအနတွေနဲ့ ပဲ အကဲ
ဖြတ်နိုင်တယ်ဆိုရင် ကမ္ဘာ့လူသားပီသဖို့ ဘာတွေနဲ့ အကဲဖြတ်ရမလဲ။ တငွေ့ ငွေ့ ပဲ။ ၂၀ ရာစုက
၂၁ ရာစုကို ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး (၂) ခု လက်ဆင့်ကမ်းလိုက်ပါတယ်။  (၁) ဆင်းရဲမွဲတေမှု၊
(၂) သဘာဝဘေးအန္တရာယ်။  တငွေ့ ငွေ့ ပဲ။  ကျွန်တော့အသက် (၂၄)နှစ်၊ ကမ္ဘာကြီးရဲ့ အသက်
နှစ်သန်း(၄၅၀၀) ဆိုတော့ ရယ်စရာ။ မရယ်နိုင်ပါ။ တငွေ့ ငွေ့ ပဲ။ ပင်လယ်ထဲမှာ လူသတ်သမား
တွေ ရှိတယ်။ ပင်လယ်ထဲမှာ  သစ်ပင်သတ်သမားတွေ ရှိတယ်။  နာဂစ်ဟာ  ကျွန်တော်ချစ်တဲ့
ဆွေမျိုးတွေကို  စားသွားတယ်။ ကျွန်တော်ချစ်တဲ့ သစ်ပင်တွေကို  စားသွားတယ်။  တကယ့်ကို
တငွေ့ ငွေ့ ပါပဲ။  မြေပြိုလိုက်၊  ငလျှင်လှုပ်လိုက်၊   မီးတောင်ပေါက်လိုက်၊  မုန်တိုင်းထန်လိုက်၊
ဆူနာမီ မွှေလိုက်။ တကယ့်ကို တငွေ့ ငွေ့ ပါပဲ။ ဥတုရာသီ တောကို မှီသေးရဲ့လား။ သစ်တစ်ပင်
ကောင်း ငှက်တစ်သောင်း နားနိုင်သေးရဲ့လား။ တစ်နေ့ ထက်တစ်နေ့ မီးသွေးတွေပဲ များများလာ။
အိုဇုန်းပုဆိုးစုတ်ကြီးပဲ ပြဲပြဲလာ။ တကယ့်ကိုတငွေ့ ငွေ့ ပါပဲ။ နေ့ တွေဟာ ပိုပူလာပြီး ညတွေဟာ
မအေးတော့ပါ။ ပေါ့ဆမီးဟာ ကမ္ဘာကြီးကို တငွေ့ ငွေ့ ဆွဲလောင်နေပါပြီ။   အရပ်ကတို့ ရေ.......၊
"သင့်ကြောင့် မီးမလောင်ပါစေနှင့်" ကို ပါမစ်ထပ်တိုးပေးကြပါဦး။ နည်းပညာနောက် ကောက်
ကောက်ပါနေတဲ့ ဥာဏ်ပညာရှိကြီးတို့ ရေ......၊ နည်းပညာအကူအညီနဲ့  လောကကြီးကို မီးငြှိမ်း
ပေးကြပါဦး။ သဘာဝပတ်ဝန်းကျင်ပျက်ရင် သက်ရှိအဖွဲ့ အစည်းပါပျက်မယ်ဆိုတဲ့ ဒိုမီနို။ ညှော်နံ့ 
တွေ တငွေ့ ငွေ့ အူနေတဲ့ဒီကဗျာကို အဆုံးသတ်ဖို့  ညှိခဲ့မိတဲ့ဆေးလိပ်ကို ထိုးချေပစ်လိုက်တယ်။

                                                                           လင်းလက်တာရာ
                                                                              ၂၁၊၉၊၂၀၁၂

Thursday 13 September 2012

ရန်ကုန်


အချိန်က Tag ပေးထားတဲ့ Post

နောက်ကျခြင်းကို  တရားစွဲဆိုလိုက်တယ် ။ တံခါးကို  ဘယ်လောက်ပဲ  ပိတ်ပိတ်
သန်းခေါင်ဟာ နေရောင်လို ထိုးခွဲ ဝင်ရောက်လာပါလိမ့်မယ် ။ သေခြင်းတရားဟာ
ဘယ်တော့မှ လာဘ်မစားဘူး မယုံရင် ရေဝေးသွားကြည့် ။  ရယ်မနေနဲ့ တစ်စက္ကန့် 
ဟာ ခင်ဗျား ဖအေ အရင်း မဟုတ်ဘူး ။ ဟေ့လူကြီး! အချိန်ကို ဘာလို့ ဖင်ခုထိုင်နေ
ရတာလဲ နှမျောစရာကြီး ။ အောင်းမလေးဗျာ! အမှိုက်ပုံ/ပုံးထဲ အချိန်တွေ သွန်ထည့်
ရသလား ။ ကားမောင်းသွားတဲ့ နောင်ကြီး  အချိန်ကို  ကွမ်းတံတွေးလို လက်လွတ်စ
ပယ် မထွေးရဘူးလေ။ သေတော့မှာပဲ အချိန်ကို မကြည့်ဘဲ လမ်းဖြတ်ကူးတယ် ဟူး!
ဒီမှာညီလေး အချိန်ရဲ့တန်ဖိုး Block လုပ်ထားမှတော့မင်းလက်ပေါ်က နာရီကြီး ဝဲပစ်
လိုက်ပါကွာ။ ရော...မိတ်ဆွေကြီးနဲ့ တော့ခက်ပြီ အချိန်ဝယ်ချင်ရင်အိပ်မက်ထဲမှာဝယ်။
လျှော့မတွက်နဲ့ အချိန်ပို(၃)မိနစ်ဟာ နိုင်ငံတစ်နိုင်ငံကို လက်ခုပ်သံတွေ ရွှဲရွှဲစိုအောင်
ရွာပြနိုင်တယ်။ ခင်ဗျားရဲ့  အလေနတော ၁၀၉/၁၁၀တွေ၊ ပျော်ပျော်ပါးပါး ငရဲသွား
တောလားတွေ အချိန်ထဲမှာ အချိန်ဘယ်လောက်များများ။  ကမ္ဘာကြီးဟာ  အချိန်နဲ့ 
အမျှ ပြောင်းလဲ အချိန်နဲ့ အမျှ တိုးတက်၊ အချိန်နဲ့ အမျှ ဆိုးယုတ် အချိန်နဲ့ အမျှ ပုပ်သိုး။
ခုချိန်ထားတဲ့ ပစ်ကွင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်းကြီးဟာ ငြိမ်နေပြီလား။ စကား
မစပ် ဒါလီရဲ့  နာရီကိုရော မိတ်ဆွေ ဘယ်လိုမြင်ပါသလဲ။ အချိန်ထဲမှာ အနုပညာဟာ
ညည်းငွေ့ စရာ၊ နည်းပညာဟာ ညစ်နွမ်းစရာ၊ လိင်မှုပညာဟာ ညစ်ညူးစရာ။ အချိန်
ထဲမှာ နေ့ စဉ်ပေါက်ကွဲနေတဲ့ ဗုံး၊ နေ့ စဉ် ကူးစက်နေတဲ့ရောဂါ၊ နေ့ စဉ် သေကြေပျက်စီးနေတဲ့
ခန္စာ။ အချိန်ထဲမှာ ခေတ်စမ်း၊ အချိန်ထဲမှာ ခေတ်ပေါ်၊ အချိန်ထဲမှာ ခေတ်ပြိုင်။
အချိန်ထဲမှာ ကိုလိုနီ အချိန်ထဲမှာ ဒီမိုကရေစီ၊ အချိန်ထဲမှာ စစ်ပွဲ အချိန်ထဲမှာ ငြိမ်းချမ်းရေး။
အချိန်နဲ့ ဒီရေဟာ လူကိုဘယ်တုန်းကစောင့်ခဲ့လို့ လဲ၊ ချက်လက်မှတ်ကြီးနဲ့ လာပြီးမ
ခြောက်ပါနဲ့ ။ နေ့ စားအလုပ်သမလေးက အချိန်ကို ရီမုနဲ့ ကျော်ပစ်ချင်တာ  သဘာဝ
ကျကျလှပါတယ်။ ဘီလ်ဂိတ်က အစ၊ အိုဘားမားအဆုံး အချိန်ကို  ရပ်တန့်  ဆွဲဆန့် 
ကြိုးကိုင်ထားချင်တာ သဘာဝကျကျလှပါတယ်။ ကျေးဇူးပြုပြီး ငြိမ်းချမ်းရေးကို ချိန်း
ဆိုကြပါ၊ အဓမ္မတွေကို အချိန်းအချက်မလုပ်ကြပါနဲ့ ။ ကြားလား! အချိန်ကစကားပြော
ပါလိမ့်မယ်ဆိုတဲ့ ကြိုးဝိုင်းထဲမှာ(၁)ကနေ(၁၀)ထိ ရေနေပြီ ။ တစ်ချိန်တည်းမှာပဲ လူမုန်း
များများနေတဲ့ ဗီလိန်ကြီးဟာ ကျုပ်ဆိုတဲ့ အချိန်ကြီးဖြစ်နေပါလားကွယ်ရို့ ။ တစ်ချက်
လောက် ကလစ်နှိပ်ကြည့်စမ်းပါ၊ ကျုပ်ရဲ့ ပြတ်သား တိကျ မျှတတဲ့ အမှန်တရားတွေကို သောက်
မြင်ကပ်လို့ တဲ့ ကျုပ်ရဲ့ ချိန်သားကိုက်မှုတည့်တည့်မှာ ချိန်ကိုက်ဗုံးထောင်နေကြတဲ့ အသိဥာဏ်
ရှိတဲ့ သတ္တဝါတွေ၊ ဟားဟားးးးးးးးးးခင်ဗျား မေ့နေပြီလား၊ ဘုရားသခင်တောင်  ကျုပ်ရဲ့  အချိန်
အကန့် အသတ်ထဲမှာ သေပွဲဝင်ရတယ်၊ ကျုပ်လား...ကျုပ်က ဘယ်တော့မှ မသေတဲ့ ငပေငတေ
ကလေကချေလေးပါဗျာ ဟဲဟဲ။( Like,Comment,Share တစ်ခုခုလောက်)။


                                                                 လင်းလက်တာရာ